သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်မှာ ၁၈ ယောက်ထက်မနည်း သေဆုံး


တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်မှာ ၁၈ ယောက်ထက်မနည်း သေဆုံး
တိုင်ဖုန်းမုန်တိုင်းကြောင့် ဂျပန်မှာ ၁၈ ယောက်ထက်မနည်း သေဆုံး

ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်နေတဲ့ တာလပ်စ် (Talas) တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူ ဦးရေဟာ ၁၈ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

တာလပ်စ် မုန်တိုင်းဟာ စနေနေ့က ဂျပန်နိုင်ငံ ရှီကိုကု (Shikoku) ကျွန်းကို စတင် ဝင်ရောက်တိုက်ခဲ့တာပါ။ မုန်တိုင်းဟာ အခု မြောက်ပိုင်းကို ဦးတည်သွားနေပြီး ဟွန်ရှူး (Honshu) ကျွန်းဘက်ကို တဖြည်းဖြည်းချင်း ဦးတည် တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။

တာလပ်စ် မုန်တိုင်းဟာ ဂျပန်ပင်လယ်ဘက်ကို ဦးတည်နေတယ်လို့လည်း ဂျပန် မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ပြောပါတယ်။

တာလပ်စ် တိုင်ဖုန်းမုန်တိုင်းက တဖြည်းဖြည်းချင်း ရွေ့လျားနေတာကြောင့် ဂျပန်ကျွန်းတွေမှာ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်း ရေကြီးမှုတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

XS
SM
MD
LG