သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊ ဂျပန်၊ တောင်ကိုရီးယား လုံခြုံရေးနဲ့စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်


တောင်ကိုရီးယားသမ္မတ Yoon Suk Yeol၊ အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ အမေရိကန်နိုင်ငံ Camp David သမ္မတအပမ်းဖြေစခမ်းမှာ တွေ့ဆုံဆွေးနွေးကြစဥ်။
တောင်ကိုရီးယားသမ္မတ Yoon Suk Yeol၊ အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ အမေရိကန်နိုင်ငံ Camp David သမ္မတအပမ်းဖြေစခမ်းမှာ တွေ့ဆုံဆွေးနွေးကြစဥ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တောင်ကိုရီးယား သမ္မတ Yoon Suk Yeol တို့ဟာ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်က Camp David သမ္မတအပမ်းဖြေစခန်းမှာ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးနဲ့ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီကနေ့ထူးခြားတာက ကျနော်တို့ တနိုင်ငံနဲ့တနိုင်ငံကြား တရားဝင်အပြောင်းအလဲတွေ ဖြစ်စေမယ့်လုပ်ဆောင်ချက်တွေ အများအပြားလုပ်ဆောင်နိုင်တာပါ။ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ စီးပွါးရေး၊ နည်းပညာ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မယ့်အပြင် အကြံဉာဏ်ယူလုပ်ဆောင်ဖို့ပါ ပါဝင်ပါတယ်။"

ဒီလုပ်ဆောင်မှုတွေကနေ ရှေ့မှာ ၃ နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာဖို့ရှိတဲ့ အကြောင်း ပြောသွားတာပါ။ ၃ နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေးလမ်းကြောင်းထားရှိပြီး အန္တရာယ်ခြိမ်းခြောက်မှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးတွေကို ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ခေါင်းဆောင် ၃ ဦး ရဲ့ ဆွေးနွေးပွဲကနေ ရလာတဲ့သဘောတူညီချက်ထဲမှာ သူတို့ရဲ့ Camp David အခြေခံသဘောတရားတွေပါ ပါဝင်ကြောင်းလည်း ပြောပါတယ်။

ခေါင်းဆောင် ၃ ဦးရဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်ဟာ ဒေသတလွှား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး တိုးတက်လာစေဖို့ဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပစိဖိတ်ဒေသတွင်း ခြိမ်းခြောက်မှု ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာပြဿနာတခုခု ဖြစ်လာခဲ့ရင် ၃ နိုင်ငံကြား တိုင်ပင်ဆွေးနွေးမယ့်ဝတ္တရားရှိကြောင်းလည်း သဘောတူညီချက်အသစ်ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို တိုင်ပင်ဆွေးနွေးမှုနဲ့အတူ အချက်အလက်တွေ မျှဝေမှုပါ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG