သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သင်္ဘော ရေပိုင်နက်ကျူးကျော်မှု ဂျပန်တရားဝင်သတိပေး

The Japan Maritime Self-Defense Force destroyer JS Suzutsuki (DD 117)
The Japan Maritime Self-Defense Force destroyer JS Suzutsuki (DD 117)

စနေ့နေ့မနက် အစောပိုင်းက တရုတ် စူးစမ်းရှာဖွေရေး သင်္ဘောတစင်း ဂျပန်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ဂျပန်အစိုးရက ဂျပန်ဆိုင်ရာ တရုတ်သံရုံးကနေတဆင့် တရုတ်အစိုးရထံ ကန့်ကွက်ခဲ့ပါတယ်။

တရုတ်သင်္ဘောဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှိမ (Kagoshima) ကျွန်းစုအနီး ဝင်ရောက်ရပ်တန့်ခဲတဲ့အတွက် အထူးစိုးရိမ်မိကြောင်း ဖေါ်ပြခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်သင်္ဘောဟာ မနက် ၆ နာရီလောက်မှာ ဝင်ရောက် ရပ်နားခဲ့ပြီး၊ မနက် ၈ နာရီလောက်မှာ ပြန်လည်ထွက်ခွါသွားတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီကျူးကျော် ဝင်ရောက်လာတဲ့ တရုတ်သင်္ဘောကို ဂျပန် ရေတပ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေက စောင့်ကြပ် ကြည့်ရှုနေခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်ဟာ မကြာသေးမီကာလတွေအတွင်း ဂျပန် ရေနဲ့လေ ပိုင်နက်တွေမှာ ဂရုမစိုက်တဲ့ လုပ်ရပ်တွေ၊ ကျူးကျော် ဝင်ရောက်တာတွေ တိုးလုပ်လာနေသလို၊ တရုတ်နဲ့ရုရှား လေတပ် ပူးပေါင်းဆောင်ရွက်မှုတွေလည်း တိုးလာနေတာကြောင့် ဂျပန်ကာကွယ်ရေး တာဝန်ရှိသူတွေ စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း တရုတ် စစ်ဘက်လေယာဉ်တစင်း ဂျပန်နိုင်ငံအနောက်ပိုင်း လေပိုင်နက်အတွင်းကို ကျူးကျော် ဝင်ရောက်ခဲ့ပါတယ်။ ဒီလို ကျူးကျော် ဝင်ရောက်တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ဂျပန်ဘက်က ကန့်ကွက်ခဲ့ပါတယ်။

တရုတ်သင်္ဘော ရေပိုင်နက်ကျူးကျော်မှု ဂျပန်တရားဝင်သတိပေး
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG