သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဖျက်သိမ်း


အမေရိကန် အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် (Jim Webb) ဟာ မြန်မာနိုင်ငံကိုသွားမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။

အစီအစဉ်တိုင်းဆိုရင် ဒီရက်ပိုင်းထဲမှာ မြန်မာနိုင်ငံကို ရောက်လာရမယ့် မစ္စတာဝက်ဘ်က သူ့အဆို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ကိစ္စ ၂ ခုကြောင့် သူ့ရဲ့ မြန်မာခရီးစဉ်ကို ဖျက်လိုက်တာလို့ ဒီကနေ့ ထုတ်ပြန်တဲ့ မစ္စတာဝက်ဘ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက Nuclear အစီအစဉ်တွေနဲ့ ပါတ်သက်လို့ မြောက်ကိုရီးယားနဲ့ ဆက်စပ် ပါတ်သက်မှုရှိနေတယ်ဆိုတဲ့ ကိစ္စ၊ မြောက်ကိုရီးယားက မြန်မာနိုင်ငံကို လက်နက်တင်ပို့ မှုတွေ ရှိနေတယ်ဆိုတဲ့ မသင်္ကာဘွယ် ကိစ္စဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၈၇၄ ကို မြန်မာကချိုးဖေါက်တယ်ဆိုပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က မကြာခင်ကပဲ စွပ်စွဲထားတာကြောင့် သူ့ ခရီးစဉ်ကို ရွှေ့ဆိုင်းထားတာဖြစ်တယ်လို့ မစ္စတာဝက်ဘ်က ဆိုပါတယ်၊

ဒီကိစ္စ ၂ ခုနဲ့ ပတ်သက်ပြီး တိတိကျကျ အဖြေမပေါ်မချင်း သူ့အနေနဲ့ မြန်မာနိုင်ငံကို မသွားသင့်သေးဘူးလို့ ပြောပါတယ်။ မြန်မာနဲ့ အမေရိကန်ကြား ဆက်ဆံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ အားလုံးကို ထုတ်ဖော် ပြောကြားဖို့အတွက် အမေရိကန်က အထူးကိုယ်စားလှယ် တယောက်ကို သမ္မတ အိုဘားမားက အမြန်ဆုံး ခန့်အပ်သင့်တယ်လို့လည်း မစ္စတာဝက်ဘ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။ မြန်မာနိုင်ငံအပေါ် ပိုမိုအရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ လိုအပ်ချက်တွေကိုလည်း သမ္မတက ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ အထက်လွှတ်တော်အမတ် ဝက်ဘ်ရဲ့ ကြေငြာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG