သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နျူကလီးယားစက်ရုံ လုံခြုံရေးတင်းကျပ်


ဂျပန် နျူကလီးယားစက်ရုံ လုံခြုံရေးတင်းကျပ်
ဂျပန် နျူကလီးယားစက်ရုံ လုံခြုံရေးတင်းကျပ်

ဂျပန်နိုင်ငံတဝန်းမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေမှာ ဘေးကင်းလုံခြုံမှု ရှိစေရေး အစီအမံတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားဖို့ အစိုးရက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား (Fukishima) နျူကလီးယား စက်ရုံဟာလည်း ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိသေးကြောင်း တာဝန်ရှိသူတွေက ဝန်ခံ ပြောဆိုလိုက်တာပါ။

စက်ရုံနဲ့ ပေ ၁,၀၀၀ လောက်အကွာ သမုဒ္ဒရာထဲမှာ ရှိသင့်တဲ့ ပမာဏထက် အဆပေါင်း ၃,၀၀၀ ကျော်လောက်ရှိတဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းဓာတ်တွေ တွေ့ရှိခဲ့ကြောင်း ဂျပန် နျူကလီးယား လုံခြုံရေး အေဂျင်စီက အခုနောက်ဆုံး အစီရင်ခံခဲ့ပါတယ်။

ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် စက်ရုံရဲ့ အအေးခံစနစ် ပျက်စီးသွားခဲ့ချိန်ကစလို့ ဒါဟာ အမြင့်ဆုံးအဆင့်အဖြစ် တွေ့ရှိခဲ့တာပါ။

ဂျပန်ဧကရာဇ် အကီဟီတို (Akihito) နဲ့ မိဖုရား မိချီကို (Michiko) တု့ိဟာလည်း ဒီကနေ့ပဲ တိုကျိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေး စခန်းကို သွားရောက်ခဲ့ပြီး နိုင်ငံ အနောက်မြောက်ဘက်က မြို့တွေ ပျက်စီးကုန်တဲ့အထိ ကြုံခဲ့ရတဲ့ မတ်လ ၁၁ ရက်နေ့က ပြင်းအား ၉ အထိရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ် သင့်သူတွေကို အားပေးစကား ပြောဆိုခဲ့ကြတာပါ။

ဂျပန် ရုပ်မြင်သံကြားမှာတော့ ကပ်ဘေးဒဏ်သင့် ဒေသမှာ ရေတွေ လွှမ်းမိုးနေဆဲ ဖြစ်တာကိုလည်း ပြသခဲ့ပါတယ်။ တရားဝင်ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ သေဆုံးသူ အရေအတွက်ဟာ ၁၁,၀၀၀ ကျော် ရှိနေပြီး နောက်ဆုံးစာရင်းမှာတော့ ၁၈,၀၀၀ အထိ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG