သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် သေဒဏ်စီရင်မယ့်အပေါ် စိုးရိမ်မှုတွေထွက်ပေါ် 


This combination photo created on June 3, 2022 shows undated handout photographs released by Myanmar's Military Information Team of democracy activist Kyaw Min Yu, (L) and former lawmaker Maung Kyaw, who also goes by the name Phyo Zeya Thaw.
This combination photo created on June 3, 2022 shows undated handout photographs released by Myanmar's Military Information Team of democracy activist Kyaw Min Yu, (L) and former lawmaker Maung Kyaw, who also goes by the name Phyo Zeya Thaw.

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်ချမှတ်ထားရာကနေ သေဒဏ်ကို အကောင်အထည်ဖေါ်မယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် သေဒဏ်စီရင်မယ့်အပေါ် စိုးရိမ်မှုတွေထွက်ပေါ်

{{Zawgyi/Unicode}}
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို သေဒဏ်ချမှတ်ထားရာကနေ သေဒဏ်ကို အကောင်အထည်ဖေါ်မယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ အခွင့်အရေးတွေကို ချိုးဖေါက်ရာရောက်သလို၊ လက်ရှိမြန်မာ နိုင်ငံရဲ့တရားစီရင်ရေးဟာလည် းမျှတမှုမရှိတဲ့အတွက် ဒါဟာမတရားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့ကို ၂၀၂၂ ခုနှစ် ဇန္နဝါရီ ၂၁ ရက်နေ့က စစ်ခုံရုံးကနေ သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒိသေဒဏ်အမိန့်ကို တရားရုံးအဆင့်ဆင့်အပါအဝင်၊ စစ်ကောင်စီ ကပါ အတည်ပြုပြီး၊ နောက်ဆုံးအဆင့်အထိ လုပ်ဆောင်ပြီး ဖြစ်ကြောင်းနဲ့ သေဒဏ်ချမှတ် ခံရသူတွေအတွက်လုပ်ဆောင်ရမယ့် အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က သောကြာနေ့ ကပြောဆိုခဲ့ပါတယ်။

အခုလို သေဒဏ်ချမှတ်ထားတာကို စီရင်ဖို့အတွက် ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကြောင့် အလွန်စိတ်သောကရောက်ရကြောင်းနဲ့ ဒါဟာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံ လူ့အခွင့်အရေးကို ချိုးဖေါက်တာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကပြောဆိုပါ တယ်။

“ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေး ကြေညာစာတမ်းပါအပုဒ် ၃ က လူတဦးခြင်းစီရဲ့ အသက်ရှင်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံစွာနေထိုင်ခွင့်ဆိုတဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖေါက်တာဘဲဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဖေါ်ပြခွင့်ကိုလေးစားဖို့နဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ကိုချက်ခြင်းလွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ကလည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။”

လူ့ခွင့်အရေးကြေညာစာတမ်းအရ လူတိုင်းဟာ ဥပဒေရှေ့မှောက်မှာ သာတူညီမျှ အခွင့်ရေး ရှိရမှာဖြစ်ပြီး၊ အပြစ်မရှိကြောင်း ခုခံပိုင်ခွင့်ရှိသလို၊ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့တ ရားရုံးမှာ အများပြည်သူကြားနာခွင့်ရှိပြီး၊ မျှတတဲ့ တရားစီရင်ခွင့်ရရှိရမှာဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်လက်ပြောဆိုပါတယ်။

သေဒဏ်ချမှတ်ခြင်းဟာ လူတဦးတယောက်ရဲ့ အသက်ရှင်ခွင့်ကို လေးစားအသိအမှတ် ပြုရာမရောက်ကြောင်းနဲ့ ဖျက်သိမ်းဖိုလိုအပ်သလို၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ဖို့လိုတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုကြောင် းပြောခွင့်ရသူ Stephane Dujarric ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch HRW ကတော့ စစ်ကောင်စီကသေဒဏ်ကို အကောင်အထည်ဖေါ်ခဲ့ရင် မြန်မာပြည်သူတွေ အကြီးအကျယ် စိတ်ဆိုးဒေါသထွက်ကြလိမ့်မယ်လို့ HRW ရဲ့အာရှဒေသဆိုင်ရာ ဒုတိယညွန် ကြားရေးမှုး Phil Robertson ပြောဆိုပါတယ်။

“ဒီလိုထင်ရှားပြီး အရေးပါတဲ့ ဒီမိုကရေစီ လှုပ်ရှားသူနှစ်ဦးကို သေဒဏ်စီရင်ခဲ့ရင်၊ မြန်မာပြည်သူတွေ အကြီးအကျယ် စိတ်ဆိုးဒေါသထွက်ကြမှာပါ။ တကမ္ဘာလုံးကလည်း မြန်မာ အာဏာသိမ်း စစ်ကောင်စီကို အကြီးအကျယ် ဝေဖန်ရှုံချကြမှာပါ။ မြန်မာပြည်အကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေမှာ မျက်နှာဖုံးသတင်း ပြန်ဖြစ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး လှုပ်ရှားသူကို သေဒါဏ်စီရင်တယ်ဆိုတာ အလွန်ဆိုးရွားပြီး လက်ခံနိုင်စရာမရှိတဲ့ အတွက်ဖြစ်ပါတယ်။”

