သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်သတင်းထောက် တဦး ရန်ကုန်မှာ ထပ်မံအဖမ်းခံရ


ဂျပန်သတင်းထောက် Kitazumi Yuki
ဂျပန်သတင်းထောက် Kitazumi Yuki

[ Zawgyi / unicode ]

ရန်ကုန်က ဂျပန် အလွတ်သတင်းထောက် Kitazumi Yuki ကို အာဏာပိုင်တွေက ဧပြီလ ၁၈ ရက် တနင်္ဂနွေ ညပိုင်းမှာ ဖမ်းသွားတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဂျပန် NHK သတင်းက ကြေညာပါတယ်။

ဂျပန်သတင်းထောက် Kitazumi Yuki ကို ရန်ကုန် သူ့နေအိမ်ကနေ တနင်္ဂနွေနေ့ညပိုင်းမှာ လုံခြုံရေးတပ်တွေ ဖမ်းဆီးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောကြောင်း NHK နိုင်ငံတကာအစီအစဉ်ကနေ ကြေညာ သွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက သူနဲ့ အဆက်အသွယ်မရပဲ ဖြစ်နေပြီး အခုသူ ဘယ်မှာ ရောက်နေတယ် ဆိုတာကို သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲသတင်းတွေ ယူနေတုန်း ဖေဖေါ်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တကြိမ် အဖမ်းခံခဲ့ရတာ ဖြစ်ပြီး နေ့တွင်းချင်းပဲ ပြန်လွတ်လာသူ ဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် မီဒီယာ ထုတ်လုပ်ရေး ကုမ္ပဏီလုပ်ငန်းလုပ်ကိုင်တဲ့ Yuki Kitazumi ဟာ အရင်က Nikkei business daily သတင်းစာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူက ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အဖမ်းခံလိုက်ရတဲ့ နိုင်ငံခြား သတင်းထောက် တယောက်ဖြစ်လာပါတယ်။

Kitazumi ရဲ့ မီဒီယာကုမ္ပဏီက သတင်းနဲ့ ရုပ်ရှင် နမူနာ ဗွီဒီယိုတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သတင်းထောက်တွေကို လွတ်လပ်စွာပြောဆိုခွင့်အတွက် လေ့ကျင့်သင်ကြားပေးတဲ့ ကုမ္ပဏီဖြစ်တယ်လို့လည်း ကုမ္ပဏီ website မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အဖမ်းခံရတဲ့ သတင်းထောက် ၇၁ ယောက် ရှိပြီဖြစ်ပြီး ဒီအထဲက ထက်ဝက်ကျော်ဟာ ခုထိ အဖမ်းခံနေရဆဲပဲလို့ ကုလသမဂ္ဂက ဧပြီလ ၁၅ ရက် ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဂျပန်သတင်းထောက်တဦး ထပ်မံအဖမ်းခံရ
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]









XS
SM
MD
LG