သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြအတြက္ ကန္နဲ႔ ဂ်ပန္ေခါင္းေဆာင္တို႔ ေဝဖန္


ဂ်ပန္ႏုိင္ငံကိုေရာက္ေနတဲ့ အေမရိကန္သမၼတဂ်ဳိးဘုိင္ဒန္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ဖူမီယိုကီရွီဒ တို႔ ပူးတြဲသတင္းစာရွင္းလင္းပဲြ။ (ေမ ၂၃၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ စစ္တပ္က အရပ္သားျပည္သူေတြအေပၚ ရက္ရက္စက္စက္ တိုက္ခိုက္ေနမႈအေပၚ အေမရိကန္သမၼတ Joe Biden နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida တို႔ ပူးတြဲ ေၾကညာခ်က္ထုတ္ျပန္ ေဝဖန္ျပစ္တင္ခဲ့ၾကပါတယ္။

အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ေရး၊ မတရား ဖမ္းဆီးခံထားရသူေတြအားလံုး ျပန္လႊတ္ေရး၊ လူသားခ်င္းစာနာတဲ့ အကူအညီေတြကို ႏိုင္ငံတဝန္း အတားအဆီးမရွိေပးႏိုင္ေရးနဲ႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီစနစ္ အျမန္လံုး ျပန္လည္ေပၚေပါက္ေေရးတို႔အတြက အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔ကို ဆက္လက္ ဖိအားေပးေဆာင္ရြက္သြားမယ္လို႔ ေခါင္းေဆာင္ႏွစ္ဦး Tokyo ၿမိဳ႕ေတာ္မွာ ေတြ႕ဆံုအၿပီး ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အလားတူ ေတာင္ကိုရီးယားသမၼတသစ္ Yoon Suk-yeol နဲ႔ အေမရိကန္သမၼတ Joe Biden တို႔ Seoul ၿမိဳ႕ေတာ္မွာ ေတြ႔ဆံုခဲ့အၿပီးမွာလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့အေပၚ ျပတ္ျပတ္သားသား အျပစ္တင္ေၾကာင္း ပူးတြဲေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ေရးနဲ႔ ဒီမိုကေရစီ ျပန္လည္ေပၚေပါက္ေရးတို႔အတြက္ ဖိအားေပးလုပ္သြားဖို႔ သႏၷိဌာန္ခ်ထားတယ္လို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ေခါင္းေဆာင္တို႔ ပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံသားေတြ အႏၲရာယ္ကင္းေအာင္ ႏိုင္ငံတိုင္းက အကာအကြယ္ေပးၾကဖို႔နဲ႔ ျမန္မာႏိုင္ငံကို လက္နက္ေရာင္းခ်မႈ တားျမစ္ၾကဖို႔ လည္း ေခါင္းေဆာင္ႏွစ္ေယာက္ ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေအတွက် ကန်နဲ့ ဂျပန်ခေါင်းဆောင်တို့ ဝေဖန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေမှုအပေါ် အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ပူးတွဲ ကြေညာချက်ထုတ်ပြန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေး၊ မတရား ဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လွှတ်ရေး၊ လူသားချင်းစာနာတဲ့ အကူအညီတွေကို နိုင်ငံတဝန်း အတားအဆီးမရှိပေးနိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်လုံး ပြန်လည်ပေါ်ပေါက်ေရေးတို့အတွက အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ကို ဆက်လက် ဖိအားပေးဆောင်ရွက်သွားမယ်လို့ ခေါင်းဆောင်နှစ်ဦး Tokyo မြို့တော်မှာ တွေ့ဆုံအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol နဲ့ အမေရိကန်သမ္မတ Joe Biden တို့ Seoul မြို့တော်မှာ တွေ့ဆုံခဲ့အပြီးမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် ပြတ်ပြတ်သားသား အပြစ်တင်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ပေါ်ပေါက်ရေးတို့အတွက် ဖိအားပေးလုပ်သွားဖို့ သန္နိဌာန်ချထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားတွေ အန္တရာယ်ကင်းအောင် နိုင်ငံတိုင်းက အကာအကွယ်ပေးကြဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု တားမြစ်ကြဖို့ လည်း ခေါင်းဆောင်နှစ်ယောက် တောင်းဆိုခဲ့ကြပါတယ်။

============

XS
SM
MD
LG