ဒီအခြေအနေဟာ မြန်မာစစ်တပ်အနေနဲ့ ကြံရာမရဖြစ်နေတာကို ဖေါ်ပြနေပြီး သူတို့ကို ဆန့်ကျင်တိုက်ခိုက်နေတာတွေရပ်ဖို့၊ ပြည်သူတွေကို ဖိအားပေးနေတာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လက်ရှိအာဏာသိမ် းစစ်ကောင်စီရဲ့ တရားမျှတမှုမရှိတဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်တာဖြစ်တဲ့အတွက် တရားမျှတမှု မရှိဘူးလို့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦး က သုံးသပ်ပြောဆိုပါတယ်။

"တရားမျှတမှုမရှိဘူးလို့ ပထမဦးဆုံးကျနော်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် စစ်ခုံရုံးမှာ စစ်ဆေးကြားနာတဲ့အချိန်တုန်းက ဥပဒေနဲ့အညီခုခံချေပခွင့်ဆုံးရှုံးခဲ့တာဖြစ် တယ်။ နောက်ပြီးတော့တခါ၊ ကျနော်တို့ ၊ သေဒါဏ်ချမှတ်ခံရပြီးနောက် တရားရုံးအဆင့် ဆင့်ကိုအယူခံတက်တဲ့အခါမှာလည်း ရှေ့နေနဲ့တိုင်ပင်ပြီးတော့ စီမံဆောင်ရွက်ခွင့်တွေ မရဘဲနဲ့ ဆုံးရှုံးရတဲ့အခြေအနေမျိုးဖြစ်တယ်။ နောက်ဆုံးတရားရုံးချုပ်အထိ အယူခံတက် တဲ့ကိစ္စမှာတောင်မှ ရှေ့နေနဲ့တိုင်ပင်ပြီးတော့ အယူခံတက်ခွင့်မရခဲ့တာဖြစ်တဲ့အတွက် အခုလိုမျိုးသေဒါဏ်ချမှတ်ခြင်းဟာ တရားမျှတမှုမရှိဘူးလို့ပြောလို့ရပါတယ်ခင်ဗျ"

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ သေဒဏ်ပေးတာကို နောက်ဆုံးတွေ့ရတာကတော့ ၁၉၇၆ ခုနှစ်တုန်းက ကျောင်းသား ခေါင်း ဆောင် ဆလိုင်းတင်မောင်ဦးနဲ့ ၁၉၇၇ ခုနှစ်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့က ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအရ သေဒဏ်အပြစ်ပေးခံရသူတွေဟာ နှစ်ရှည်ထောင်ဒဏ်တွေသော ကျခံရလေ့ ရှိပါတယ်။

လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ဦးမင်လွင်ဦးကတော့ မြန်မာနိုင်ငံမှာ သေဒဏ်အပြစ်ပေးတဲ့ တရားရေးလုပ်ငန်းတွေဟာ အခုလို မြန်မြန်ဆန်ဆန် လုပ်လေ့မရှိဘူးလို့ ပြောပါတယ်။

" ကျနော်တို့သာမန်အားဖြင့်ဆိုလို့ရှိရင် သေဒဏ်အတည်ပြုဖို့အတွက်ကို တရားရုံးအဆင့် ဆင့်အယူခံတက်နေတဲ့ကာလက အနည်းဆုံးသုံးလေးငါးနှစ်ကြာပါတယ်။ တရားရုံးအ ဆင့်ဆင့်အယူခံပြီးသွားပြီး၊ နောက်တခါနိုင်ငံတော်အကြီးအကဲတွေဆီကို အသနားခံစာ တင်တဲ့အဆင့်ဆိုလို့ရှိရင်လည်း အနည်းဆုံးလေးငါးနှစ်လောက်ကြာတယ်။ အခုလို အလျင်အမြန်ဖြစ်သွားတယ် ဆိုတာမျိုးကတော့ ကျနော်တို့ ရာဇဝင်မှာလည်း တခါမှမ ကြားဖူးတဲ့အခြေအနေမျိုးဖြစ်တယ်လို့ဘဲကနော်တော့ပြောချင်တယ်။ မြန်တယ်နှေး တယ်ဆိုတာက ဒီစစ်ကောင်စီရဲ့လက်ထဲမှာဘဲရှိတဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် အလွန်တရာစိုးရိမ်စရာအခြေအနေမျိုးဖြစ်တယ်လို့ဘဲ ကျနော်တော့မြင်ပါတယ်"။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(Amnesty International)ကထုတ်ပြန်ထားတဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာတဝန်းသေဒဏ်ပေးမှုကို လေ့လာစောင့်ကြည့်တဲ့အစီရင်ခံစာမှာတော့ လက်ရှိမှာ မြန်မာပြည်တွင်းမှာ စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခံထားရသူ ၉၀ နီးပါးအထိရှိနေတာကြောင့် ဒါဟာ အရင်နှစ်တွေကထက် ၈ ဆနီးပါးမြင့်တက်လာပြီး စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံတွင်း သေဒဏ်အပြစ်ဒဏ်ချမှတ်နှုန်းဟာ စိုးရိမ်ဖွယ်မြင့်တက်လာနေတယ်လို့ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................................


{{Zawgyi/Unicode}}















XS
SM
MD
LG