သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အတွင်းလုပ်ရပ် ဂျပန်ဝန်ကြီးချုပ် ဝမ်းနည်းစကားဆို


ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး အမေရိကန်လွှတ်တော်၌ စကားပြောနေစဉ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး အမေရိကန်လွှတ်တော်၌ စကားပြောနေစဉ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံက လုပ်ဆောင်ခဲ့တာတွေအပေါ် အထူး နောင်တရမိကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို ဘာအေးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အာရှတိုက်အတွင်း တရုတ်နိုင်ငံက အင်အား ကြီးထွားလာနေတဲ့အချိန်မှာ ဂျပန်နိုင်ငံကလည်း ကမ္ဘာ့လုံခြုံရေးမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်မယ့် အစီအစဉ်ကို ကြေငြာတဲ့အချိန်မှာပဲ ဝန်ကြီးချုပ် အာဘေးက အဲဒီလို ပြောကြားလိုက်တာပါ။

အမေရိကန် လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှာ ဂျပန်ခေါင်းဆောင်တဦးအနေနဲ့ ရှားရှားပါးပါး မိန့်ခွန်း ပြောခွင့်ရတဲ့အချိန် ဝန်ကြီးချုပ် အာဘေးက အဲဒီ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ စစ်အတွင်း အာရှတိုက်သားတွေအပေါ် ဂျပန်နိုင်ငံ ပြုမှု ဆက်ဆံခဲ့တာတွေကို မေ့ပစ်လို့ မရနိုင်ကြောင်း သူက ပြောကြားလိုက်ပေမယ့် သူ့အရင် ဂျပန် ခေါင်းဆောင်တွေ ပြောကြားခဲ့တာတွေထက် ထူးပြီး သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တောင်းပန် ပြောဆိုတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

သမိုင်းဝင် အမေရိကန် လွှတ်တော်အတွင်း ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ဂျပန် - အမေရိကန် ဆက်ဆံရေး အားကောင်းမှုကို မီးမောင်းထိုး ပြောကြားသွားပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားကြတဲ့ အမေရိကန် စစ်သားတွေအတွက်လည်း ဝမ်းနည်းကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဖြစ်ပြီးသွားတာတွေကို ပြန်ပြင်လို့ မရနိုင်တော့ပေမယ့် သေဆုံးသွားကြသူတွေအတွက် အထူး ဝမ်းနည်း ကြေကွဲရပါကြောင်း ဂျပန်နိုင်ငံကိုယ်စား သူ့အနေနဲ့ ပြောကြားလိုပါတယ်လို့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။

နှစ်နိုင်ငံအကြား ဒုတိယကမ္ဘာစစ် ပြီးဆုံးတဲ့ နှစ် ၇၀ မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျင်းပနေတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ဝန်ကြီးချုပ် အာဘေးက အခုလို မိန့်ခွန်း ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ မိန့်ခွန်း မပြောခင် အစောပိုင်းတုန်းကတော့ ဒုတိယကမ္ဘာစစ် အမှတ်ရ အောက်မေ့ဘွယ်နေရာကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

XS
SM
MD
LG