သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ေျမာက္ပိုင္းမွာ ျပင္းအား ၇.၄ ငလ်င္ ဗုဒၶဟူးေန႔ကလႈပ္ခတ္


ဂ်ပန္ႏုိင္ငံအေရွ႕ေျမာက္ပိုင္းမွာ မေန႔က ျပင္းအား ၇.၄ ရွိတဲ့ အင္အားျပင္း ငလ်င္ေၾကာင့္ အက္ကြဲသြားတဲ့ ကားလမ္းတခု။ (မတ္လ ၁၇၊ ၂၀၂၂)


[[Zawgyi/Unicode]]

ဂ်ပန္ႏုိင္ငံအေရွ႕ေျမာက္ပိုင္းမွာ မေန႔က ျပင္းအား ၇.၄ ရွိတဲ့ အင္အားျပင္း ငလ်င္တခု လႈပ္ခတ္ခဲ့ၿပီးတဲ့ေနာက္ ေဒသခံေတြက ငလ်င္ေၾကာင့္ ထိခုိက္ပ်က္စီးမႈေတြကို မွတ္တမ္းေကာက္ယူတာေတြနဲ႔ ရွင္းလင္းဖယ္ရွားတာေတြ လုပ္ေဆာင္ေနပါတယ္။ အဲဒီငလ်င္ေၾကာင့္ အေစာပိုင္းမွာ အိမ္ေျခ ၂ သန္းေလာက္ လွ်ပ္စစ္မီး ျပတ္ေတာက္သြားခဲ့ၿပီးေတာ့ က်ည္ဆန္ရထားတစင္း လမ္းေခ်ာ္တာနဲ႔ အေဝးေျပးလမ္းေတြ အက္ကဲြတာမ်ဳိး ျဖစ္ခဲ့ပါတယ္။

မေန႔ညကလႈပ္ခဲ့တဲ့ ဒီငလ်င္ေၾကာင့္ အနည္းဆုံး လူ ၁ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူစာရင္းကိုေတာ့ ဆက္လက္ စုံစမ္းေနဆဲပဲလို႔ ဂ်ပန္အစိုးရေျပာခြင့္ရ Hirokazu Matsuno က ေျပာပါတယ္။ ေနာက္ထပ္ ေသဆုံးသူ ၃ ဦးရွိခဲ့ၿပီး အဲဒီထဲက ၂ ဦးကေတာ့ ငလ်င္ ေၾကာင့္ ေသဆုံးတာ မဟုတ္ဘူးလို႔ ေတြ႔ရွိခဲ့ၿပီး ေနာက္တဦးကိုေတာ့ စုံစမ္းစစ္ေဆးေနဆဲျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဒီငလ်င္ဟာ ဖူကူရွီးမားေဒသ ကမ္းလြန္ပင္လယ္ျပင္ေအာက္မွာ လႈပ္ခဲ့တာျဖစ္ၿပီး ငလ်င္ေၾကာင့္ လူ ၁၆၁ ေယာက္ ဒဏ္ရာရရခဲ့ပါ တယ္။ လြန္ခဲ့တဲ့ ၁၁ ႏွစ္တုန္းကလည္း အဲဒီေဒသမွာပဲ ျပင္းထန္တဲ့ငလ်င္ေၾကာင့္ ဆူနာမီေရလႈိင္းေတြျဖစ္ၿပီး ႏ်ဴကလီယား ဓာတ္အားေပးစက္႐ုံလည္း ထိခုိက္ခဲ့တာျဖစ္ပါတယ္။

ငလ်င္ေၾကာင့္ ဂ်ပန္ႏုိင္ငံ အေရွ႕ေျမာက္ပိုင္းမွာ ၃ မီတာေက်ာ္ေလာက္ရွိတဲ့ ဆူနာမီေရလႈိင္းေတြျဖစ္ႏုိင္တယ္လို႔ အေစာပိုင္းက သတိေပးခဲ့ေပမယ့္ ေရအျမင့္က ပုံမွန္ထက္ ၃၀ စင္တီမီတာေလာက္ပဲ ျမင့္တက္ခဲ့ၿပီးတဲ့ေနာက္ ဆူနာမီသတိေပးခ်က္ကို ဒီကေန႔မနက္အေစာပိုင္းမွာ ျပန္႐ုပ္သိမ္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဂျပန်မြောက်ပိုင်းမှာ ပြင်းအား ၇.၄ ငလျင် ဗုဒ္ဓဟူးနေ့ကလှုပ်ခတ်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မနေ့က ပြင်းအား ၇.၄ ရှိတဲ့ အင်အားပြင်း ငလျင်တခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် ဒေသခံတွေက ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေကို မှတ်တမ်းကောက်ယူတာတွေနဲ့ ရှင်းလင်းဖယ်ရှားတာတွေ လုပ်ဆောင်နေပါတယ်။ အဲဒီငလျင်ကြောင့် အစောပိုင်းမှာ အိမ်ခြေ ၂ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြီးတော့ ကျည်ဆန်ရထားတစင်း လမ်းချော်တာနဲ့ အဝေးပြေးလမ်းတွေ အက်ကွဲတာမျိုး ဖြစ်ခဲ့ပါတယ်။

မနေ့ညကလှုပ်ခဲ့တဲ့ ဒီငလျင်ကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစာရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပဲလို့ ဂျပန်အစိုးရပြောခွင့်ရ Hirokazu Matsuno က ပြောပါတယ်။ နောက်ထပ် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး အဲဒီထဲက ၂ ဦးကတော့ ငလျင် ကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ တွေ့ရှိခဲ့ပြီး နောက်တဦးကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီငလျင်ဟာ ဖူကူရှီးမားဒေသ ကမ်းလွန်ပင်လယ်ပြင်အောက်မှာ လှုပ်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့် လူ ၁၆၁ ယောက် ဒဏ်ရာရရခဲ့ပါ တယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းကလည်း အဲဒီဒေသမှာပဲ ပြင်းထန်တဲ့ငလျင်ကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ပြီး နျူကလီယား ဓာတ်အားပေးစက်ရုံလည်း ထိခိုက်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ၃ မီတာကျော်လောက်ရှိတဲ့ ဆူနာမီရေလှိုင်းတွေဖြစ်နိုင်တယ်လို့ အစောပိုင်းက သတိပေးခဲ့ပေမယ့် ရေအမြင့်က ပုံမှန်ထက် ၃၀ စင်တီမီတာလောက်ပဲ မြင့်တက်ခဲ့ပြီးတဲ့နောက် ဆူနာမီသတိပေးချက်ကို ဒီကနေ့မနက်အစောပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
=================

XS
SM
MD
LG