သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်မှုကိုရင်ဆိုင်ဖို့ ဂျပန်ကာကွယ် ရေးစရိတ်အဆမတန်တိုးမြှင့်


The Japan Maritime Self-Defense Force destroyer JS Suzutsuki (DD 117) arrives at Qingdao Port
The Japan Maritime Self-Defense Force destroyer JS Suzutsuki (DD 117) arrives at Qingdao Port

တရုတ်ရဲ့ တိုးလာနေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ တားဆီးကာကွယ်ရေး တိုးမြှင့်နိုင်ဖို့ လာမယ့်နှစ်ထဲ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစားရိတ်ကို အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံချထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ်လ ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်က ကျွန်းတွေကို တရုတ်ရဲ့ တိုးလာနေတဲ့ ခြိမ်းခြောက်မှုအန္တရာယ်၊ တားဆီးကာကွယ်ရေး တိုးမြှင့်နိုင်ဖို့ လာမယ့်နှစ်ထဲ ကာကွယ်ရေးအသုံးစားရိတ်ကို အမေရိကန်ဒေါ်လာ ၅၉ ဘီလီယံနဲ့ ညီမျှတဲ့ ဂျပန်ယန်းငွေ ၈.၅ ထရီလီယံ ချထားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကသြဂုတ်လ ၃၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဂျပန်မှာ လူဦးရေတိုးပွါးမှုမရှိပဲ ဖြစ်နေတာကြောင့် လုံခြုံရေးတာဝန်ယူမယ့်သူ အရေအတွက်ကျဆင်းလာတာကို အစားထိုးနိုင်ဖို့ လူမပါပဲ သုံးနိုင်မယ့် အလိုအလျှောက်စံနစ်နဲ့ လက်နက်တွေ၊ AI ဉာဏ်ရည်တု နည်းပညာတွေကို သုံးဖို့ပါ ကာကွယ်ရေးဝန်ကြီးဌာနက ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၅ နှစ်အတွင်း ဂျပန်ရဲ့ စစ်ရေး အမြန်တိုးတက်အောင်တည်ဆောက်မယ့် စီမံကိန်းဟာ ၂၀၂၇ အထိ သတ်မှတ်ထားတာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ ၃ နှစ်ထဲ ရောက်လာမယ့် ဒီစီမံကိန်းကို အကောင်ထည်ဖေါ်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနက သောကြာနေ့မှာ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ တရုတ်ပြီးရင် စစ်ရေးအသုံးစားရိတ် တတိယ အများဆုံးသုံးမယ့်နိုင်ငံဖြစ်လာတာပါ။ ဒီ စစ်ရေး အသုံးစားရိတ် တောင်းခံမှုကို သောကြာနေ့ ကာကွယ်ရေး ဝန်ကြီးဌာန အစည်းဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပြီး ဒါကို ဒီဇင်ဘာလ မတိုင်ခင် ညှိနှိုင်းနိုင်ဖို့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို တင်သွင်းရမှာ ဖြစ်ပါတယ်။

မကြာခင် နှစ်တွေ အတွင်း တရုတ်ရဲ့ စစ်ရးခြိမ်းခြောက်မှုတွေ တိုးလာနေတဲ့ အပြင် ဒေသတွင်း ပင်လယ်ပြင်တွေမှာလည်း တင်းမာမှုတွေ တိုးလာနေချိန်မှာ ဂျပန်က သူ့ရဲ့ အနောက်တောင်ဘက် ဒေသမှာ ကာကွယ်ရေး အမြန်တိုးမြှင့်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ ရေပိုင်နက် အငြင်းပွါးနေတဲ့ ဖိလစ်ပိုင်က ကမ်းရိုးတန်းစောင့် တပ်တွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့နေတာပါ။

ဒါ့အပြင် တရုတ်က သူပိုင်တယ်လို့ ကြေညာထားတဲ့ အရှေ့ တရုတ် ပင်လယ်ပြင်ထဲက ဂျပန်ထိန်းချုပ်ထားတဲ့ အငြင်းပွါးနေတဲ့ ကျွန်းတွေတဝိုက် ရေပြင်ထဲကို သူ့ရဲ့ ကမ်းစောင့်တပ်သင်္ဘောတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG