သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ဩစတြေးလျတို့ စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်မည်


ဩစတြေးလျနိုင်ငံ Queenscliff မြို့မှာပြုလုပ်တဲ့ အစည်းအဝေးအတွင်း (ဝဲမှယာ) ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara, ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong, ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles တို့ကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)
ဩစတြေးလျနိုင်ငံ Queenscliff မြို့မှာပြုလုပ်တဲ့ အစည်းအဝေးအတွင်း (ဝဲမှယာ) ဂျပန်ကာကွယ်ရေးဝန်ကြီး Minoru Kihara, ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong, ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa နဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles တို့ကိုတွေ့ရစဉ် (စက်တင်ဘာ ၅၊ ၂၀၂၄)

ဩစတြေးလျနဲ့ ဂျပန်နိုင်ငံကြား စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဖို့ သဘောတူညီလိုက်ကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ဝေဟင်နဲ့ ရေပြင်နယ်နိမိတ်တွေထဲကို တရုတ်ဝင်ရောက် လှုပ်ရှားနေတဲ့အပေါ် ၂ နိုင်ငံလုံး စိုးရိမ်နေကြတာနဲ့အတူ ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပိုလုပ်သွားဖို့ သဘောတူညီခဲ့ကြတာပါ။ဩစတြေးလျနိုင်ငံ Queenscliff မြို့မှာ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong, ကာကွယ်ရေးဝန်ကြီး Richard Marles, ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoko Kamikawa, ကာကွယ်ရေးဝန်ကြီး Minoru Kihara တို့နဲ့ ပုံမှန် ဆွေးနွေးပွဲအတွင်း အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေထဲမှာ တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

အမေရိကန်စစ်တပ်နဲ့ ဂျပန်စစ်တပ်ကြား ရှေ့နှစ် ပူးတွဲလုပ်မယ့် Orient Shield စစ်ရေးလေ့ကျင့်မှုကျရင် ဩစတြေးလျနိုင်ငံ ပထမဆုံးအကြိမ် ပါဝင်စစ်ရေးလေ့ကျင့်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်နဲ့၊ ဝေဟင်ပိုင်နက်တွေနားမှာ တရုတ်က ပိုင်စိုး ပိုင်နင်း ပိုလုပ်လာတဲ့အပေါ်မှာရော၊ တရုတ်နဲ့ ရုရှားလေတပ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်လာတဲ့ အပေါ်မှာပါ ဂျပန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။ တရုတ်ရဲ့ အဏ္ဏဝါဆိုင်ရာ ဆန်းစစ်တိုင်းတာတဲ့ သင်္ဘောတစင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်ပိုင်နက်ထဲ ဝင်ရောက်လာခဲ့တဲ့အပေါ် တိုကျိုမှာရှိတဲ့ တရုတ်သံရုံးကို ဂျပန်က တရားဝင်ကန့်ကွက်ခဲ့ပါတယ်။

ဩဂုတ်လ ၂၆ ရက်ကလည်း တရုတ်စစ်လေယာဉ်တစင်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဝေဟင်နယ်နိမိတ်ထဲကို လျှပ်တပြက် ဝင်ရောက်လာခဲ့ပါတယ်။ ဂျပန်နယ်နိမိတ်ထဲ တရုတ်စစ်လေယာဉ် ဝင်ရောက်လာခဲ့တာကို ဂျပန်ဘက်က ပထမဆုံး သိရှိခဲ့တာဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ ဘယ်နိုင်ငံဝေဟင်ပိုင်နက်ထဲကိုမှ ကျူးကျော်ဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ နိုင်ငံခြားရေးဌာနက ပြောခွင့်ရ Lin Jian ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG