သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နဲ့ ကုန်သွယ်မှု အခြေအနေ သမ္မတ Trump မကျေနပ်


အမေရိကန် သမ္မတ Donald Trump (မေ၊ ၂၅၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (မေ၊ ၂၅၊ ၂၀၁၉)

ဂျပန်နိုင်ငံကို စနေနေ့က ဆိုက်ရောက်သွားတဲ့ အမေရိကန် သမ္မတ Donald Trump က ခရီးစဉ် ပထမဆုံးနေ့မှာပဲ အမေရိကန်နဲ့ ဂျပန်ကြား ကုန်သွယ်ရေး မညီမျှမှုကို ပြောဆိုခဲ့ပါတယ်။

၂ နိုင်ငံ ဆက်ဆံရေးမှာ အပေးအယူမျှစေဖို့ အမေရိကန် ပို့ကုန်တွေ အပေါ် အတားအဆီးတွေကို ဖယ်ရှားရေးနဲ့ ကုန်သွယ်ရေး မညီမျှမှုကို ဒီသဘောတူညီချက်နဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ သဘောတူညီချက်ရဖို့ နီးစပ်လာပြီ ဖြစ်ကြောင်း သမ္မတ Trump က ပြောဆိုခဲ့တာပါ။

အမေရိကန်ကို တင်သွင်းတဲ့ ကားနဲ့ ကားအပိုပစ္စည်းတွေ အပေါ်မှာ အခွန်တိုး ကောက်ခံမှုကြောင့် ဂျပန် အထိနာနိုင်တယ်ဆိုပြီးလည်း အမေရိကန် သမ္မတက ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ဥရောပ သမဂ္ဂနဲ့ ဂျပန်တို့ဘက်က ကုန်သွယ်ရေး ဖြေလျှော့မှုရဖို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer အနေနဲ့ မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ သူ့အနေနဲ့ သွင်းကုန်ခွန် ကောက်ယူမှုကို ရှေ့ဆက်လုပ်သွားမယ်ဆိုတဲ့ သဘောမျိုးလည်း သမ္မတ Trump က ပြောဆိုပါတယ်။

အခု ဂျပန် ခရီးစဉ် အတွင်းမှာတော့ အမေရိကန် - ဂျပန် ကုန်သွယ်ရေး သဘောတူညီချက် အပြီးသတ်နိုင်လောက်တယ်လို့လည်း သမ္မတ Trump က ခန့်မှန်းထားပါတယ်။

ဂျပန်နဲ့ ကုန်သွယ်မှု အခြေအနေ သမ္မတ Trump မကျေနပ်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG