သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ ဂျပန်ခရီးပထမနေ့ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံ


သမ္မတ Trump နဲ့ သမ္မတကတော် Melania (မေ၊ ၂၅၊ ၂၀၁၉)
သမ္မတ Trump နဲ့ သမ္မတကတော် Melania (မေ၊ ၂၅၊ ၂၀၁၉)

အမေရိကန်သမ္မတ Donald Trump ဟာ ဂျပန်နိုင်ငံကို ၄ ရက်တာ နိုင်ငံတော် ခရီးစဉ်နဲ့ ဒီကနေ့ အစောပိုင်းမှာ ရောက်ရှိပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Taro Kono က သမ္မတ Trump နဲ့ သမ္မတကတော် Melania တို့ကို ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့တာပါ။

ခရီးရောက်မဆိုက်မှာပဲ ဂျပန်ဆိုင်ရာ အမေရိကန်သံအမတ် နေအိမ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲကို သမ္မတ Trump တက်ရောက်ပြီး အမေရိကန်နဲ့ ဂျပန်စီးပါွးရေးခေါင်းဆောင်တွေကို မိန့်ခွန်းပြောခဲ့ပါတယ်။

အမေရိကန်- ဂျပန် ကုန်သွယ်ရေး ၂ နိုင်ငံသဘောတူညီမှုရဖို့ ၂ ဦး ၂ ဘက် ကြိုးပမ်းဆောင်ရွက်နေသလို ပျော့ကွက်ဟာကွက်တွေ ရှိနေတာကိုလည်း သမ္မတ Trump ကထောက်ပြခဲ့ပါတယ်။

လက်ရှိညှိနှိုင်းနေကြတဲ့ ၂ နိုင်ငံကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးရင်တော့ ပိုပြီးမျှတတဲ့ ကုန်သွယ်ရေး ဖြစ်လာမယ်လို့လည်း ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ပိုပြီး ရင်းနှီးမြှုပ်နှံကြဖို့လည်း သမ္မတ Trump က ဂျပန်စီးပါွးရေးလုပ်ငန်းရှင်တွေကို တိုက်တွန်းသွားပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဂျပန် ဆူမို နပန်းပွဲ နောက်ဆုံးနေ့ ကို သမ္မတ Trump တက်ရောက်ဖို့ စီစဉ်ထားတာပါ။ တနင်္ဂနွေနေ့မှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သမ္မတ Trump တို့ဂေါက်သီး အတူ ရိုက်ဖို့လည်းရှိပါတယ်။

လာမယ့်တနင်္လာနေ့မှာတော့ ဂျပန်ဧကရာဇ် ဘုရင်သစ်နဲ့ သမ္မတ Trump တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ Trump ရဲ့ ခရီးစဉ်ကနေ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ခြေနဲ့ ပတ်သက်ပြီး အမေရိကန် အဆင့်မြင့် အရာရှိကို VOA က မေးမြန်းရာမှာတော့ Trump နဲ့ Abe တို့ တနင်္လာနေ့မှာ ပူးတွဲကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ ၂နိုင်ငံဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ကြေငြာချက်တွေ ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ကန်သမ္မတ ဂျပန်ခရီးပထမနေ့ စီးပွားရေးသမားတွေနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG