သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္အရာရွိေတြကို သင္တန္းမေပးဖို႔ ဂ်ပန္အစိုးရကို HRW ေတာင္းဆို


ရန္ကုန္ၿမိဳ႕ ဗဟုိဘဏ္ေရွ႕ ျမင္ကြင္း။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစစ္တပ္ကအရာရွိေတြကို ဆက္လက္ သင္တန္းမေပးဖို႔ လူ႔အခြင့္ အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ႀကီးက ေၾကညာခ်က္ထုတ္ ေတာင္းဆိုလိုက္ပါတယ္။

ဂ်ပန္ရဲ႕စစ္သင္တန္းေတြမွာ ျမန္မာစစ္အရာရွိေတြ တက္ေရာက္ေနတဲ့အတြက္ စစ္တပ္ရဲ႕ ရက္စက္ ၾကမ္းၾကဳတ္မႈေတြမွာ ဂ်ပန္ဟာ ႀကံရာပါျဖစ္ႏိုင္တဲ့အႏၲရာယ္ ရွိေနတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က ေျပာပါတယ္။ ျမန္မာစစ္တပ္က စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေပမယ့္ အေရးယူခံရမယ့္အေရးကလြတ္ေနတဲ့ ရာဇဝင္က ရွည္ၾကာလွၿပီမို႔ ဂ်ပန္အတြက္ လုံေလာက္တဲ့အေထာက္အထား ျဖစ္သင့္ပါတယ္လို႔ HRW ရဲ႕ အာရွ ေဒသ အစီအစဥ္ တာဝန္ရွိသူ မစၥတာ Teppei Kasai က ေၾကညာခ်က္မွာ ေျပာပါတယ္။

ျမန္မာစစ္ဗိုလ္ေလာင္းေတြနဲ႔ အရာရွိေတြကို ၂၀၁၅ ကတည္းက ဂ်ပန္က သင္တန္းေပးခဲ့တာပါ။ အာဏာသိမ္းၿပီးေတာ့လည္း ဗိုလ္ေလာင္း ၂ ေယာက္နဲ႔ အရာရွိ ၂ ေယာက္ကို လက္ခံခဲ့သလို ၂၀၂၂ မွာလည္း အလားတူ လက္ခံခဲ့ပါတယ္။ “သူ႔ရဲ႕သင္တန္း အစီအစဥ္ ေၾကာင့္ ျမန္မာစစ္တပ္ရဲ႕ မေတာ္မတရားျပဳတဲ့ဓေလ့ကို ေျပာင္းႏိုင္လိမ့္မယ္လို႔ ဆႏၵစြဲနဲ႔ အဓိပၸါယ္မဲ့ စဥ္းစားပုံကို ဂ်ပန္အစိုးရက စြန႔္လႊတ္သင့္တယ္” လို႔ Teppei Kasai က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာစစ်အရာရှိတွေကို သင်တန်းမပေးဖို့ ဂျပန်အစိုးရကို HRW တောင်းဆို

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကအရာရှိတွေကို ဆက်လက် သင်တန်းမပေးဖို့ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

ဂျပန်ရဲ့စစ်သင်တန်းတွေမှာ မြန်မာစစ်အရာရှိတွေ တက်ရောက်နေတဲ့အတွက် စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေမှာ ဂျပန်ဟာ ကြံရာပါဖြစ်နိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပေမယ့် အရေးယူခံရမယ့်အရေးကလွတ်နေတဲ့ ရာဇဝင်က ရှည်ကြာလှပြီမို့ ဂျပန်အတွက် လုံလောက်တဲ့အထောက်အထား ဖြစ်သင့်ပါတယ်လို့ HRW ရဲ့ အာရှ ဒေသ အစီအစဉ် တာဝန်ရှိသူ မစ္စတာ Teppei Kasai က ကြေညာချက်မှာ ပြောပါတယ်။

မြန်မာစစ်ဗိုလ်လောင်းတွေနဲ့ အရာရှိတွေကို ၂၀၁၅ ကတည်းက ဂျပန်က သင်တန်းပေးခဲ့တာပါ။ အာဏာသိမ်းပြီးတော့လည်း ဗိုလ်လောင်း ၂ ယောက်နဲ့ အရာရှိ ၂ ယောက်ကို လက်ခံခဲ့သလို ၂၀၂၂ မှာလည်း အလားတူ လက်ခံခဲ့ပါတယ်။ “သူ့ရဲ့သင်တန်း အစီအစဉ် ကြောင့် မြန်မာစစ်တပ်ရဲ့ မတော်မတရားပြုတဲ့ဓလေ့ကို ပြောင်းနိုင်လိမ့်မယ်လို့ ဆန္ဒစွဲနဲ့ အဓိပ္ပါယ်မဲ့ စဉ်းစားပုံကို ဂျပန်အစိုးရက စွန့်လွှတ်သင့်တယ်” လို့ Teppei Kasai က ဆိုပါတယ်။

============

XS
SM
MD
LG