သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်စီရင်မှု အမေရိကန်နဲ့ ကုလရှုတ်ချ


NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)
NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ဝဲ)နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီ (ယာ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တဲ့အပေါ် အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့လည်း မြန်မာစစ်ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။

သေဒဏ်စီရင်မှု အမေရိကန်နဲ့ ကုလရှုတ်ချ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တဲ့အပေါ် အမေရိကန်အစိုးရက တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့လည်း မြန်မာစစ်ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ခံ နိုင်ငံရေးသမားတွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်ကောင်စီက ကြမ်းကြုတ်ရက်စက်စွာ ကွပ်မျက်လိုက်တဲ့ လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တရားလက်လွှတ် ဖမ်းဆီးထားတဲ့သူတွေကို လွတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်ဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း မြန်မာနိုင်ငံရေးသမား ၄ ဦးကို ကွပ်မျက်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်းနဲ့ သက်ဆိုင်သူတွေရဲ့မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရပါကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။ ဘယ်လိုကိစ္စမျိုးမှာမဆို သေဒဏ်ပေးတာကို အတွင်းရေးမှူးချုပ်က ဆန့်ကျင်တယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကွပ်မျက်မှုဖြစ်တာကြောင့် ဆိုးရွားနေပြီးသား မြန်မာ့လူ့အခွင့်အရေး အခြေနေတွေ ပိုပြီးဆုတ်ယုတ်ကျဆင်းလာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားမဲ့ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးချက်ချင်းပြန်လွှတ်ပေးပါလို့လည်း ဂျူလိုင်လ ၂၅ ရက်နေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ထပ်လောင်းတိုက်တွန်းတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}





XS
SM
MD
LG