သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၈၈ ေခါင္းေဆာင္ ကိုဂ်င္မီ ဖမ္းဆီးခံရ


၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ (ခ) ကိုေက်ာ္မင္းယု။ (ဓာတ္ပုံ - Nilar Thein Facebook)

(Zawgyi / Unicode)

၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီကို မေန႔ညပိုင္းက ရန္ကုန္ ေျမာက္ဒဂံုမွာ ဖမ္းဆီးခံရတယ္လို႔ ဇနီးျဖစ္သူ မနီလာသိန္းက ဗြီအုိေအကို အတည္ျပဳ ေျပာပါတယ္။

မေန႔ညပိုင္းက ေျမာက္ဒဂံုၿမိဳ႕နယ္တြင္း ေနရာတခ်ိဳ႕မွာ ပစ္ခတ္သံေတြ ၾကားရၿပီး ထိခိုက္ဒဏ္ရာရမႈေတြ ရွိတယ္လို႔လည္း ေဒသခံေတြကတဆင့္ သိရပါတယ္။ ဒီလို အေျခအေနေတြေၾကာင့္ ကိုဂ်င္မီရဲ႕ အသက္အႏၲရာယ္ကို စိုးရိမ္မိတယ္လို႔လည္း ဇနီးျဖစ္သူက ေျပာပါတယ္။

ကိုဂ်င္မီ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစံုတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

ကိုဂ်င္မီ ေခၚ ကိုေက်ာ္မင္းယုဟာ ၁၉၈၈ ေက်ာင္းသားလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ခဲ့သူတဦး ျဖစ္သလို လက္ရွိအားျဖင့္ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းရဲ႕ ဦးေဆာင္သူတဦးလည္း ျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ပုဒ္မ ၅၀၅-ခ နဲ႔ စစ္ေကာင္စီက ဖမ္းဝရမ္း ထုတ္ထားပါတယ္။

ကိုဂ်င္မီဟာ ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ႏွစ္ရွည္ေထာင္ဒဏ္ က်ခံခဲ့ရတဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း တဦးလည္း ျဖစ္ပါတယ္။

-------------------------

(Unicode)

၈၈ ခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးခံရ

၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို မနေ့ညပိုင်းက ရန်ကုန် မြောက်ဒဂုံမှာ ဖမ်းဆီးခံရတယ်လို့ ဇနီးဖြစ်သူ မနီလာသိန်းက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။

မနေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်တွင်း နေရာတချို့မှာ ပစ်ခတ်သံတွေ ကြားရပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ကိုဂျင်မီရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။

ကိုဂျင်မီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုဟာ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို လက်ရှိအားဖြင့် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ပုဒ်မ ၅၀၅-ခ နဲ့ စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ကိုဂျင်မီဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG