သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒီ လုပ်ကြံခံရမှု နှစ်ပတ်လည် ကျင်းပ


ကနေဒီလုပ်ကြံခံခဲ့ရတဲ့ တက္ကဆတ်ပြည်နယ် ဒါးလတ်စ်မြို့က နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား။ (နိုဝင်ဘာ ၂၂၊ ၂၀၁၃)
ကနေဒီလုပ်ကြံခံခဲ့ရတဲ့ တက္ကဆတ်ပြည်နယ် ဒါးလတ်စ်မြို့က နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား။ (နိုဝင်ဘာ ၂၂၊ ၂၀၁၃)
အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ နှစ်ငါးဆယ်မြောက်နေ့ အခမ်းအနားတွေကို နိုင်ငံတဝှမ်းမှာ ဝမ်းနည်း ပူဆွေးတမ်းတမှုတွေ အပြည့်နဲ့ ကျင်းပခဲ့ကြပါတယ်။

သမ္မတကနေဒီ အုတ်ဂူရှိရာ ဝါရှင်တန်မြို့တော် တဖက်ကမ်းက အာလင်တန် စစ်သင်္ချိုင်းကနေ၊ သူ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မြို့အထိ ယူကြုံးမရ တမ်းတမှုတွေ မနေ့က ပဲ့တင်ထပ်သွားခဲ့ပါတယ်။
အာလင်တန် စစ်င်္သချိုင်းတွင်း ကနေဒီအောက်မေ့ဖွယ်
အာလင်တန် စစ်င်္သချိုင်းတွင်း ကနေဒီအောက်မေ့ဖွယ်

အာလင်တန် စစ်သင်္ချိုင်းရဲ့ အမြင့်ဆုံးက အထူးနေရာမှာ သီးသန့်ရှိတဲ့ သမ္မတ ကနေဒီရဲ့ အုတ်ဂူကြီးမှာ မိသားစုအဖွဲ့ဝင်တွေနဲ့ အစိုးရအရာရှိတွေက ဝမ်းနည်း အမှတ်ရမှုတွေ ထုတ်ဖော်ပြခဲ့ကြပြီး၊ ဆုတောင်းပွဲတွေလည်းလုပ်ပေးခဲ့ပါတယ်။
ကျန်ရစ်သူ ကနေဒီမိသားစုဝင်များကို နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်နေ့တွင် တွေ့ရစဉ်။
ကျန်ရစ်သူ ကနေဒီမိသားစုဝင်များကို နှစ်ငါးဆယ်ပြည့်အောက်မေ့ဖွယ်နေ့တွင် တွေ့ရစဉ်။

၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တုံးက သမ္မတ ကနေဒီ သူစီးလာတဲ့ အမိုးဖွင့်ကားထဲမှာ သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ နိုင်ငံအနောက်တောင်ပိုင်းက ဒါးလပ်စ်မြို့က ဘုရားကျောင်းတွေမှာဆိုရင် ခေါင်းလောင်းသံတွေ လှိုင်သွားခဲ့ပါတယ်။

အခုလို ဒါးလပ်စ် မြို့ထဲမှာ ခေါင်းလောင်းသံတွေ ပဲ့တင်ထပ်နေချိန်မှာ သမ္မတကနေဒီ အပစ်ခံခဲ့ရတဲ့ အတိအကျနေရာမှာ အချိန်အတိအကျကိုက်ပြီး ပူဆွေးအောက်မေ့ဖွယ် အခမ်းအနားလုပ်ခဲ့ရာမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတကနေဒီလုပ်ကြံခံခဲ့ရတာကြောင့် သူ့ရဲ့ဒါးလပ်စ်မြို့ခရီးစဉ် ထဲမှာ မပြောဖြစ်ခဲ့တဲ့ သူ့မိန့်ခွန်းထဲက စကားရပ်တွေဖြစ်တဲ့ “ အမေရိကန်ဟာ ကမ္ဘာ့လွတ်လပ်ရေးတံတိုင်းပေါ်က စောင့်ကြည့်ကူညီပေးမှာဖြစ်တယ်” ဆိုတာနဲ့ အမေရိကန်ရဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်နေတဲ့ အဆင့်ဟာ ငြိမ်းချမ်းရေး အတွက် ဖြစ်တယ်ဆိုတာကို ထိုက်ထိုက် တန်တန် ပြနိုင်ရမယ် ဆိုတာတွေကိုလည်း ဒီမြို့မှာ အမှတ်တရဖော်ပြခဲ့ပါတယ်။
ကနေဒီအောက်မေ့ဖွယ်
ကနေဒီအောက်မေ့ဖွယ်

သမ္မတဟောင်းကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ တနိုင်ငံလုံး ငြိမ်သက်စွာနဲ့ အောက်မေ့တဲ့ အခမ်းအနားတွေပြုလုပ်ခဲ့ချိန်မှာ သမ္မတ ဘားရက်အိုဘားမား ကလည်း နိုင်ငံနဲ့ တဝှမ်းမှာ အလံတဝက်ချ လွှင့်ထူကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ကနေဒီအောက်မေ့ဖွယ်
ကနေဒီအောက်မေ့ဖွယ်


စီဘီအက်စ် ရုပ်သံသတင်းဌာနကလည်း သမ္မတ လုပ်ကြံခံခဲ့ရစဉ်က အဖြစ်ပျက်မှန်ထုတ်လွှင့်ခဲ့တာကို ပြန်လည်ပြီးတော့ ပြသခဲ့ပါတယ်။

အသက်အရွယ်ကြီးရင့်တဲ့ အမေရိကန် တွေအတွက်တော့ သမ္မတကနေဒီ လုပ်ကြံခံခဲ့ရချိန်က သူတို့ဘယ်နေရာမှာ ရှိနေခဲ့ပြီး၊ ဘယ်လို ခံစားခဲ့ရတယ်ဆိုတာတွေကို ပြန်ပြောင်းသတိရနေချိန်ဖြစ်သလို၊ အဲ့ဒီအချိန်ကို မှီခဲ့တဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက လူကြီးတွေအနေနဲ့လည်း အလားတူ ခံစားမိကြမှာဖြစ်ပါတယ်။
XS
SM
MD
LG