[Zawgyi/Unicode]
ႏုိင္ငံတ၀န္းမွာရွိတဲ့ အစိုးရ၀န္ထမ္းေတြအေနနဲ႔ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့အေနနဲ႔ မနက္ျဖန္ ေဖေဖာ္၀ါရီ ၈ ရက္ေန႔ကစၿပီး အလုပ္မဆင္းဘဲ သပိတ္ေမွာက္ၾကဖို႔ ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရး နဲ႔ ပြင့္လင္းလူ႔အဖြဲ႔အစည္းက ဒီေန႔ပန္ၾကားလိုက္ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး ၈၈ မ်ိဳးဆက္ေခါင္းေဆာင္တဦးျဖစ္တဲ့ ကိုဂ်င္မီကို ဆက္သြယ္ေမးျမန္းထားပါတယ္။ က်ေနာ္ရန္နုိင္ပါ။
ရန္ႏုိင္။ ။ ကိုဂ်င္မီတုိ႔ ၈၈ မ်ိဳးဆက္က မနက္ျဖန္ကစၿပီး ဌာနေပါင္းစုံက ၀န္ထမ္းေတြကို အလုပ္မဆင္းဘဲ သပိတ္ေမွာက္ဖို႔ဆုိၿပိး ပန္ၾကားထားတယ္။ ဒါက တႏုိင္ငံလုံးကို အေထြေထြသပိတ္ေမွာက္ဖို႔ ေျပာတာလား။
ကိုဂ်င္မီ။ ။ က်ေနာ္တုိ႔ အခု စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး အၾကမ္မဖက္လႈပ္ရွားမႈ ၂၀၂၀-၂၁ ေပါ့၊ အဲဒီေအာက္မွာသြားေနတာက လႈပ္ရွားမႈ ၃ မ်ိဳးရွိပါတယ္။ ပထမလႈပ္ရွားမႈကေတာ့ က်ေနာ္တုိ႔ ျပည္ေထာင္စုလႊတ္ေတာ္လႈပ္ရွားမႈ၊ အဲဒီလႊတ္ေတာ္ကေန လႊတ္ေတာ္လုပ္ငန္းေတြကေန သြားရမဲ့ လႈပ္ရွားမႈ၊ လႊတ္ေတာ္လႈပ္ရွားမႈတခုရွိမယ္။ ေနာက္ဒုတိယကဘာလဲဆုိေတာ့၊ ၀န္ထမ္းေတြရဲ႕ (CDM) လႈပ္ရွားမႈ၊ ဒါက ဒုတိယလႈပ္ရွားမႈ။ ေနာက္တတိယကေတာ့ ျပည္သူလူထုရဲ႕လႈပ္ရွားမႈဆုိေတာ့ လႈပ္ရွားမႈ ၃ မ်ိဳးကို ေတြ႔ရမယ္။
လႊတ္ေတာ္လႈပ္ရွားမႈဆုိရင္ ျပည္ေထာင္စုလႊတ္ေတာ္ဘက္ကလည္း သူလႊတ္ေတာ္လႈပ္ရွားမႈေတြ ဆက္လုပ္ေနၿပီး၊ ေနာက္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ က်မ္းသစၥာက်ိန္ၿပီ စသျဖင့္ ဒီအလုပ္ေတြလုပ္ေနတယ္။ တဘက္မွာလည္း ဒုတိယ (CDM) လႈပ္ရွားမႈ၊ အာဏာဖီဆန္ေရးလႈပ္ရွားမႈ သပိတ္ေမွာက္လႈပ္ရွားမႈမွာလည္း ဖဲႀကိဳးနီလႈပ္ရွားမႈနဲ႔ အလုပ္မဆင္းေရးလႈပ္ရွားမႈဆုိတဲ့ လႈပ္ရွားမႈ ၂ မ်ိဳးကိုေတြ႔ရတယ္။ အဲဒီေတာ့ အထူးသျဖင့္ (CDM) ကို က်ေနာ္တုိ႔က တြန္းတြန္းတုိက္တုိက္လုပ္ေစခ်င္တယ္။ အင္နဲ႔အားနဲ႔လုပ္ေစခ်င္တယ္။
အေထြေထြသပိတ္ဆုိတာထက္ တႏုိင္ငံလုံးက၀န္ထမ္းေတြ သပိတ္ေမွာက္ၾကဖို႔ကို ေဆာ္ၾသထားတာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ဝန္ထမ္းယႏၱရားႀကီး ရပ္ဆုိင္းသြားၿပီဆုိရင္ေတာ့ ဘာမွဆက္လုပ္လို႔ မရေတာ့ဘူး။ တကယ္လို႔ ၀န္ထမ္းယႏၱရားႀကီး ရပ္ဆုိင္းသြားမယ္ဆုိလို႔ရွိလွ်င္၊ အလုပ္ထုတ္ခံရတဲ့၀န္ထမ္းေတြပဲျဖစ္ျဖစ္၊ အလုပ္ထြက္ရတဲ့၀န္ထမ္းေတြပဲျဖစ္ျဖစ္၊ တခုခု စား၀တ္ေနေရး အခက္အခဲရွိတယ္ဆုိလို႔ရွိလွ်င္ က်ေနာ္တုိ႔ ကူညီေရးအဖဲြ႔ေတြရွိထားပါတယ္။ ကူညီေရးအဖဲြ႔ေတြ လုပ္ထားတယ္။ ေနာက္ရပ္ကြက္အလိုက္ ေက်းရြာအလိုက္ေတြရွိတယ္။ ေျပာခ်င္တာကဘာလဲဆုိရင္ မနက္ျဖန္တနလၤာေန႔က စၿပီး တႏုိင္ငံလုံးအတုိင္းအတာနဲ႔ ဝန္ထမ္းသပိတ္ေပါ့။ အဲဒါကို လုံး၀အလုပ္ရပ္နားၿပီးေတာ့မွ ေမွာက္တဲ့သပိတ္မ်ိဳးကို က်ေနာ္တုိ႔ပန္ၾကားေနတာပါ။ အလုပ္ေတာ့ဆင္းတယ္၊ ဖဲႀကိဳးနီတပ္တယ္ဆုိတာေတာ့ ေကာင္းပါတယ္။ သို႔ေသာ္ျငားလည္း ဒါက ယဥ္ေက်းတဲ့အစိုးရအဖဲြ႔ေတြကမွ ဒါကိုနားလည္တာပါ။ Civilized ျဖစ္တဲ့အစိုးရအဖဲြ႔ေတြမွ နားလည္တာပါ။ Civilized မျဖစ္တဲ့ အစိုးရအဖဲြ႔ေတြက နားမလည္ဘူး။ အဲဒီလိုအစိုးရမ်ိဳးကို ဆုံးမဖို႔ဆုိလိုရွိလွ်င္ လုံး၀အလုပ္မဆင္းဘဲ ခပ္ျပတ္ျပတ္ေနပစ္လိုက္တာဟာသည္ ပိုၿပီးေတာ့ ထိေရာက္တယ္။
အဲဒီေတာ့ က်ေနာ္တုိ႔မွာ အေတြ႔အႀကံေတြ အမ်ားႀကီးရွိပါတယ္။ ၁၉၈၈ တုန္းကလည္း ဒီလိုပါပဲ။ က်ေနာ္တုိ႔၀န္ထမ္းေတြပါတဲ့ ယႏၱရားႀကီးရပ္သြားခ်ိန္မွာ၊ မဆလအစိုးရျပဳတ္က်သြားတာပါပဲ။ အဲဒီေတာ့ အခုခ်ိန္မွာ (CDM) လႈပ္ရွားမႈဟာ အရွိန္ျမွင့္တင္တဲ့သေဘာပါပဲ၊ ျမင့္တင္တဲ့ေနရာမွာ တႏုိင္ငံလုံးအတုိင္းအတာနဲ႔ လုပ္ငန္းခြင္ေတြပါ ရပ္လိုက္ၿပီ ဆုိလို႔ရွိရင္ ေသခ်ာေပါက္ က်ေနာ္တုိ႔ အႏုိင္ရဖို႔မ်ားသြားပါတယ္။ အဲဒါေၾကာင့္ ၀န္ထမ္းေတြအားလုံးက ပူးေပါင္းပါ၀င္ဖို႔၊ စိတ္ခ်ပါ က်ေနာ္တုိ႔ အာမခံပါတယ္။ ဘာအတြက္ အာမခံလဲဆုိလို႔ရွိလွ်င္၊ က်ေနာ္တုိ႔ ေမတၱာနဲ႔ အာမခံပါတယ္။ ျပည္သူတရပ္လုံးကလည္း ဒါကိုေမွ်ာ္လင့္ေနၾကတယ္။ ၿပီးေတာ့ တကယ္လို႔ ထုတ္ခံရလို႔ပဲျဖစ္ျဖစ္၊ ထြက္လာခဲ့လို႔ပဲျဖစ္ျဖစ္၊ ရပ္ကြက္ထဲမွာ လမ္းထဲမွာ တကယ္ျဖစ္ေနတယ္ဆုိလို႔ရွိလွ်င္ ရပ္ကြက္သူ/သားေတြ၊ လမ္းသူ၊ လမ္းသားေတြကို အေၾကာင္းၾကားပါ။ အခ်ိန္မေရြး က်ေနာ္တုိ႔နဲ႔ဆက္သြယ္လိုက္ပါ။ ဒါေပမဲ့လည္း က်ေနာ္တုိ႔ၾကည့္ရသေလာက္ေတာ့၊ ရပ္ကြက္ေတြကလည္း ဘာလုပ္ေပးရမလဲဆုိတဲ့ ျပင္ဆင္မႈေတြရွိလာၾကပါၿပီ။ အခုက်ေနာ္တုိ႔ နာမည္ႀကီးတဲ့ ရဟန္းပုဂၢိဳလ္၊ လူပုဂၢိဳလ္ေတြကိုယ္တုိင္ကလည္း စုစည္းၿပီးေတာ့ ျပင္ဆင္ထားတဲ့ဟာေတြလည္းရွိပါတယ္။
ကိုရန္ႏိုင္။ ။ ဒီကေနၿပီးေတာ့ ဘယ္ေလာက္ထိ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားလဲ။
ကိုဂ်င္မီ။ ။ ေမွ်ာ္လင့္ထားလဲဆိုတာထက္ က်ေနာ္တို႔က ဝန္ထမ္းေတြရဲ႕ပူးေပါင္းပါဝင္မႈကို လိုလားတယ္လို႔ပဲ အျပတ္ေျပာပါရေစ။ ဒါက ဘာျဖစ္လို႔လဲဆိုေတာ့ တုိင္းျပည္အတြက္ သိပ္ကို အေရးႀကီးလို႔ပါ။ အာဏာသိမ္းတဲ့အစိုးရ သက္ဆုိးရွည္ဖို႔၊ အထူးသျဖင့္ စစ္အာဏာရွင္ သက္ဆိုးရွည္ဖို႔ကို မေပးခ်င္ေတာ့ဘူး။ က်ေနာ္တို႔က ဘာအၿငိဳး အာဃာတေတြ တခုမွ မပါပါဘူး။ တုိင္းျပည္ေကာင္းဖို႔အတြက္ပါပဲ။ ေနာက္လာေနာက္သားေတြ က်ေနာ္တို႔လိုမ်ဳိး စစ္တပ္က အာဏာသိမ္းလိုက္၊ ႐ုန္းလိုက္ ကန္လိုက္၊ ပစ္လုိက္ခတ္လိုက္နဲ႔ အဲဒီလိုဘဝမ်ဳိးေတြနဲ႔ သံသရာလည္ေနရမယ္ဆိုရင္ က်ေနာ္တို႔ ဒီလူေတြဟာ တာဝန္မေက်သလို ခံစားရတယ္။ ခံစားရတယ္ဆိုတာ ဝန္ထမ္းေတြကလည္း ဒီလို ေသာကေတြနဲ႔၊ ေၾကာက္စိတ္ေတြနဲ႔ပဲ ၿပီးသြားရမယ္ဆိုတာမ်ဳိး သူတို႔ ဘယ္ေတာ့မွ အျဖစ္မခံဘူးလို႔ က်ေနာ္တို႔က ယံုၾကည္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ ေတာ္ေတာ္ သတၱိေကာင္းၾကတယ္။ ေတာ္ေတာ္ သတၱိရွိၾကတယ္။ ထပ္ၿပီး ေျပာရမယ္ဆိုရင္ ဒီသပိတ္တိုက္ပြဲကို စတင္လုိက္တာသည္ ဝန္ထမ္းေတြပဲ။ ဝန္ထမ္းေတြပဲျဖစ္တဲ့အတြက္ က်ေနာ္ ေတာ္ေတာ္အားရတယ္။ ဝန္ထမ္းေတြ အကုန္လံုးပါလာမယ္လို႔လည္း က်ေနာ္က တကယ္ယံုၾကည္အားကိုး ေမွ်ာ္လင့္တယ္ဆိုတာကိုေတာ့ က်ေနာ္ေျပာပါရေစ။
ကိုရန္ႏိုင္။ ။ ဟုတ္ကဲ့။ အခုနက အကိုေျပာသလိုပဲ ဒီသပိတ္တုိက္ပြဲကိုစတာေတာ့ ဝန္ထမ္းေတြပဲ။ ဒါေပမဲ့ ဒီဝန္ထမ္းေတြ အကုန္လံုးပါလာဖို႔က စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး အၾကမ္းမဖက္လႈပ္ရွားမႈ ၂၀၂၁ ေအာင္ျမင္ဖို႔အတြက္ ဝန္ထမ္းေတြအလုပ္မဆင္းဖို႔က ဘယ္ေလာက္ထိ အေရးႀကီးတယ္၊ အေရးပါတယ္ဆိုတာကို ေျပာျပေပးပါအံုး။
ကိုဂ်င္မီ။ ။ သူတို႔မဆင္းေတာ့ဘူးဆိုရင္ ယႏၱရားက ရပ္သြားၿပီေလဗ်ာ။ ဝန္ထမ္းၾကားထဲမွာ လုပ္လုိ႔ကိုင္လို႔ဘာမွမရေတာ့ဘူးေလ။ မရေတာ့ဘူးဆိုရင္ ဝန္ႀကီးဌာနေတြ ဘာလို႔ဖြဲ႔ထားေတာ့မလဲ။ ဝန္ႀကီးဌာနေတြ ဘာမွ အလုပ္မျဖစ္ေတာ့ဘူး။ အနည္းဆံုး ကြန္ျပဴတာစာေရးေတြကအစ၊ လက္ႏွိပ္စက္႐ုိက္တဲ့သူေတြကအစ သူတို႔ဖာသာဆင္းလုပ္ႏိုင္ရင္ လုပ္ၾကေပေတာ့ေပါ့ဗ်ာ။ ေနာက္ စာရင္းကိုင္ေတြကအစ၊ စာရင္းကိုင္ေတြ၊ လက္ႏွိပ္စက္႐ိုက္တဲ့လူေတြ၊ ကြန္ျပဴတာ႐ိုက္တဲ့လူေတြ ပါလာလို႔ရွိရင္ က်ေနာ္ ပိုေတာင္ႀကိဳက္ေသးတယ္။ ဒီအခ်ိန္မွာ ႀကိဳက္တဲ့သူအစားထိုးေလ။ ေနာက္ၿပီးေတာ့ အစဥ္အဆက္ ကၽြမ္းက်င္နားလည္တဲ့ ႐ံုးစာေရးလို ပုဂၢိဳလ္မ်ဳိးေတြေပါ့ဗ်ာ။ အဲဒီလို ႐ံုးစာေရးလို ပုဂၢိဳလ္မ်ဳိးေတြသာ ပါလာခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္ေတာ့ အမ်ားႀကီးဝမ္းသာတာေပါ့။ အမ်ားႀကီးႀကိဳဆိုတာေပါ့ဗ်ာ။ ဒါကလည္း အေရးႀကီးလို႔ ဒီအေျခအေနကို ေတာင္းဆိုေနတာပါ။ က်ေနာ္တို႔တုိင္းျပည္အတြက္အမ်ားႀကီးအလုပ္ျဖစ္သြားလိမ့္မယ္။ ဒီစစ္အာဏာသိမ္းအစိုးရဟာ ခ်ာလပတ္ကို လည္သြားေစရမယ္။ ဝန္ထမ္းအားလံုးသာ မယံုရင္ ရပ္ၾကည့္။ ဒါက သမုိင္းအဆက္ဆက္မွာလည္း ရွိၿပီးသား။ ကမၻာ့သမုိင္းမွာလည္း ဒါေတြက ရွိၿပီးသား။ ဝန္ထမ္းအင္အားက သိပ္ကိုအေရးႀကီးပါတယ္။
ကိုရန္ႏိုင္။ ။ ဒီေန႔ဆိုရင္ ရန္ကုန္ေရာ၊ တျခားၿမိဳ႕ေတြေရာေပါ့ေနာ္။ အဓိက ရန္ကုန္မွာဆိုရင္လည္း လုူေတြက အမ်ားႀကီးပဲ ထြက္ၿပီးေတာ့ ဆႏၵျပၾကတယ္။ ဒီအေပၚမွာေရာ အကို႔အေနနဲ႔ ဘယ္လိုမ်ား သတင္းစကားပါးခ်င္လဲ။ ကိုေပၚ (ကိုမင္းကိုႏုိင္) ကိုေတာ့ ဟိုမွာ ေတြ႔လိုက္တယ္။ ဆႏၵျပပဲြေတြထဲမွာ ေတြ႔တဲ့သူလည္းေတြ႔တယ္။ ပါ၀င္ၿပီးေတာ့ သူ႔ကို မေတြ႔လိုက္တဲ့လူေတြကို အကိုတို႔ ဘာမ်ားသတင္းစကားထပ္ၿပီးေတာ့ ပါးခ်င္လဲ။
ကိုဂ်င္မီ။ ။ ဒီလိုပါဗ်ာ။ ဒီစစ္တပ္က အခ်ိန္မေရြးအာဏာသိမ္းႏုိင္တယ္ဆိုတာကို က်ေနာ္တို႔ေခါင္းထဲမွာ အၿမဲတမ္းထည့္ထားတာဗ်။ ဘာေၾကာင့္လဲဆိုေတာ့ သူက- သူ႔ရဲ႕စိတ္ထဲမွာ ဘယ္လိုခံစားေနရလဲဆိုေတာ့ က်ေနာ္တို႔ကိုသူက ၇၅ % ေတာင္ ေပးထားရတယ္ဆိုတဲ့ ခံစားခ်က္မ်ဳိး သူ႔မွာရွိေနပံုရတယ္ဗ်။ ”က်ေနာ္တို႔က ျပည္သူ႔အာဏာ ၁၀၀% ျပည့္ ရ ရမွာ။ ခင္ဗ်ားတို႔က အစိတ္ယူထားတယ္။ အဲဒီအစိတ္ျပန္ေပးပါ။” လို႔ ေျပာေနတဲ့အခ်ိန္မွာ သူတို႔က ၇၅% ဆံုး႐ံႈးေနတယ္ဆိုတဲ့ အဲဒီအေတြးေတြ ရွိေနၾကေသးတယ္ဗ်။ ရွိေနတဲ့အတြက္ အခ်ိန္မေရြး အာဏာသိမ္းဖို႔အတြက္ သူတို႔ျပင္ဆင္တာပဲ။ ျပင္ဆင္တဲ့အတြက္ ဒါကိုလည္း က်ေနာ္တို႔ေခါင္းထဲမွာ အၿမဲတမ္းတြက္ထားတယ္။ ဒီေရြးေကာက္ပြဲ ႏုိင္သြားၿပီးတဲ့အခ်ိန္မွာ။ ဒါေပမဲ့ က်ေနာ္တို႔ ႀကိဳေျပာထားတာ ရွိပါတယ္။ တျခားအခ်ိန္မွာ အာဏာသိမ္းရင္ေတာင္မွ လုပ္ရကိုင္ရတာ၊ ဒီဘက္က ေဆာ္ၾသရတာ နည္းနည္း ၾကပ္အံုးမယ္။ အခု ေရြးေကာက္ပြဲမွာ ျပည္သူလူထုတရပ္လံုးႀကီးကို ဆန္႔က်င္ၿပီး အာဏာသိမ္းတယ္ဆိုတဲ့လုပ္ရပ္ကေတာ့ သိမ္းရင္ ျပည္သူေတြနဲ႔ ေသခ်ာေပါက္ေတြ႔မယ္ဆိုတာ က်ေနာ္တို႔က ႀကိဳေျပာၿပီးသား။ မွတ္တမ္းေတြ က်ေနာ္တို႔မွာရွိတယ္။ အဲဒီေတာ့ အခုျဖစ္တဲ့လူထုလႈပ္ရွားမႈဟာ - လူထုလႈပ္ရွားမႈကို အၾကမ္းမဖက္တဲ့လႈပ္ရွားမႈျဖစ္ေအာင္ပဲ က်ေနာ္တို႔က ဝုိင္းၿပီးထိန္းသိမ္းေပးတယ္၊ ဝုိင္းကူေပးတဲ့သေဘာပဲ၊ ဝုိင္းၿပီး ပူးေပါင္းေဆာင္ရြက္ေပးတဲ့သေဘာပဲ။
က်ေနာ္တို႔ယံုၾကည္တာေလး ရွိပါတယ္။ ေခါင္းတြဲႀကီးျပဳတ္သြားေပမဲ့လည္း က်ေနာ္တို႔က တြဲတုိင္းမွာ ဆက္ၿပီး စက္ေခါင္းေတြပါေနၾကတဲ့အတြက္ ေျပာရမယ္ဆိုလို႔ရွိရင္ေတာ့ဗ်ာ- က်ေနာ္တို႔ ျမက္ပင္သီအိုရီလိုေပါ့ဗ်ာ။ “ျမက္ပင္သီအိုရီမွာ ဘယ္ကေနစေပါက္လဲဆိုတာ မသိရဘူး။ အဆစ္တုိင္းမွာ အျမစ္ထြက္မယ္၊ အျမစ္တုိင္းကေနၿပီးေတာ့ အပင္ျဖစ္ႏိုင္တယ္ဆို”တဲ့ အဲဒီသီအိုရီကို က်ေနာ္တို႔က ႏွစ္ေပါင္း ၂၀ ေလာက္ကတည္းက ယံုၾကည္ခဲ့ၾကတဲ့သူေတြပါ။ အဲဒီလိုလူေတြျဖစ္တဲ့အတြက္ အခု လူထုလႈပ္ရွားမႈက အၾကမ္းမဖက္တဲ့လႈပ္ရွားမႈျဖစ္ရင္ၿပီးေရာ၊ လႈပ္ရွားမႈပံုစံေတြက အမ်ဳိးမ်ဳိး လုပ္ၾကလိမ့္မယ္။ သူတို႔ဉာဏ္ကြန္႔ျမဴးႏုိင္ရင္ ကြန္႔ျမဴးႏိုင္သေလာက္ လုပ္ၾကလိမ့္မယ္။ တခ်ဳိ႕လုပ္တဲ့ပံုေလးေတြ ေတာ္ေတာ္လွတယ္။ အိုင္ဒီယာေလးေတြဆိုရင္ က်ေနာ္ၾကည့္ေနတာ- ေႂကြးေက်ာ္သံေတြကအစ က်ေနာ္တို႔ ေစာင့္ၾက့ည့္ေနတာ၊ နားေထာင္ေနတာေပါ့ဗ်ာ။ အဲဒီေတာ့ လူထုက သတၱိေကာင္းတဲ့အျပင္ အေတြ႔အႀကံဳပါ ရင့္က်က္လာၿပီးေတာ့ အၾကမ္းမဖက္တဲ့လႈပ္ရွားမႈကိုလည္း ေတာ္ေတာ္ေလး ေက်ေက်လည္လည္သေဘာေပါက္လာတာကို ျမင္ရတယ္။ အဲဒါကေတာ့ က်ေနာ္ သိပ္အားရတယ္ဗ်ာ။
ကိုရန္ႏိုင္။ ။ ဟုတ္ကဲ့ပါ။ ကိုဂ်င္မီ။ ေက်းဇူးပါပဲ။
[Unicode Version]
၈၈ ငြိမ်း/ပွင့်ခေါင်းဆောင် ကိုဂျင်မီနဲ့ VOA ဆက်သွယ်မေးမြန်းချက်
နိုင်ငံတဝန်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး အလုပ်မဆင်းဘဲ သပိတ်မှောက်ကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ပန်ကြားလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကျနော်ရန်နိုင်ပါ။
ရန်နိုင်။ ။ ကိုဂျင်မီတို့ ၈၈ မျိုးဆက်က မနက်ဖြန်ကစပြီး ဌာနပေါင်းစုံက ဝန်ထမ်းတွေကို အလုပ်မဆင်းဘဲ သပိတ်မှောက်ဖို့ဆိုပြိး ပန်ကြားထားတယ်။ ဒါက တနိုင်ငံလုံးကို အထွေထွေသပိတ်မှောက်ဖို့ ပြောတာလား။
ကိုဂျင်မီ။ ။ ကျနော်တို့ အခု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်မဖက်လှုပ်ရှားမှု ၂၀၂၀-၂၁ ပေါ့၊ အဲဒီအောက်မှာသွားနေတာက လှုပ်ရှားမှု ၃ မျိုးရှိပါတယ်။ ပထမလှုပ်ရှားမှုကတော့ ကျနော်တို့ ပြည်ထောင်စုလွှတ်တော်လှုပ်ရှားမှု၊ အဲဒီလွှတ်တော်ကနေ လွှတ်တော်လုပ်ငန်းတွေကနေ သွားရမဲ့ လှုပ်ရှားမှု၊ လွှတ်တော်လှုပ်ရှားမှုတခုရှိမယ်။ နောက်ဒုတိယကဘာလဲဆိုတော့၊ ဝန်ထမ်းတွေရဲ့ (CDM) လှုပ်ရှားမှု၊ ဒါက ဒုတိယလှုပ်ရှားမှု။ နောက်တတိယကတော့ ပြည်သူလူထုရဲ့လှုပ်ရှားမှုဆိုတော့ လှုပ်ရှားမှု ၃ မျိုးကို တွေ့ရမယ်။
လွှတ်တော်လှုပ်ရှားမှုဆိုရင် ပြည်ထောင်စုလွှတ်တော်ဘက်ကလည်း သူလွှတ်တော်လှုပ်ရှားမှုတွေ ဆက်လုပ်နေပြီး၊ နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကျမ်းသစ္စာကျိန်ပြီ စသဖြင့် ဒီအလုပ်တွေလုပ်နေတယ်။ တဘက်မှာလည်း ဒုတိယ (CDM) လှုပ်ရှားမှု၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု သပိတ်မှောက်လှုပ်ရှားမှုမှာလည်း ဖဲကြိုးနီလှုပ်ရှားမှုနဲ့ အလုပ်မဆင်းရေးလှုပ်ရှားမှုဆိုတဲ့ လှုပ်ရှားမှု ၂ မျိုးကိုတွေ့ရတယ်။ အဲဒီတော့ အထူးသဖြင့် (CDM) ကို ကျနော်တို့က တွန်းတွန်းတိုက်တိုက်လုပ်စေချင်တယ်။ အင်နဲ့အားနဲ့လုပ်စေချင်တယ်။
အထွေထွေသပိတ်ဆိုတာထက် တနိုင်ငံလုံးကဝန်ထမ်းတွေ သပိတ်မှောက်ကြဖို့ကို ဆော်သြထားတာပါ။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားပြီဆိုရင်တော့ ဘာမှဆက်လုပ်လို့ မရတော့ဘူး။ တကယ်လို့ ဝန်ထမ်းယန္တရားကြီး ရပ်ဆိုင်းသွားမယ်ဆိုလို့ရှိလျှင်၊ အလုပ်ထုတ်ခံရတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ အလုပ်ထွက်ရတဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်၊ တခုခု စားဝတ်နေရေး အခက်အခဲရှိတယ်ဆိုလို့ရှိလျှင် ကျနော်တို့ ကူညီရေးအဖွဲ့တွေရှိထားပါတယ်။ ကူညီရေးအဖွဲ့တွေ လုပ်ထားတယ်။ နောက်ရပ်ကွက်အလိုက် ကျေးရွာအလိုက်တွေရှိတယ်။ ပြောချင်တာကဘာလဲဆိုရင် မနက်ဖြန်တနင်္လာနေ့က စပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်ထမ်းသပိတ်ပေါ့။ အဲဒါကို လုံးဝအလုပ်ရပ်နားပြီးတော့မှ မှောက်တဲ့သပိတ်မျိုးကို ကျနော်တို့ပန်ကြားနေတာပါ။ အလုပ်တော့ဆင်းတယ်၊ ဖဲကြိုးနီတပ်တယ်ဆိုတာတော့ ကောင်းပါတယ်။ သို့သော်ငြားလည်း ဒါက ယဉ်ကျေးတဲ့အစိုးရအဖွဲ့တွေကမှ ဒါကိုနားလည်တာပါ။ Civilized ဖြစ်တဲ့အစိုးရအဖွဲ့တွေမှ နားလည်တာပါ။ Civilized မဖြစ်တဲ့ အစိုးရအဖွဲ့တွေက နားမလည်ဘူး။ အဲဒီလိုအစိုးရမျိုးကို ဆုံးမဖို့ဆိုလိုရှိလျှင် လုံးဝအလုပ်မဆင်းဘဲ ခပ်ပြတ်ပြတ်နေပစ်လိုက်တာဟာသည် ပိုပြီးတော့ ထိရောက်တယ်။
အဲဒီတော့ ကျနော်တို့မှာ အတွေ့အကြံတွေ အများကြီးရှိပါတယ်။ ၁၉၈၈ တုန်းကလည်း ဒီလိုပါပဲ။ ကျနော်တို့ဝန်ထမ်းတွေပါတဲ့ ယန္တရားကြီးရပ်သွားချိန်မှာ၊ မဆလအစိုးရပြုတ်ကျသွားတာပါပဲ။ အဲဒီတော့ အခုချိန်မှာ (CDM) လှုပ်ရှားမှုဟာ အရှိန်မြှင့်တင်တဲ့သဘောပါပဲ၊ မြင့်တင်တဲ့နေရာမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ငန်းခွင်တွေပါ ရပ်လိုက်ပြီ ဆိုလို့ရှိရင် သေချာပေါက် ကျနော်တို့ အနိုင်ရဖို့များသွားပါတယ်။ အဲဒါကြောင့် ဝန်ထမ်းတွေအားလုံးက ပူးပေါင်းပါဝင်ဖို့၊ စိတ်ချပါ ကျနော်တို့ အာမခံပါတယ်။ ဘာအတွက် အာမခံလဲဆိုလို့ရှိလျှင်၊ ကျနော်တို့ မေတ္တာနဲ့ အာမခံပါတယ်။ ပြည်သူတရပ်လုံးကလည်း ဒါကိုမျှော်လင့်နေကြတယ်။ ပြီးတော့ တကယ်လို့ ထုတ်ခံရလို့ပဲဖြစ်ဖြစ်၊ ထွက်လာခဲ့လို့ပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမှာ လမ်းထဲမှာ တကယ်ဖြစ်နေတယ်ဆိုလို့ရှိလျှင် ရပ်ကွက်သူ/သားတွေ၊ လမ်းသူ၊ လမ်းသားတွေကို အကြောင်းကြားပါ။ အချိန်မရွေး ကျနော်တို့နဲ့ဆက်သွယ်လိုက်ပါ။ ဒါပေမဲ့လည်း ကျနော်တို့ကြည့်ရသလောက်တော့၊ ရပ်ကွက်တွေကလည်း ဘာလုပ်ပေးရမလဲဆိုတဲ့ ပြင်ဆင်မှုတွေရှိလာကြပါပြီ။ အခုကျနော်တို့ နာမည်ကြီးတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေကိုယ်တိုင်ကလည်း စုစည်းပြီးတော့ ပြင်ဆင်ထားတဲ့ဟာတွေလည်းရှိပါတယ်။
ကိုရန်နိုင်။ ။ ဒီကနေပြီးတော့ ဘယ်လောက်ထိ ဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ။
ကိုဂျင်မီ။ ။ မျှော်လင့်ထားလဲဆိုတာထက် ကျနော်တို့က ဝန်ထမ်းတွေရဲ့ပူးပေါင်းပါဝင်မှုကို လိုလားတယ်လို့ပဲ အပြတ်ပြောပါရစေ။ ဒါက ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်အတွက် သိပ်ကို အရေးကြီးလို့ပါ။ အာဏာသိမ်းတဲ့အစိုးရ သက်ဆိုးရှည်ဖို့၊ အထူးသဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ကို မပေးချင်တော့ဘူး။ ကျနော်တို့က ဘာအငြိုး အာဃာတတွေ တခုမှ မပါပါဘူး။ တိုင်းပြည်ကောင်းဖို့အတွက်ပါပဲ။ နောက်လာနောက်သားတွေ ကျနော်တို့လိုမျိုး စစ်တပ်က အာဏာသိမ်းလိုက်၊ ရုန်းလိုက် ကန်လိုက်၊ ပစ်လိုက်ခတ်လိုက်နဲ့ အဲဒီလိုဘဝမျိုးတွေနဲ့ သံသရာလည်နေရမယ်ဆိုရင် ကျနော်တို့ ဒီလူတွေဟာ တာဝန်မကျေသလို ခံစားရတယ်။ ခံစားရတယ်ဆိုတာ ဝန်ထမ်းတွေကလည်း ဒီလို သောကတွေနဲ့၊ ကြောက်စိတ်တွေနဲ့ပဲ ပြီးသွားရမယ်ဆိုတာမျိုး သူတို့ ဘယ်တော့မှ အဖြစ်မခံဘူးလို့ ကျနော်တို့က ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ သူတို့ တော်တော် သတ္တိကောင်းကြတယ်။ တော်တော် သတ္တိရှိကြတယ်။ ထပ်ပြီး ပြောရမယ်ဆိုရင် ဒီသပိတ်တိုက်ပွဲကို စတင်လိုက်တာသည် ဝန်ထမ်းတွေပဲ။ ဝန်ထမ်းတွေပဲဖြစ်တဲ့အတွက် ကျနော် တော်တော်အားရတယ်။ ဝန်ထမ်းတွေ အကုန်လုံးပါလာမယ်လို့လည်း ကျနော်က တကယ်ယုံကြည် အားကိုး မျှော်လင့်တယ်ဆိုတာကိုတော့ ကျနော်ပြောပါရစေ။
ကိုရန်နိုင်။ ။ ဟုတ်ကဲ့။ အခုနက အကိုပြောသလိုပဲ ဒီသပိတ်တိုက်ပွဲကိုစတာတော့ ဝန်ထမ်းတွေပဲ။ ဒါပေမဲ့ ဒီဝန်ထမ်းတွေ အကုန်လုံးပါလာဖို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ အောင်မြင်ဖို့အတွက် ဝန်ထမ်းတွေအလုပ်မဆင်းဖို့က ဘယ်လောက်ထိ အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာကို ပြောပြပေးပါအုံး။
ကိုဂျင်မီ။ ။ သူတို့မဆင်းတော့ဘူးဆိုရင် ယန္တရားက ရပ်သွားပြီလေဗျာ။ ဝန်ထမ်းကြားထဲမှာ လုပ်လို့ကိုင်လို့ဘာမှမရတော့ဘူးလေ။ မရတော့ဘူးဆိုရင် ဝန်ကြီးဌာနတွေ ဘာလို့ဖွဲ့ထားတော့မလဲ။ ဝန်ကြီးဌာနတွေ ဘာမှ အလုပ်မဖြစ်တော့ဘူး။ အနည်းဆုံး ကွန်ပြူတာစာရေးတွေကအစ၊ လက်နှိပ်စက်ရိုက်တဲ့သူတွေကအစ သူတို့ဖာသာဆင်းလုပ်နိုင်ရင် လုပ်ကြပေတော့ပေါ့ဗျာ။ နောက် စာရင်းကိုင်တွေကအစ၊ စာရင်းကိုင်တွေ၊ လက်နှိပ်စက်ရိုက်တဲ့လူတွေ၊ ကွန်ပြူတာရိုက်တဲ့လူတွေ ပါလာလို့ရှိရင် ကျနော် ပိုတောင်ကြိုက်သေးတယ်။ ဒီအချိန်မှာ ကြိုက်တဲ့သူအစားထိုးလေ။ နောက်ပြီးတော့ အစဉ်အဆက် ကျွမ်းကျင်နားလည်တဲ့ ရုံးစာရေးလို ပုဂ္ဂိုလ်မျိုးတွေပေါ့ဗျာ။ အဲဒီလို ရုံးစာရေးလို ပုဂ္ဂိုလ်မျိုးတွေသာ ပါလာခဲ့မယ်ဆိုရင်တော့ ကျနော်တော့ အများကြီးဝမ်းသာတာပေါ့။ အများကြီးကြိုဆိုတာပေါ့ဗျာ။ ဒါကလည်း အရေးကြီးလို့ ဒီအခြေအနေကို တောင်းဆိုနေတာပါ။ ကျနော်တို့တိုင်းပြည်အတွက်အများကြီးအလုပ်ဖြစ်သွားလိမ့်မယ်။ ဒီစစ်အာဏာသိမ်းအစိုးရဟာ ချာလပတ်ကို လည်သွားစေရမယ်။ ဝန်ထမ်းအားလုံးသာ မယုံရင် ရပ်ကြည့်။ ဒါက သမိုင်းအဆက်ဆက်မှာလည်း ရှိပြီးသား။ ကမ္ဘာ့သမိုင်းမှာလည်း ဒါတွေက ရှိပြီးသား။ ဝန်ထမ်းအင်အားက သိပ်ကိုအရေးကြီးပါတယ်။
ကိုရန်နိုင်။ ။ ဒီနေ့ဆိုရင် ရန်ကုန်ရော၊ တခြားမြို့တွေရောပေါ့နော်။ အဓိက ရန်ကုန်မှာဆိုရင်လည်း လုူတွေက အများကြီးပဲ ထွက်ပြီးတော့ ဆန္ဒပြကြတယ်။ ဒီအပေါ်မှာရော အကို့အနေနဲ့ ဘယ်လိုများ သတင်းစကားပါးချင်လဲ။ ကိုပေါ် (ကိုမင်းကိုနိုင်) ကိုတော့ ဟိုမှာ တွေ့လိုက်တယ်။ ဆန္ဒပြပွဲတွေထဲမှာ တွေ့တဲ့သူလည်းတွေ့တယ်။ ပါဝင်ပြီးတော့ သူ့ကို မတွေ့လိုက်တဲ့လူတွေကို အကိုတို့ ဘာများသတင်းစကားထပ်ပြီးတော့ ပါးချင်လဲ။
ကိုဂျင်မီ။ ။ ဒီလိုပါဗျာ။ ဒီစစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တယ်ဆိုတာကို ကျနော်တို့ခေါင်းထဲမှာ အမြဲတမ်းထည့်ထားတာဗျ။ ဘာကြောင့်လဲဆိုတော့ သူက- သူ့ရဲ့စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတော့ ကျနော်တို့ကိုသူက ၇၅ % တောင် ပေးထားရတယ်ဆိုတဲ့ ခံစားချက်မျိုး သူ့မှာရှိနေပုံရတယ်ဗျ။ ”ကျနော်တို့က ပြည်သူ့အာဏာ ၁၀၀% ပြည့် ရ ရမှာ။ ခင်ဗျားတို့က အစိတ်ယူထားတယ်။ အဲဒီအစိတ်ပြန်ပေးပါ။” လို့ ပြောနေတဲ့အချိန်မှာ သူတို့က ၇၅% ဆုံးရှုံးနေတယ်ဆိုတဲ့ အဲဒီအတွေးတွေ ရှိနေကြသေးတယ်ဗျ။ ရှိနေတဲ့အတွက် အချိန်မရွေး အာဏာသိမ်းဖို့အတွက် သူတို့ပြင်ဆင်တာပဲ။ ပြင်ဆင်တဲ့အတွက် ဒါကိုလည်း ကျနော်တို့ခေါင်းထဲမှာ အမြဲတမ်းတွက်ထားတယ်။ ဒီရွေးကောက်ပွဲ နိုင်သွားပြီးတဲ့အချိန်မှာ။ ဒါပေမဲ့ ကျနော်တို့ ကြိုပြောထားတာ ရှိပါတယ်။ တခြားအချိန်မှာ အာဏာသိမ်းရင်တောင်မှ လုပ်ရကိုင်ရတာ၊ ဒီဘက်က ဆော်သြရတာ နည်းနည်း ကြပ်အုံးမယ်။ အခု ရွေးကောက်ပွဲမှာ ပြည်သူလူထုတရပ်လုံးကြီးကို ဆန့်ကျင်ပြီး အာဏာသိမ်းတယ်ဆိုတဲ့လုပ်ရပ်ကတော့ သိမ်းရင် ပြည်သူတွေနဲ့ သေချာပေါက်တွေ့မယ်ဆိုတာ ကျနော်တို့က ကြိုပြောပြီးသား။ မှတ်တမ်းတွေ ကျနော်တို့မှာရှိတယ်။ အဲဒီတော့ အခုဖြစ်တဲ့လူထုလှုပ်ရှားမှုဟာ - လူထုလှုပ်ရှားမှုကို အကြမ်းမဖက်တဲ့လှုပ်ရှားမှုဖြစ်အောင်ပဲ ကျနော်တို့က ဝိုင်းပြီးထိန်းသိမ်းပေးတယ်၊ ဝိုင်းကူပေးတဲ့သဘောပဲ၊ ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ပေးတဲ့သဘောပဲ။
ကျနော်တို့ယုံကြည်တာလေး ရှိပါတယ်။ ခေါင်းတွဲကြီးပြုတ်သွားပေမဲ့လည်း ကျနော်တို့က တွဲတိုင်းမှာ ဆက်ပြီး စက်ခေါင်းတွေပါနေကြတဲ့အတွက် ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာ- ကျနော်တို့ မြက်ပင်သီအိုရီလိုပေါ့ဗျာ။ “မြက်ပင်သီအိုရီမှာ ဘယ်ကနေစပေါက်လဲဆိုတာ မသိရဘူး။ အဆစ်တိုင်းမှာ အမြစ်ထွက်မယ်၊ အမြစ်တိုင်းကနေပြီးတော့ အပင်ဖြစ်နိုင်တယ်ဆို”တဲ့ အဲဒီသီအိုရီကို ကျနော်တို့က နှစ်ပေါင်း ၂၀ လောက်ကတည်းက ယုံကြည်ခဲ့ကြတဲ့သူတွေပါ။ အဲဒီလိုလူတွေဖြစ်တဲ့အတွက် အခု လူထုလှုပ်ရှားမှုက အကြမ်းမဖက်တဲ့လှုပ်ရှားမှုဖြစ်ရင်ပြီးရော၊ လှုပ်ရှားမှုပုံစံတွေက အမျိုးမျိုး လုပ်ကြလိမ့်မယ်။ သူတို့ဉာဏ်ကွန့်မြူးနိုင်ရင် ကွန့်မြူးနိုင်သလောက် လုပ်ကြလိမ့်မယ်။ တချို့လုပ်တဲ့ပုံလေးတွေ တော်တော်လှတယ်။ အိုင်ဒီယာလေးတွေဆိုရင် ကျနော်ကြည့်နေတာ- ကြွေးကျော်သံတွေကအစ ကျနော်တို့ စောင့်ကြ့ည့်နေတာ၊ နားထောင်နေတာပေါ့ဗျာ။ အဲဒီတော့ လူထုက သတ္တိကောင်းတဲ့အပြင် အတွေ့အကြုံပါ ရင့်ကျက်လာပြီးတော့ အကြမ်းမဖက်တဲ့လှုပ်ရှားမှုကိုလည်း တော်တော်လေး ကျေကျေလည်လည်သဘောပေါက်လာတာကို မြင်ရတယ်။ အဲဒါကတော့ ကျနော် သိပ်အားရတယ်ဗျာ။
ကိုရန်နိုင်။ ။ ဟုတ်ကဲ့ပါ။ ကိုဂျင်မီ။ ကျေးဇူးပါပဲ။