သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊​ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲ ကျင်းပ


ကန်၊​ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲတက်လာတဲ့ သမ္မတ Joe Biden
ကန်၊​ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲတက်လာတဲ့ သမ္မတ Joe Biden

မြောက်ကိုရီးယားနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားဖို့ နိုင်ငံတကာ သံတမန်ရေး ကြိုးပမ်းမှု သမိုင်းဝင် ထိပ်သီးညီလာခံအဖြစ် ဒီနေ့ အမေရိကန်ပြည်‌ထောင်စု၊ တောင်ကိုရီးယားနဲ့ ဂျပန် သုံးနိုင်ငံ ထိပ်သီးညီလာခံ အမေရိကန်မှာ ကျင်းပပါတယ်။ မေရီလန်းပြည်နယ်က သမ္မတတွေ အနားယူ အပန်းဖြေလေ့ရှိတဲ့ Camp David မှာ သမ္မတ Joe Biden နဲ့အတူ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ တွေ့ဆုံကြတာပါ။

အင်ဒိုပစိဖိတ်ဒေသကာကွယ်ရေး ခိုင်မာအောင် ပိုမိုအားကောင်းတဲ့ လုံခြုံရေး ကွန်ယက်တခု တည်ဆောက်ဖို့ ဒီ ထိပ်သီးအစည်းအဝေးကို ကျင်းပတာဖြစ်ပါတယ်။ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေ အပါအဝင် သုံးနိုင်ငံအကြား မပျက်မကွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အရေးပေါ် ဆက်သွယ်ရေးလိုင်း ထားရှိဖို့နဲ့ ဒေသတွင်း အကျပ်အတည်းတွေအပေါ် အပြန်အလှန် ညှိ့နိုင်းဖို့ ဖြစ်တဲ့အကြောင်း အမေရိကန် ထိပ်တန်း အရာရှိတဦးက ပြောပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ တရားဝင် စစ်ရေးမဟာမိတ်ဖွဲ့တာမျိုး တော့ မဟုတ်တဲ့အကြောင်း နောက်ထပ် အရာရှိတဦးကလည်း ပြောဆိုပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီ Camp David ထိပ်သီးအစည်းအဝေးဟာ နေတိုး မဟာမိတ်လို အသေးစား အဖွဲ့အစည်းတခု အာရှမှာ အခြေချဖို့ ကြိုးစားလာတဲ့ ခြေလှမ်းဆိုပြီး ပြောဆို ဝေဖန်နေပါတယ်။

ကန်၊​ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးစည်းဝေးပွဲ ကျင်းပ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG