သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဂ်င္မီ ဖမ္းဆီးခံရမႈ ေနာက္ဆက္တဲြႏွင့္ က်န္းမာေရး အေျခအေန


၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ကုိဂ်င္မီ။ (ဓာတ္ပုံ - The 88 Generation Peace and Open Society Facebook)

(Zawgyi / Unicode)

၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကုိဂ်င္မီကုိ စစ္ေကာင္စီက ေအာက္တိုဘာ ၂၃ ရက္ ညပုိင္းမွာ အင္အားသုံး ဖမ္းဆီးခဲ့ၿပီးေနာက္ ေဆး႐ုံတင္ထားရတယ္လုိ႔ ဗြီအိုေအက စုံစမ္းသိရွိရပါတယ္။ သူ႔ကုိ ဖမ္းဆီးတာနဲ႔ပတ္သက္ၿပီး သတင္းေတြ အမ်ိဳးမ်ိဳး ထြက္ေပၚေနပါတယ္။ ကုိဂ်င္မီနဲ႔ ပတ္သက္တဲ့ အခုေနာက္ဆုံးရ သတင္းတခ်ိဳ႕ကုိ ကုိေဇာ္မုိးေက်ာ္က စုစည္းတင္ျပထားပါတယ္။

၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးလည္းျဖစ္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းရဲ႕ ေခါင္းေဆာင္တဦးလည္းျဖစ္တဲ့ ကုိဂ်င္မီကုိ ေအာက္တုိဘာ ၂၃ ရက္ေန႔ ညပုိင္းက ရန္ကုန္ ေျမာက္ဒဂုံဘက္မွာ အာဏာသိမ္းစစ္ေကာင္စီရဲ႕ လုံၿခံဳေရးတပ္ဖဲြ႔ေတြက အိမ္တံခါးေတြကုိ ခ်ိဳးဖ်က္ၿပီး အင္အားသုံး ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ ဒီလုိဖမ္းဆီးခဲ့တဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ဗြီအုိေအရဲ႕ ၂၄ ရက္ေန႔ ညပုိင္းသတင္းမွာလည္း ထုတ္လႊင့္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီဖမ္းဆီးခံရမႈနဲ႔ ပတ္သက္ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာပါ အမ်ိဳးမ်ိဳး ေျပာဆုိေနမႈေတြ ရွိပါတယ္။ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ကုိဂ်င္မီရဲ႕ ဇနီးျဖစ္သူ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္းရဲ႕ ေခါင္းေဆာင္တဦးျဖစ္တဲ့ မနီလာသိန္းကုိ ေမးၾကည့္ခဲ့ပါတယ္။

ဖမ္းဆီးခံရစဥ္ ဒဏ္ရာရခဲ့တဲ့အတြက္ ေဆး႐ုံတင္ထားရတယ္ဆုိတာ မွန္ကန္ေၾကာင္း မနီလာသိန္းက အတည္ျပဳ ေျပာဆုိပါတယ္။

“ေဆး႐ုံတင္ထားရတာ ဟုတ္တယ္။ ပထမေတာ့ ဦးေခါင္းခြဲရမယ္ ၾကားတယ္၊ ေနာက္ေတာ့ မခြဲျဖစ္ဘူး။”

ကုိေဇာ္မုိးေက်ာ္ - ေနာက္တခုကေလ ေဖ့စ္ဘုတ္စာမ်က္ႏွာေတြ၊ မက္ဆင္ဂ်ာေတြမွာ ေရးေနတာေတြလည္း ေတြ့ရပါတယ္။ သူဒဏ္ရာရခဲ့တာဟာ လာေရာက္ဖမ္းဆီးစဥ္ လြတ္ေျမာက္ဖုိ႔ႀကိဳးစားရင္း မေတာ္တဆျဖစ္ၿပီး ဦးေခါင္းမွာ ဒဏ္ရာရတယ္လုိ႔ ေျပာတာေတြ ေတြ့ပါတယ္။ တခ်ိဳ႕ကလည္း ပစ္ခတ္မႈေၾကာင့္ပဲလား ဆုိတာမ်ိဳး စုိးရိမ္ၾကပါတယ္။ အဲဒီေတာ့ ဘယ္လုိေၾကာင့္ ဦးေခါင္းမွာ ဒဏ္ရာရသြားတယ္လုိ႔ သိထားပါသလဲခင္ဗ်။

မနီလာသိန္း - “အေျခအေနေတြကေတာ့ အမ်ဳိးမ်ဳိး ေျပာေနၾကတာေပါ့။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူတို႔က အင္အားအလုံးအရင္းနဲ႔ ဝင္တဲ့အခါမွာ ဘယ္လုိအေျခအေနမ်ဳိးေၾကာင့္ သူ ဘယ္လိုဒဏ္ရာရသြားလဲဆိုတာ က်မလည္း မသိဘူး။”

ကုိေဇာ္မုိးေက်ာ္ - ဟုတ္ကဲ့၊ ဒဏ္ရာရၿပီးေတာ့ ေဆး႐ုံတင္ထားရတယ္၊ ဦးေခါင္းခဲြစိတ္ရတယ္လုိ႔ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ အခုေနာက္ဆုံး သူ႔ရဲ႕အေျခအေန ဘယ္လုိရွိပါသလဲ။

မနီလာသိန္း - “ၾကားတာေတာ့ ဒဏ္ရာရသြားတယ္။ ဒဏ္ရာရသြားတဲ့ ေနာက္ဆက္တြဲမွာ ေဆး႐ုံေရာက္တယ္ဆုိတာ ၾကားတယ္။ ၿပီးေတာ့ ဦးေခါင္းခြဲရမယ္ ဆုိတဲ့ဟာ ၾကားတယ္။ ပထမေတာ့ ဦးေခါင္းခြဲရမယ္ ၾကားတယ္။ ေနာက္ေတာ့ မခြဲျဖစ္ဘူးေပါ့။ အခု သတိရတယ္ၾကားတယ္၊ အဲဒါပဲ ၾကားတယ္။”

ဦးေခါင္းခဲြစိတ္ရတယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ဦးေခါင္းခဲြစိတ္ ကုသရျခင္း မရွိဘဲ သတိျပန္ရေနၿပီလုိ႔ သတင္းရရွိထားပါတယ္။

ကုိဂ်င္မီကုိ ဖမ္းဆီးတာဟာ မတရားဖမ္းဆီးတာပဲလု႔ိ မနီလာသိန္းက ေျပာပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးႏွိပ္စက္မႈ အားလုံးဟာ တရားမွ်တမႈမရွိတဲ့ လုပ္ေဆာင္မႈေတြပဲလုိ႔ မနီလာသိန္းက ျမင္ပါတယ္။

“အာဏာသိမ္းတဲ့ေန႔ကေန ဒီေန႔အထိကေတာ့ သူတို႔ရဲ႕ မတရားဖမ္းဆီးမႈ၊ မတရားမႈ မွန္သမွ်ကို သူတို႔ ေတာက္ေလွ်ာက္ လုပ္ေဆာင္ေနတာေလ။ အခုလည္း သူတို႔ေတြရဲ႕ လုပ္ေဆာင္မႈေတြက ပုိပိုၿပီး အေျခအေနေတြက ဆုိးရြားလာတယ္။ သူတို႔ ဆုိးရြားလာတာနဲ႔အတူ ႏုိင္ငံတကာျပယုဂ္မွာလည္း သူတို႔ရဲ႕ အေျခအေနက ႏုိင္ငံတကာကပါ အသိအမွတ္ မျပဳမႈေတြ၊ သူတုိ႔ရဲ႕လုပ္ရပ္ေတြကို ႐ႈတ္ခ်မႈေတြ ေတာက္ေလွ်ာက္ျဖစ္ေပၚေနတယ္၊ လုပ္ေဆာင္ေနတာေတြ ေတြ႔တယ္။ အဲဒီအတြက္ အခု ဖမ္းဆီးခံရတဲ့ အေပၚမွာလည္း က်မတုိ႔က အထူးအေထြ ေျပာစရာမလုိပါဘူး၊ ရွင္းလင္းပါတယ္၊ သူတို႔ရဲ႕ မတရား ဖမ္းဆီးမႈေတြအျဖစ္။”

မနီလာသိန္း ေျပာဆုိသြားတာပါ။

ကုိဂ်င္မီ အဖမ္းခံရၿပီး ဒဏ္ရာရခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္နဲ႔ အတည္ျပဳခ်က္ ရယူႏုိင္ဖုိ႔အတြက္ စစ္ေကာင္စီ ျပန္ၾကားေရး တာဝန္ရွိသူေတြကုိ ဆက္သြယ္ခဲ့ေပမယ့္ မရရွိခဲ့ပါဘူး။

၈၈ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကုိဂ်င္မီဟာ ၈၈ ကာလမွာ ဗကသ ဗမာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖြဲ႔ခ်ဳပ္၊ အဲဒီေနာက္ လူ႔ေဘာင္သစ္ဒီမုိကရက္တစ္ပါတီ စတဲ့ အဖဲြ႔အစည္းေတြမွာ ေခါင္းေဆာင္တေယာက္အျဖစ္ တာဝန္ယူခဲ့ၿပီး ေထာင္ဒဏ္ႏွစ္ရွည္ေတြ က်ခံခဲ့ရပါတယ္။ အဲဒီေနာက္ အက်ဥ္းေထာင္ေတြကေန ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး ၈၈ မ်ဳိးဆက္ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္း ဆုိတဲ့ အဖဲြ႔အစည္းကုိ ကုိမင္းကုိႏုိင္ အပါအဝင္ အျခားေခါင္းေဆာင္ေတြနဲ႔ လက္တဲြၿပီး ျမန္မာျပည္ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးအတြက္ ဆက္လက္ႀကိဳးပမ္း ေဆာင္ရြက္ေနသူ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကိုဂျင်မီ ဖမ်းဆီးခံရမှု နောက်ဆက်တွဲနှင့် ကျန်းမာရေး အခြေအနေ

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက် ညပိုင်းမှာ အင်အားသုံး ဖမ်းဆီးခဲ့ပြီးနောက် ဆေးရုံတင်ထားရတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။ သူ့ကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ကိုဂျင်မီနဲ့ ပတ်သက်တဲ့ အခုနောက်ဆုံးရ သတင်းတချို့ကို ကိုဇော်မိုးကျော်က စုစည်းတင်ပြထားပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင်တဦးလည်းဖြစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ကိုဂျင်မီကို အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန် မြောက်ဒဂုံဘက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အိမ်တံခါးတွေကို ချိုးဖျက်ပြီး အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုဖမ်းဆီးခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေရဲ့ ၂၄ ရက်နေ့ ညပိုင်းသတင်းမှာလည်း ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာပါ အမျိုးမျိုး ပြောဆိုနေမှုတွေ ရှိပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ မနီလာသိန်းကို မေးကြည့်ခဲ့ပါတယ်။

ဖမ်းဆီးခံရစဉ် ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင်ထားရတယ်ဆိုတာ မှန်ကန်ကြောင်း မနီလာသိန်းက အတည်ပြု ပြောဆိုပါတယ်။

“ဆေးရုံတင်ထားရတာ ဟုတ်တယ်။ ပထမတော့ ဦးခေါင်းခွဲရမယ် ကြားတယ်၊ နောက်တော့ မခွဲဖြစ်ဘူး။”

ကိုဇော်မိုးကျော် - နောက်တခုကလေ ဖေ့စ်ဘုတ်စာမျက်နှာတွေ၊ မက်ဆင်ဂျာတွေမှာ ရေးနေတာတွေလည်း တွေ့ရပါတယ်။ သူဒဏ်ရာရခဲ့တာဟာ လာရောက်ဖမ်းဆီးစဉ် လွတ်မြောက်ဖို့ကြိုးစားရင်း မတော်တဆဖြစ်ပြီး ဦးခေါင်းမှာ ဒဏ်ရာရတယ်လို့ ပြောတာတွေ တွေ့ပါတယ်။ တချို့ကလည်း ပစ်ခတ်မှုကြောင့်ပဲလား ဆိုတာမျိုး စိုးရိမ်ကြပါတယ်။ အဲဒီတော့ ဘယ်လိုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ သိထားပါသလဲခင်ဗျ။

မနီလာသိန်း - “အခြေအနေတွေကတော့ အမျိုးမျိုး ပြောနေကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အင်အားအလုံးအရင်းနဲ့ ဝင်တဲ့အခါမှာ ဘယ်လိုအခြေအနေမျိုးကြောင့် သူ ဘယ်လိုဒဏ်ရာရသွားလဲဆိုတာ ကျမလည်း မသိဘူး။”

ကိုဇော်မိုးကျော် - ဟုတ်ကဲ့၊ ဒဏ်ရာရပြီးတော့ ဆေးရုံတင်ထားရတယ်၊ ဦးခေါင်းခွဲစိတ်ရတယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုနောက်ဆုံး သူ့ရဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။

မနီလာသိန်း - “ကြားတာတော့ ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသွားတဲ့ နောက်ဆက်တွဲမှာ ဆေးရုံရောက်တယ်ဆိုတာ ကြားတယ်။ ပြီးတော့ ဦးခေါင်းခွဲရမယ် ဆိုတဲ့ဟာ ကြားတယ်။ ပထမတော့ ဦးခေါင်းခွဲရမယ် ကြားတယ်။ နောက်တော့ မခွဲဖြစ်ဘူးပေါ့။ အခု သတိရတယ်ကြားတယ်၊ အဲဒါပဲ ကြားတယ်။”

ဦးခေါင်းခွဲစိတ်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဦးခေါင်းခွဲစိတ် ကုသရခြင်း မရှိဘဲ သတိပြန်ရနေပြီလို့ သတင်းရရှိထားပါတယ်။

ကိုဂျင်မီကို ဖမ်းဆီးတာဟာ မတရားဖမ်းဆီးတာပဲလု့ိ မနီလာသိန်းက ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးနှိပ်စက်မှု အားလုံးဟာ တရားမျှတမှုမရှိတဲ့ လုပ်ဆောင်မှုတွေပဲလို့ မနီလာသိန်းက မြင်ပါတယ်။

“အာဏာသိမ်းတဲ့နေ့ကနေ ဒီနေ့အထိကတော့ သူတို့ရဲ့ မတရားဖမ်းဆီးမှု၊ မတရားမှု မှန်သမျှကို သူတို့ တောက်လျှောက် လုပ်ဆောင်နေတာလေ။ အခုလည်း သူတို့တွေရဲ့ လုပ်ဆောင်မှုတွေက ပိုပိုပြီး အခြေအနေတွေက ဆိုးရွားလာတယ်။ သူတို့ ဆိုးရွားလာတာနဲ့အတူ နိုင်ငံတကာပြယုဂ်မှာလည်း သူတို့ရဲ့ အခြေအနေက နိုင်ငံတကာကပါ အသိအမှတ် မပြုမှုတွေ၊ သူတို့ရဲ့လုပ်ရပ်တွေကို ရှုတ်ချမှုတွေ တောက်လျှောက်ဖြစ်ပေါ်နေတယ်၊ လုပ်ဆောင်နေတာတွေ တွေ့တယ်။ အဲဒီအတွက် အခု ဖမ်းဆီးခံရတဲ့ အပေါ်မှာလည်း ကျမတို့က အထူးအထွေ ပြောစရာမလိုပါဘူး၊ ရှင်းလင်းပါတယ်၊ သူတို့ရဲ့ မတရား ဖမ်းဆီးမှုတွေအဖြစ်။”

မနီလာသိန်း ပြောဆိုသွားတာပါ။

ကိုဂျင်မီ အဖမ်းခံရပြီး ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်နဲ့ အတည်ပြုချက် ရယူနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေး တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

၈၈ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီဟာ ၈၈ ကာလမှာ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အဲဒီနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်တယောက်အဖြစ် တာဝန်ယူခဲ့ပြီး ထောင်ဒဏ်နှစ်ရှည်တွေ ကျခံခဲ့ရပါတယ်။ အဲဒီနောက် အကျဉ်းထောင်တွေကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုတဲ့ အဖွဲ့အစည်းကို ကိုမင်းကိုနိုင် အပါအဝင် အခြားခေါင်းဆောင်တွေနဲ့ လက်တွဲပြီး မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG