သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Donald Trump ဟာဝိုင်ယီမှတဆင့် ဂျပန်ကို ခရီးဆက်


ဂျပန်နိုင်ငံကို ခရီးထွက်ခါနီး နှုတ်ဆက်နေသည့် သမ္မတဒေါ်နယ်ထရမ့်

အာရှဒေသခရီး သွားရောက်နေတဲ့ အမေရိကန် သမ္မတ Donald Trump ဟာ ဟာဝိုင်ယီ ကနေ အခု ဂျပန်နိုင်ငံကို ဆက်လက် သွားရောက်နေပြီ ဖြစ်ပါတယ်။ ဟာဝိုင်ယီမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်က အမေရိကန်တပ်တွေ ဂျပန်ရေတပ်ရဲ့ အလစ်အငိုက် တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ Pearl Harbor မှာ USS Arizona အောက်မေ့ဘွယ်အထိမ်းအမှတ် နေရာကို သွားရောက်ပြီး ဂါရဝပြုခဲ့ပါတယ်။

ဟာဝိုင်ယီမှာ ရှိတဲ့ Trump International Hotel ကိုဝင်ပြီး ဝန်ထမ်းတွေကိုလည်း သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ အရင်က ဒီဟော်တယ်မှာ တရက်နေဖို့ စီစဉ်ထားပေမယ့် ဖိလစ်ပိုင်မှာ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး နောက်ရက်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီး အစည်းဝေးကို တက်ရောက်ဖို့ အတွက် ဖိလစ်ပိုင်မှာပဲ တရက်တိုးနေဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခု သမ္မတ Trump ရဲ့ ၁၃ ရက်ကြာ အာရှခရီးစဉ်မှာ ဖိလစ်ပိုင်ကို မသွားခင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် နိုင်ငံတွေ ကိုပါ သွားရောက်ဖို့ ရှိပြီး ဒီခရီးစဉ်ဟာ အမေရိကန်သမ္မတ အနေနဲ့ ရက်အကြာဆုံး ခရီးစဉ် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက Yakota လေတပ်အခြေစိုက် စခန်းကို ရောက်ရင် သမ္မတ Trump ဟာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆံပြီး ဂေါက်သီးရိုက်ဖို့ စီစဉ်ထား ပါတယ်။ခေါင်းဆောင် ၂ ဦးဟာ ဖေဖေါ်ဝါရီလတုန်းက ဖလော်ရီဒါ ပြည်နယ် Palm Beach က သမ္မတ Trump ရဲ့ အပမ်းဖြေစံအိမ်မှာ တွေ့ဆုံပြီး ဂေါက်သီး အတူတူရိုက်ခဲ့ကြတာ ဖြစ်ပြီး ဒါဟာ အမေရိကန် - ဂျပန် မဟာမိတ် အဖြစ် ပိုမို ခိုင်မာစေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတရဲ့ အာရှခရီးစဉ်အတွင်း အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲတွေမှာ သမ္မတက မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ ဒုံးကျည်လက်နက် ထုတ်လုပ်ဖို့ လုပ်ဆောင်နေမှုတွေ ရပ်ဆိုင်းအောင်လုပ်ဖို့ အချိန်သိပ်မကျန် တော့ဘူး ဆိုတာကို ပြောကြား နိုင်ဖို့ မျှော်လင့်ထားတာပါ။

သမ္မတ Donald Trump ဟာဝိုင်ယီမှတဆင့် ဂျပန်ကို ခရီးဆက်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG