သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း ဂျင်မီကာတာ ဆေးရုံကဆင်းပြီ


သမ္မတဟောင်း ဂျင်မီကာတာ (အလယ်)
သမ္မတဟောင်း ဂျင်မီကာတာ (အလယ်)

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ဆေးရုံမှာ တင်ပဆုံရိုးအစားထိုး ဆေးကုသ ခံနေရာက မနေ့ ကြာသပတေးနေ့က ဆေးရုံမှ ဆင်းသွားပြီလို့ Carter Center က ပြောပါ တယ်။

သမ္မတဟောင်း ကာတာဟာ ခြေချော်လဲရာက တင်ပဆုံရိုး ကျိုးသွားလို့ ဆေးကုသမှု ခံယူနေ ခဲ့ တာပါ။ ၁၉၇၇ ခုနှစ်က ၁၉၈၁ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့ သူ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီကာတာဟာ သူ့ရဲ့ အိမ်မှာပဲ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ဆက်လုပ်မှာ ဖြစ်ပါတယ်။ သမ္မတဟောင်းကာတာ ဆေးရုံတက်နေချိန်အတွင်းမှာပဲ အသက် ၉၁ နှစ်ရှိ သမ္မတဟောင်းကတော် Lady Rosalynn Carter ဟာလည်း ရုတ်တရက် မေ့မျော သွားလို့ ဆေးစစ်ဆေးမှု ခံယူဖို့ အဲဒီ ဆေးရုံကို တက်ရောက်ခဲ့ရပါတယ်။ ခုတော့ သူတို့ နှစ်ယောက်စလုံး ဆေးရုံက ဆင်းသွားကြပါပြီ။

ဂျင်မီကာတာဟာ အသက်ရှင်နေသူ သမ္မတဟောင်းတွေထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဦးနှောက် ကင်ဆာ ကုသမှုခံယူခဲ့ပြီးနောက် အခုအခါ ကင်ဆာရောဂါ ပျောက်ကင်းနေပြီ ဖြစ်ပါတယ်။

သမ္မတဟောင်း ဂျင်မီကာတာ ဆေးရုံကဆင်းပြီ
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG