သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ကိုဗစ်ပျောက်ကင်းပြီး  ဇနီးသည်နှင့်တွေ့ဆုံဖို့ ခရီးထွက်


Biden
Biden

ပြီးခဲ့တဲ့လထဲ ကိုဗစ်ကပ်ရောဂါ ကူးစက်တာခံခဲ့ရတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ရောဂါပျောက်ကင်းပြီး သီးသန့်ခွဲနေထိုင်ရတဲ့ ကာလလည်း ပြီးဆုံးသွားလို့  သူ့ဇာတိမြေ Delaware မှာရှိတဲ့ သမ္မတကတော် Jill Biden နဲ့ ပြန်လည် တွေ့ဆုံဖို့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာ သွားပါတယ်။

သမ္မတ Biden ကိုဗစ်ပျောက်ကင်းပြီး ဇနီးသည်နှင့်တွေ့ဆုံဖို့ ခရီးထွက်

{{Zawgyi/Unicode}}
ပြီးခဲ့တဲ့လထဲ ကိုဗစ်ကပ်ရောဂါ ကူးစက်တာခံခဲ့ရတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ရောဂါပျောက်ကင်းပြီး သီးသန့်ခွဲနေထိုင်ရတဲ့ ကာလလည်း ပြီးဆုံးသွားလို့ သူ့ဇာတိမြေ Delaware မှာရှိတဲ့ သမ္မတကတော် Jill Biden နဲ့ ပြန်လည် တွေ့ဆုံဖို့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်ဖြူတော်ကနေ ထွက်ခွာ သွားပါတယ်။

စနေ၊ တနင်္ဂနွေ နေ့တွေမှာ ကိုဗစ် ရှိမရှိ ပြန်လည် စစ်ဆေးတာမှာ negative အဖြေထွက်တယ်လို့ သူ့ ဆရာဝန်က ပြောပါတယ်။ သမ္မတ ဘိုင်ဒန်ဟာ တကျော့ပြန် ကိုဗစ်ကူးစက်မှု ခံရတဲ့အတွက် သီးခြား နေထိုင်ရတဲ့ ကာလဟာ ထင်ထားတာထက် ကာလပိုရှည်ကြာသွားခဲ့တယ်လို့ ဆိုပါတယ်။

သူနေထိုင်ရတာ သက်သာကြောင်း Delaware ကိုထွက်ခွာဖို့ အိမ်ဖြူတော်အပြင်ဖက်က Marine One ရဟတ်ယာဉ်ပေါ် မတက်မီ ပြောကြားသွားပါတယ်။ Delaware က လူသိများတဲ့ Rehoboth ပင်လယ်ကမ်းခြေမှာ သွားရောက်အပန်းဖြေမယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ ဘိုင်ဒန် ကိုဗစ် ကူးစက်ခံထားရတာကို ဇူလိုင်လ (၂၁)ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် Paxlovid ထိုးဆေးနဲ့ ကုသခဲ့ရပါတယ်။ ဇူလိုင်(၂၆)(၂၇)မှာ ကိုဗစ် စစ်ဆေးကြည့်ရာမှာ negative ဖြစ်ခဲ့ပြီး ၊ အိမ်ဖြူတော်ဝင်းထဲမှာတောင် မိန့်ခွန်း ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ဇူလိုင်(၃၀) ပြန်လည် စစ်ဆေးတဲ့အခါမှာ ကိုဗစ် တကျော့ပြန်ကူးစက်ခံရတာ ဖြစ်ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်တို့ ဇနီးမောင်နှံဟာ ရေဘေးဒဏ်ခံထားရတဲ့ Kentucky ကို တနင်္လာနေ့ သွားရောက်ဖို့ရှိပြီး၊ ဒေသခံတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ Biden ကိုဗစ်ပျောက်ကင်းပြီး ဇနီးသည်နှင့်တွေ့ဆုံဖို့ ခရီးထွက်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

............................


{{Zawgyi/Unicode}}





XS
SM
MD
LG