သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jeh Johnson ကို အမိမြေလုံခြုံရေး ဝန်ကြီးအဖြစ် အိုဘားမား အဆိုပြု


အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် Jeh Johnson ကို အိမ်ဖြူတော်တွင် အိုဘားမားအဆိုပြုစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၁၃)
အမိမြေလုံခြုံရေးဝန်ကြီးအဖြစ် Jeh Johnson ကို အိမ်ဖြူတော်တွင် အိုဘားမားအဆိုပြုစဉ်။ (အောက်တိုဘာ ၁၈၊ ၂၀၁၃)
သမ္မတအိုဘားမားက အမေရိကန်အစိုးရရှေ့နေဟောင်းတဦးကို အမိမြေလုံခြုံရေးဌာန အကြီးအကဲအဖြစ် အဆိုပြုလိုက်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိပ်တန်းရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Jeh Johnson ကို အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ အိုဘားမားက သောကြာနေ့က အဆိုပြုလိုက်တာပါ။ အမျိုးသားလုံခြုံရေး အတွက် ခြိမ်းခြောက်မှု အန္တရာယ်တွေကို စောင့်ကြည့်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေ နာလံပြန်ထူရေးနဲ့ နယ်စပ်ဒေသကင်းလှည့်ရေး စတာတွေကို ဝန်ထမ်း အင်အား ၂ သိန်း ၄ သောင်းနဲ့ လည်ပတ်နေတဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာနကို Mr. Johnson ကတာဝန်ရမှာဖြစ်ပါတယ်။

Mr. Johnson ဟာ အမေရိကန်ပြည်ထောင်စုရင်ဆိုင်နေရတဲ့ စိန်ခေါ် အကဲစမ်းမှုတွေနဲ့ ခြိမ်းခြောက် နေတဲ့အန္တရာယ်တွေကို ထဲထဲဝင်ဝင် နားလည်တဲ့အတွက် ဝန်ကြီးအဆင့်ရာထူးကို တာဝန်ပေးအပ်ဖို့ ရွေးချယ်ရတာဖြစ်တယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။

၂၀၀၁ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အယ်လခိုင်းဒါးခေါင်းဆောင်ပိုင်း ကို ဖြိုခွဲရေး မူဝါဒ တွေချမှတ်တာနဲ့ အမေရိကန် စစ်တပ်မှာ လိင်တူချင်းစုံမက်သူတွေအပေါ် တားမြစ်ကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့ရာမှာ Jeh Johnson က ပါဝင်ကူညီခဲ့တယ်လို့လည်း ဆိုပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်ကသာ အတည်ပြုခဲ့မယ်ဆိုရင် ရာထူးကနှုတ်ထွက်သွားတဲ့ဝန်ကြီး Janet Napolitano နေရာမှာ အစားထိုး တာဝန်ယူမှာဖြစ်ပါတယ်။ ရာထူးကနေအငြိမ်းစားယူခဲ့တဲ့ ဝန်ကြီး Janet Napolitano ကတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌရာထူးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
XS
SM
MD
LG