သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အငြင်းပွါးနေတဲ့ ဖိလစ်ပိုင်-ဂျပန်လုံခြုံရေးပူးပေါင်းမည်


ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosarioနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် တွေ့ဆုံစဉ်။ ( ဇန်နဝါရီလ ၁၀၊ ၂၀၁၃။)
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosarioနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် တွေ့ဆုံစဉ်။ ( ဇန်နဝါရီလ ၁၀၊ ၂၀၁၃။)
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက တရုတ်ဟာ ရေပြင်ပိုင်နက် ပိုင်ဆိုင်မှု အငြင်းပွားမှုတွေမှာ အသာစီးရဖို့ အားထုတ်နေတာဟာ အာရှရဲ့ တည်ငြိမ်ရေးကိုလည်း ခြိမ်းခြောက် နေတယ်လို့ သတိပေးရင်း ဂျပန်နဲ့ လုံခြုံရေးတင်းတင်းကြပ်ကြပ် ပူးပေါင်း လုပ်ဆောင်ဖို့ ကတိပေးလိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ မနီလာမှာ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို မှတ်ချက်ချ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ဟာ တရုတ်နဲ့ ရေပြင်ပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံ တခုလည်း ဖြစ်ပါတယ်။ တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင် အတွင်းက အငြင်းပွားနေတဲ့ ပိုင်နက်အတွင်း အုပ်ချုပ်ဖို့ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲတဖွဲ့ ဖွဲ့စည်းပေးခဲ့ပြီး ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်လာတဲ့ နိုင်ငံခြား သဘောၤတွေကို တက်ရောက် ရှာဖွေခွင့်နဲ့ ဖမ်းဆီးခွင့်ပြုထားတာ အပါအဝင် အပါအဝင် ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ အပေါ်မှာ သူက စိုးရိမ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

ရေကြောင်းဆိုင်ရာ ကင်းလှည့် စွမ်းဆောင်ရည် ပိုမြင့်လာစေရေး အတွက် ဆက်သွယ်ရေး စနစ်နဲ့ အတူ ကင်းလှည့်သဘောၤ အသစ် ၁၀ စင်းကိုလည်း ဂျပန်ကနေ မကြာခင်မှာ ရရှိဖို့ ခန့်မှန်းထားတယ် ဆိုပြီးလည်း သူက ပြောပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးကတော့ ဖိလစ်ပိုင် နဲ့ ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ အာရှ ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုပြီး ပြောပါတယ်။ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနဲ့ တိုင်ဝမ်တို့ဟာ တရုတ်နဲ့ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG