သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ၈၈ ေခါင္းေဆာင္ ကုိဂ်င္မီ အသက္အႏၲရာယ္ မိသားစု စိုးရိမ္ပူပန္


၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ (ခ) ကိုေက်ာ္မင္းယု။ (ဓာတ္ပုံ - Nilar Thein Facebook)

(Zawgyi / Unicode)

ေအာက္တိုဘာ ၂၃ ရက္ေန႔ ညပိုင္းက စစ္ေကာင္စီရဲ႕ ဖမ္းဆီးျခင္း ခံခဲ့ရတဲ့ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ ေခၚ ကိုေက်ာ္မင္းယုရဲ႕ အသက္အႏၲရာယ္အတြက္ အထူးစိုးရိမ္မိတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။ သူဟာ အင္အားသံုး ဖမ္းဆီးခံရတာေၾကာင့္ ထိခိုက္မႈတစံုတရာ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီအေၾကာင္း ကိုသားၫြန္႔ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

၈၈ ေက်ာင္းသားမ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီ ေခၚ ကိုေက်ာ္မင္းယုကို ရန္ကုန္တိုင္း ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) က ေနအိမ္တအိမ္မွာ ေအာက္တိုဘာလ ၂၃ ရက္ေန႔ ညပိုင္းမွာ စစ္ေကာင္စီ လံုၿခံဳေရးတပ္ေတြက ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဖမ္းဆီးခံရတဲ့ အေျခအေနကို ကိုဂ်င္မီရဲ႕ ဇနီးလည္းျဖစ္ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖဲြ႔အစည္း ေခါင္းေဆာင္တဦးလည္းျဖစ္တဲ့ မနီလာသိန္းက ဗြီအုိေအကို အတည္ျပဳပါတယ္။

“မေန႔ည ၉ နာရီေနာက္ပုိင္းက ေျမာက္ဒဂုံက အိမ္တအိမ္မွာ အိမ္တံခါးေတြ ဖ်က္ဆီးၿပီးေတာ့ ဝင္ေရာက္ဖမ္းဆီးတယ္လို႔ က်မတုိ႔ သိရပါတယ္။”

ဖမ္းဆီးစဥ္မွာ အင္အားသံုးဖမ္းဆီးမႈ ရွိခဲ့တာမို႔လည္း ကိုဂ်င္မီရဲ႕ အသက္အႏၲရာယ္အတြက္ အထူးစိုးရိမ္ပူပန္မိတယ္လို႔လည္း မနီလာသိန္းက ေျပာပါတယ္။

“အဲဒီမွာတုန္းက ကိုဂ်င္မီနဲ႔ အတူေနတဲ့ သားႏွစ္ေယာက္က ထြက္ေျပးလြတ္ေျမာက္သြားတယ္။ သူတုိ႔ ျပန္ေျပာျပခ်က္အရ ဟုိဘက္က အင္အားနဲ႔လာတယ္ဆုိတဲ့အခါမွာ၊ ၿပီးေတာ့ ဖမ္းဆီးသြားတယ္ဆုိတဲ့အခါမွာ ကိုဂ်င္မီရဲ႕ အသက္အႏၱရာယ္ကိုေတာ့ က်မတို႔ စိုးရိမ္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ စစ္ေကာင္စီက အခု ေႏြဦးေတာ္လွန္ေရးမွာ ဖမ္းဆီးထားသမွ်ဟာ က်မတုိ႔ ျပန္ၾကားတဲ့ သတင္းေတြအရ လုံးဝမေကာင္းခဲ့ဘူး။ က်မတို႔ရဲေဘာ္ေတြ ေသဆုံးသြားတဲ့ သတင္းေတြ ၾကားရတယ္။ ဖမ္းဆီးတဲ့ စစ္ေၾကာေရးကာလမွာ မတရား႐ိုက္ႏွက္တာေတြ ညႇဥ္းပန္းႏွိပ္စက္တာေတြ ပုံစံမ်ဳိးစုံနဲ႔ ႀကဳံေတြ႔ရတယ္ဆုိတာကိုလည္း က်မတုိ႔ ၾကားသိရတယ္။ အခု ကုိဂ်င္မီပါသြားတဲ့ ေနာက္ပုိင္းအေျခအေနမွာ ျဖစ္ေပၚလာတဲ့ အေျခအေန အားလုံးကိုလည္း စစ္ေကာင္စီက တာဝန္ယူ ေျဖရွင္းရမယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူ႔ရဲ႕ အသက္အႏၱရာယ္ကို အခုအခ်ိန္မွာ က်မတို႔ အရမ္းစိုးရိမ္ေနပါတယ္။”

ကိုဂ်င္မီ ဖမ္းဆီးခံရတဲ့ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း) မွာ ဒီကေန႔မနက္ လင္းအားႀကီးအခ်ိန္မွာ ပစ္ခတ္မႈတခ်ိဳ႕ ရွိသလို ပိတ္ဆို႔ရွာေဖြမႈေတြ ရွိေနတယ္လို႔လည္း ေဒသခံေတြကတဆင့္ သိရပါတယ္။ ဒါဟာ သူ႔ကိုဖမ္းဆီးမႈနဲ႔ ဆိုင္မဆို္ုင္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။

ကိုဂ်င္မီဟာ ၁၉၈၈ ေက်ာင္းသားလႈပ္ရွားမႈမွာ ဦးေဆာင္ပါဝင္ခဲ့သူတဦး ျဖစ္သလို ၁၉၈၈ ကစလို႔ ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈတေလွ်ာက္ ပါဝင္ခဲ့တဲ့အတြက္ ႏွစ္ရွည္ေထာင္ဒဏ္ က်ခံခဲ့ရတဲ့ ႏိုင္ငံေရးအက်ဥ္းေဟာင္းလည္း ျဖစ္ပါတယ္။ အဲဒီေနာက္ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းမွာ ၈၈ မ်ိဳးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုမင္းကိုႏိုင္နဲ႔အတူ ဒီကေန႔အထိ ဦးေဆာင္ေနသူ ျဖစ္ပါတယ္။ ၂၀၂၁ ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္မွာ စစ္အာဏာသိမ္း ဆန္႔က်င္လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့လို႔ စစ္ေကာင္စီကေန သူ႔ကို ပုဒ္မ ၅၀၅(ခ) နဲ႔ စြဲဆို ဝရမ္းထုတ္ထားပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲမွာ အႏိုင္ရ လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္ဖြဲ႔စည္းတဲ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ အြန္လိုင္း ေဆြးေႏြးေဟာေျပာမႈေတြမွာလည္း သူ႔ကို မၾကာခဏ ေတြ႔ရေလ့ရွိပါတယ္။ ကိုဂ်င္မီ ဖမ္းဆီးခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ ျပန္ၾကားေရးကို ဗြီအုိေအက ဆက္သြယ္ေမးျမန္းထားေပမယ့္ ခုအခ်ိန္အထိ တစံုတရာ တုံ႔ျပန္ေျပာဆိုမႈ မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဖမ်းဆီးခံ ၈၈ ခေါင်းဆောင် ကိုဂျင်မီ အသက်အန္တရာယ် မိသားစု စိုးရိမ်ပူပန်

အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်မိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ သူဟာ အင်အားသုံး ဖမ်းဆီးခံရတာကြောင့် ထိခိုက်မှုတစုံတရာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

၈၈ ကျောင်းသားမျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) က နေအိမ်တအိမ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီ လုံခြုံရေးတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေကို ကိုဂျင်မီရဲ့ ဇနီးလည်းဖြစ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ မနီလာသိန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

“မနေ့ည ၉ နာရီနောက်ပိုင်းက မြောက်ဒဂုံက အိမ်တအိမ်မှာ အိမ်တံခါးတွေ ဖျက်ဆီးပြီးတော့ ဝင်ရောက်ဖမ်းဆီးတယ်လို့ ကျမတို့ သိရပါတယ်။”

ဖမ်းဆီးစဉ်မှာ အင်အားသုံးဖမ်းဆီးမှု ရှိခဲ့တာမို့လည်း ကိုဂျင်မီရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ပူပန်မိတယ်လို့လည်း မနီလာသိန်းက ပြောပါတယ်။

“အဲဒီမှာတုန်းက ကိုဂျင်မီနဲ့ အတူနေတဲ့ သားနှစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ သူတို့ ပြန်ပြောပြချက်အရ ဟိုဘက်က အင်အားနဲ့လာတယ်ဆိုတဲ့အခါမှာ၊ ပြီးတော့ ဖမ်းဆီးသွားတယ်ဆိုတဲ့အခါမှာ ကိုဂျင်မီရဲ့ အသက်အန္တရာယ်ကိုတော့ ကျမတို့ စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက အခု နွေဦးတော်လှန်ရေးမှာ ဖမ်းဆီးထားသမျှဟာ ကျမတို့ ပြန်ကြားတဲ့ သတင်းတွေအရ လုံးဝမကောင်းခဲ့ဘူး။ ကျမတို့ရဲဘော်တွေ သေဆုံးသွားတဲ့ သတင်းတွေ ကြားရတယ်။ ဖမ်းဆီးတဲ့ စစ်ကြောရေးကာလမှာ မတရားရိုက်နှက်တာတွေ ညှဉ်းပန်းနှိပ်စက်တာတွေ ပုံစံမျိုးစုံနဲ့ ကြုံတွေ့ရတယ်ဆိုတာကိုလည်း ကျမတို့ ကြားသိရတယ်။ အခု ကိုဂျင်မီပါသွားတဲ့ နောက်ပိုင်းအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေ အားလုံးကိုလည်း စစ်ကောင်စီက တာဝန်ယူ ဖြေရှင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အသက်အန္တရာယ်ကို အခုအချိန်မှာ ကျမတို့ အရမ်းစိုးရိမ်နေပါတယ်။”

ကိုဂျင်မီ ဖမ်းဆီးခံရတဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မှာ ဒီကနေ့မနက် လင်းအားကြီးအချိန်မှာ ပစ်ခတ်မှုတချို့ ရှိသလို ပိတ်ဆို့ရှာဖွေမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေကတဆင့် သိရပါတယ်။ ဒါဟာ သူ့ကိုဖမ်းဆီးမှုနဲ့ ဆိုင်မဆိုုင်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ကိုဂျင်မီဟာ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၁၉၈၈ ကစလို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတလျှောက် ပါဝင်ခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းဟောင်းလည်း ဖြစ်ပါတယ်။ အဲဒီနောက် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့အတူ ဒီကနေ့အထိ ဦးဆောင်နေသူ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်မှာ စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ စစ်ကောင်စီကနေ သူ့ကို ပုဒ်မ ၅၀၅(ခ) နဲ့ စွဲဆို ဝရမ်းထုတ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့စည်းတဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အွန်လိုင်း ဆွေးနွေးဟောပြောမှုတွေမှာလည်း သူ့ကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ ကိုဂျင်မီ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးကို ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပေမယ့် ခုအချိန်အထိ တစုံတရာ တုံ့ပြန်ပြောဆိုမှု မရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG