သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ကို ယွဥ္ၿပိဳင္ႏိုင္စြမ္း တိုးဖို႔ ရည္ရြယ္တဲ႔ အေမရိကန္ရဲ႔ Semiconductor ဆိုင္ရာ ဥပေဒ


(Zawgyi / Unicode)

တ႐ုတ္ကို ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ျမႇင့္တင္ေရး ရည္ရြယ္တဲ႔ အေမရိကန္ ျပည္ေထာင္စု အတြင္း တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္မႈနဲ႔ သိပၸံ သုေတသနေတြ အတြက္ ေဒၚလာ သန္းေထာင္ခ်ီ ခ်ထားေပးမယ့္ CHIPS and Science Act လႊတ္ေတာ္က အတည္ျပဳလိုက္ပါၿပီ။ သမၼတ လက္မွတ္ေရးထိုးၿပီးရင္ ဥပေဒ အျဖစ္ အသက္၀င္လာမယ့္ ဒီဥပေဒမွာ ျပည္တြင္း semiconductor - တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္ေရးနဲ႔ သိပၸံ သုေတသနေတြ အတြက္ ေဒၚလာ ၅၂ ဘီလ်ံ အပါအ၀င္ ေဒၚလာ ၂၈၀ ဘီလ်ံ အသံုးျပဳမွာ ျဖစ္ပါတယ္။ ဗြီအိုေအရဲ႕ အိမ္ျဖဴေတာ္ဆိုင္ရာ ဗ်ဴ႐ို အႀကီးအကဲ Patsy Widakuswara ရဲ႕ သတင္းေဆာင္းပါးကို ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပေပးမွာပါ။

တ႐ုတ္ကို ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ျမႇင့္တင္ေရး ရည္ရြယ္တဲ႔ အေမရိကန္ ျပည္ေထာင္စု အတြင္း တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္မႈနဲ႔ သိပၸံ သုေတသနေတြ အတြက္ ေဒၚလာ သန္းေထာင္ခ်ီ ခ်ထားေပးမယ့္ CHIPS and Science Act ကို ဂုဏ္ျပဳတ႔ဲ အခမ္းအနားမွာ မစ္ရွီဂန္ အုပ္ခ်ဳပ္ေရးမွဴး Gretchen Whitmer နဲ႔ အတူ သမၼတ Joe Biden လည္း အြန္လိုင္းကေန တက္ေရာက္ခဲ႔ပါတယ္။ သမၼတက အခုလို ေျပာပါတယ္။
အေမရိကန္ ျပည္ေထာင္စု အတြင္းမွာ ကမ ၻာ့ တီထြင္ဖန္တီးမႈေတြရဲ႔ ေရွ႕ေဆာင္ ျဖစ္လာမယ္ဆိုတာကို ဒီ ဥပေဒက ရွင္းရွင္းလင္းလင္း ျပသလိုက္တာ ျဖစ္ပါတယ္။ အေမရိကန္မွာ တီထြင္ၿပီး အေမရိကန္ ႏိုင္ငံတြင္းမွာ ထုတ္လုပ္မွာ ျဖစ္ပါတယ္။

အေမရိကန္ အထက္လႊတ္ေတာ္မွာ ၿပီးခဲ႔တဲ႔ သီတင္းပတ္ အတြင္း ေထာက္ခံမဲ ၆၄ မဲ၊ ကန္႔ကြက္မဲ ၃၃ မဲ၊ ေအာက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၂၄၃ မဲ၊ ကန္႔ကြက္မဲ ၁၈၇ မဲနဲ႔ အတည္ျပဳခဲ႔ၾကတဲ႔ ဒီ ဥပေဒၾကမ္းကိုေတာ့ လာမယ့္ ရက္ပိုင္းေတြ အတြင္းမွာဘဲ သမၼတ Biden လက္မွတ္ေရးထိုးမယ္လို႔ ခန္႔မွန္းရပါတယ္။

ေဒၚလာ ၂၈၀ ဘီလ်ံ တန္ ဥပေဒၾကမ္းထဲမွာ ျပည္တြင္း တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္မႈနဲ႔ သုေတသနေတြ အတြက္ ေဒၚလာ ၅၂ ဘီလ်ံ အက်ိဳးခံစားခြင့္နဲ႔ အတူ တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္ေရးမွာ ရင္းႏွီးျမႇုဳပ္ႏွံမႈ ဆိုင္ရာ အခြန္ ခံစားခြင့္လည္း ရမွာ ျဖစ္ပါတယ္။
လက္ရွိမွာ တ႐ုတ္၊ ထိုင္၀မ္နဲ႔ ေတာင္ကိုရီးယားတို႔က ႀကီးစိုးထားတဲ႔ ကမ ၻာ့ တပိုင္းလွ်ပ္ကူးပစၥည္း ထုတ္လုပ္မႈမွာ အေမရိကန္ဘက္က အမွီလိုက္ႏိုင္လာမွာ ျဖစ္တယ္လို႔ စည္းရံုးလႈပ္ရွားသူေတြက ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္မွာ တပိုင္းလွ်ပ္ကူးပစၥည္း မလံုေလာက္မႈေၾကာင့္ ကား၊ လွ်ပ္စစ္ပစၥည္းေတြနဲ႔ တျခားေသာ ကုန္စည္ေတြ ေစ်းကြက္အတြင္း ရရွိႏိုင္မႈ အေပၚ သက္ေရာက္မႈ ျဖစ္ေစၿပီးေနာက္ ကမ ၻာတလႊား ေငြေၾကးေဖာင္ပြမႈ ျဖစ္ေစသလို အေမရိကန္ မဲဆႏၵရွင္ေတြၾကားမွာ သမၼတ Biden အေပၚ ေထာက္ခံမႈ အေပၚမွာလည္း သက္ေရာက္႐ိုက္ခတ္ေစပါတယ္။ တပိုင္းလွ်ပ္ကူးပစၥည္း semiconductor ျပတ္လပ္မႈေၾကာင့္ အဆိုးဆံုး ထိခိုက္ရတဲ႔ ျပည္နယ္ေတြထဲမွာ အေမရိကန္ ကားထုတ္လုပ္မႈ လုပ္ငန္းေတြရဲ႕ အခ်က္အခ်ာ Michigan ျပည္နယ္လည္း ပါ၀င္ပါတယ္။ မစ္ရွီဂန္ အုပ္ခ်ဳပ္ေရးမွဴး Gretchen Whitmer က အခုလို ေျပာပါတယ္။

ဒီဥပေဒ ေၾကာင့္ စက္ရံုေတြကို ပိုၿပီး အလုပ္ျဖစ္လာေစမွာ ျဖစ္ၿပီး အလုပ္လုပ္ လွ်ပ္စစ္ ပစၥည္းေတြ၊ ေဆးဘက္သံုး ပစၥည္းကိရိယာေတြ၊ လယ္ယာသံုး စက္ကိရိယာေတြနဲ႔ ကားေတြ အတြက္ ကုန္က်စာရိတ္ ေလ်ာ့နည္းလာေစမွာ ျဖစ္ပါတယ္။

အထူးသျဖင့္ တ႐ုတ္ပစၥည္း မဟုတ္တဲ႔ 5G ပစၥည္းကိရိယာေတြ ထုတ္လုပ္ေရးကို ျမႇင့္တင္ေရး ေဆာင္ရြက္မႈ အေနနဲ႔ အေမရိကန္ရဲ႔ မိုဘိုင္းလ္ ႀကိဳးမဲ႔ အင္တာနက္ ခ်ိတ္ဆက္ စနစ္ ေစ်းကြက္နဲ႔ ကာကြယ္ေရး ဆိုင္ရာ ေရွ႕ေဆာင္ တီထြင္မႈေတြ အတြက္ ရန္ပံုေငြ ေဒၚလာ ၄ ဒသမ ၂ ဘီလ်ံလညး္ ပါ၀င္ပါတယ္။

ကမ ၻာတလႊား တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္မႈမွာ ၁၉၉၀ ျပည့္လြန္ႏွစ္ေတြ အတြင္း အေမရိကန္က ၃၇ ရာခိုင္ႏႈန္း ရွိခဲ႔ရာကေန ဒီကေန႔ အခ်ိန္မွာ ၁၂ ရာခိုင္ႏႈန္းထိကို က်ဆင္းခဲ႔ပါတယ္။ တျခားေသာ အစိုးရေတြက ကုန္ထုတ္လုပ္မႈအတြက္ အက်ိဳးခံစာခြင့္နဲ႔ ျပည္တြင္း တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္ႏိုင္စြမ္း အားေကာင္းေစေရး သုေတသနေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြေၾကာင့္ ျဖစ္တယ္လို႔ တပိုင္းလွ်ပ္ကူး ပစၥည္း ကုန္ထုတ္လုပ္မႈဆိုင္ရာ အဖြဲ႔ရဲ႔ ထုတ္လုပ္မႈ ဆိုင္ရာ အေျခအေန အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ လက္ရွိ အခ်ိန္မွာ ကမ ၻာ့ တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္မႈရဲ႔ ၂၄ ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္က ဦးေဆာင္ေနၿပီး ထိုင္၀မ္က ၂၁ ရာခိုင္ႏႈန္း၊ ေတာင္ကိုရီးယားက ၁၉ ရာခိုင္ႏႈန္းနဲ႔ ဂ်ပန္က ၁၃ ရာခိုင္ႏႈန္း ရွိေၾကာင္း အစီရင္ခံစာက ေဖာ္ျပပါတယ္။

အခု CHIPS ဥပေဒနဲ႔ တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္မႈေတြကို အတတ္ႏိုင္ဆံုး ႏိုင္ငံတြင္းမွာ ေဆာင္ရြက္ႏိုင္ဖို႔ အစိုးရက ေမွ်ာ္လင့္ထားတာ ျဖစ္တယ္လို႔ Purdue တကၠသိုလ္ နည္းပညာ သံတမန္ေရးဆိုင္ရာ Krach ဌာနရဲ႔ ၫႊန္ၾကားေရးမွဴး Bonnie Glick က ေျပာပါတယ္။

စာရိတ္စက မ်ားတာေၾကာင့္ ဒါမွမဟုတ္လည္း တျခားေသာ မဟာမိတ္ ႏိုင္ငံေတြက ပိုၿပီး ေကာင္းေအာင္ လုပ္ႏိုင္တာေၾကာင့္ဘဲ ျဖစ္ျဖစ္ ျပည္တြင္းမွာ မလုပ္ႏိုင္တာမ်ိဳး ဆိုရင္လည္း မဟာမိတ္ ႏိုင္ငံေတြမွာ ထုတ္လုပ္ေရးနဲ႔ ဒီကိစၥကို ပံ႔ပိုးေပးႏိုင္ပါတယ္။

CHIPS Act ဟာဆိုရင္ အေမရိကန္ အစိုးရ အတြက္ ရွင္းလင္းတဲ႔ မဟာဗ်ဴဟာ တရပ္ကို ေဖာ္ေဆာင္ေပးလိုက္တာ ျဖစ္တယ္လို႔ George Washington တကၠသိုလ္ Devices & Intelligent Systems Laboratory ရဲ႕ ၫႊန္ၾကားေရးမွဴး Volker Sorger က ေျပာပါတယ္။

“ ကိုယ္ပိုင္ အုပ္ခ်ဳပ္ လုပ္ပိုင္ခြင့္နဲ႔ ကမ ၻာ့ ကုန္စည္ ေထာက္ပို႔ ကြင္းဆက္အေပၚမွာ ႏိုင္ငံေရး အရ မွီခိုရမႈကို အဆံုးသတ္ဖို႔ ျဖစ္ပါတယ္။ ”

ဒီ မဟာဗ်ဴဟာေၾကာင့္ အေမရိကန္နဲ႔ တ႐ုတ္ၾကား ထိပ္တိုက္ေတ႔ြစရာ ျဖစ္လာပါတယ္။ တ႐ုတ္က ကမ ၻာ့ တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္ေရးပိုင္းမွာ ဦးေဆာင္သူ ျဖစ္ဖို႔ ရည္မွန္းထားတာပါ။ Made in China 2025 စီမံကိန္းကို တ႐ုတ္ အစိုးရက ၂၀၁၅ ခုႏွစ္မွာ စတင္ခဲ႔တာပါ။ အဲဒီ အခ်ိန္က ကမ ၻာ့ တပိုင္းလွ်ပ္ကူး ပစၥည္း ၀ယ္လိုအားရဲ႔ ၁၀ ရာခိုင္ႏႈန္းေအာက္မွာဘဲ ထုတ္လုပ္ေနတဲ႔ တ႐ုတ္က ၂၀၂၀ ျပည့္ႏွစ္မွာ ၄၀ ရာခိုင္ႏႈန္း အထိ ထုတ္လုပ္ဖို႔နဲ႔ ၂၀၂၅ ခုႏွစ္ အေရာက္မွာ ၇၀ ရာခိုင္ႏႈန္း အထိ ထုတ္လုပ္ဖို႔ ရည္မွန္းထားတာပါ။

ကမ ၻာ့အဆင့္အျမင့္ဆံုး တပိုင္းလွ်ပ္ကူး ပစၥည္း ထုတ္လုပ္မႈကို ထိုင္၀မ္က ႀကီးစိုးထားတာျဖစ္ၿပီး ကမ ၻာ့တ၀န္းလံုးက ၁၀ နာႏိုမီတာနဲ႔ ဒီထက္ ငယ္တဲ႔ တပိုင္းလွ်ပ္ကူး ပစၥည္းထုတ္လုပ္မႈ အားလံုးရဲ႔ ၉၂ ရာခိုင္ႏႈန္း ရွိပါတယ္။

တပိုင္းလွ်ပ္ကူးပစၥည္းေတြနဲ႔ တျခားေသာ အဆင့္ျမင္႔ နည္းပညာ ပစၥည္းေတြမွာ သံုးရတဲ႔ အေရးပါတဲ႔ သတၱဳေတြနဲ႔ ေျမရွားသတၱဳ အလံုအေလာက္ ရရွိေရး ႀကိဳတင္ စီမံခ်က္ကေတာ့ အေမရိကန္ရဲ႕ CHIPS Act မွာ မပါ၀င္ပါဘူး။ ၿပီးခဲ႔တဲ႔ ဇြန္လ အတြင္း အေမရိကန္ အစိုးရက ထုတ္တဲ႔ အစီရင္ခံစာ တေစာင္ထဲမွာေတာ့ အေမရိကန္ဟာ အေရးပါတဲ႔ သတၱဳေတြ အတြက္ တ႐ုတ္ အေပၚမွာ အလြန္အကြ်ံ မွီခိုေနခဲ႔ရတယ္လို႔ ပါရွိပါတယ္။ ဒီ သတၱဳေတြ အတြက္ ေထာက္ပံ႔ ျဖည့္ဆည္းမႈ ကြင္းဆက္ Supply Chain ကို အားေပးျမႇင့္တင္ေရး ေဆာင္ရြက္မယ့္ အေၾကာင္း အေမရိကန္ အစိုးရက ဒီႏွစ္ အေစာပိုင္းမွာ ေျပာဆိုထားပါတယ္။ ဒီထဲမွာဆိုရင္ အေမရိကန္ ကုမၸဏီ MP Materials အေနနဲ႔ ကယ္လီဖိုးနီးယား လုပ္ကြက္မွာ ေျမရွား သတၱဳ ထုတ္လုပ္ေရး စာခ်ဳပ္လည္း ပါ၀င္ပါတယ္။

(Unicode)


တရုတ်ကို ယှဉ်ပြိုင်နိုင်စွမ်း တိုးဖို့ ရည်ရွယ်တဲ့ အမေရိကန်ရဲ့ Semiconductor ဆိုင်ရာ ဥပဒေ


တရုတ်ကို ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး ရည်ရွယ်တဲ့ အမေရိကန် ပြည်ထောင်စု အတွင်း တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုနဲ့ သိပ္ပံ သုတေသနတွေ အတွက် ဒေါ်လာ သန်းထောင်ချီ ချထားပေးမယ့် CHIPS and Science Act လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ သမ္မတ လက်မှတ်ရေးထိုးပြီးရင် ဥပဒေ အဖြစ် အသက်ဝင်လာမယ့် ဒီဥပဒေမှာ ပြည်တွင်း semiconductor - တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်ရေးနဲ့ သိပ္ပံ သုတေသနတွေ အတွက် ဒေါ်လာ ၅၂ ဘီလျံ အပါအဝင် ဒေါ်လာ ၂၈၀ ဘီလျံ အသုံးပြုမှာ ဖြစ်ပါတယ်။ ဗွီအိုအေရဲ့ အိမ်ဖြူတော်ဆိုင်ရာ ဗျူရို အကြီးအကဲ Patsy Widakuswara ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြပေးမှာပါ။

တရုတ်ကို ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး ရည်ရွယ်တဲ့ အမေရိကန် ပြည်ထောင်စု အတွင်း တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုနဲ့ သိပ္ပံ သုတေသနတွေ အတွက် ဒေါ်လာ သန်းထောင်ချီ ချထားပေးမယ့် CHIPS and Science Act ကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ မစ်ရှီဂန် အုပ်ချုပ်ရေးမှူး Gretchen Whitmer နဲ့ အတူ သမ္မတ Joe Biden လည်း အွန်လိုင်းကနေ တက်ရောက်ခဲ့ပါတယ်။ သမ္မတက အခုလို ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်းမှာ ကမ ္ဘာ့ တီထွင်ဖန်တီးမှုတွေရဲ့ ရှေ့ဆောင် ဖြစ်လာမယ်ဆိုတာကို ဒီ ဥပဒေက ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်မှာ တီထွင်ပြီး အမေရိကန် နိုင်ငံတွင်းမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အမေရိကန် အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထောက်ခံမဲ ၆၄ မဲ၊ ကန့်ကွက်မဲ ၃၃ မဲ၊ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၄၃ မဲ၊ ကန့်ကွက်မဲ ၁၈၇ မဲနဲ့ အတည်ပြုခဲ့ကြတဲ့ ဒီ ဥပဒေကြမ်းကိုတော့ လာမယ့် ရက်ပိုင်းတွေ အတွင်းမှာဘဲ သမ္မတ Biden လက်မှတ်ရေးထိုးမယ်လို့ ခန့်မှန်းရပါတယ်။

ဒေါ်လာ ၂၈၀ ဘီလျံ တန် ဥပဒေကြမ်းထဲမှာ ပြည်တွင်း တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုနဲ့ သုတေသနတွေ အတွက် ဒေါ်လာ ၅၂ ဘီလျံ အကျိုးခံစားခွင့်နဲ့ အတူ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုုပ်နှံမှု ဆိုင်ရာ အခွန် ခံစားခွင့်လည်း ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့က ကြီးစိုးထားတဲ့ ကမ ္ဘာ့ တပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုမှာ အမေရိကန်ဘက်က အမှီလိုက်နိုင်လာမှာ ဖြစ်တယ်လို့ စည်းရုံးလှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တပိုင်းလျှပ်ကူးပစ္စည်း မလုံလောက်မှုကြောင့် ကား၊ လျှပ်စစ်ပစ္စည်းတွေနဲ့ တခြားသော ကုန်စည်တွေ ဈေးကွက်အတွင်း ရရှိနိုင်မှု အပေါ် သက်ရောက်မှု ဖြစ်စေပြီးနောက် ကမ ္ဘာတလွှား ငွေကြေးဖောင်ပွမှု ဖြစ်စေသလို အမေရိကန် မဲဆန္ဒရှင်တွေကြားမှာ သမ္မတ Biden အပေါ် ထောက်ခံမှု အပေါ်မှာလည်း သက်ရောက်ရိုက်ခတ်စေပါတယ်။ တပိုင်းလျှပ်ကူးပစ္စည်း semiconductor ပြတ်လပ်မှုကြောင့် အဆိုးဆုံး ထိခိုက်ရတဲ့ ပြည်နယ်တွေထဲမှာ အမေရိကန် ကားထုတ်လုပ်မှု လုပ်ငန်းတွေရဲ့ အချက်အချာ Michigan ပြည်နယ်လည်း ပါဝင်ပါတယ်။ မစ်ရှီဂန် အုပ်ချုပ်ရေးမှူး Gretchen Whitmer က အခုလို ပြောပါတယ်။

ဒီဥပဒေ ကြောင့် စက်ရုံတွေကို ပိုပြီး အလုပ်ဖြစ်လာစေမှာ ဖြစ်ပြီး အလုပ်လုပ် လျှပ်စစ် ပစ္စည်းတွေ၊ ဆေးဘက်သုံး ပစ္စည်းကိရိယာတွေ၊ လယ်ယာသုံး စက်ကိရိယာတွေနဲ့ ကားတွေ အတွက် ကုန်ကျစာရိတ် လျော့နည်းလာစေမှာ ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်ပစ္စည်း မဟုတ်တဲ့ 5G ပစ္စည်းကိရိယာတွေ ထုတ်လုပ်ရေးကို မြှင့်တင်ရေး ဆောင်ရွက်မှု အနေနဲ့ အမေရိကန်ရဲ့ မိုဘိုင်းလ် ကြိုးမဲ့ အင်တာနက် ချိတ်ဆက် စနစ် ဈေးကွက်နဲ့ ကာကွယ်ရေး ဆိုင်ရာ ရှေ့ဆောင် တီထွင်မှုတွေ အတွက် ရန်ပုံငွေ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံလည်း ပါဝင်ပါတယ်။

ကမ ္ဘာတလွှား တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်မှုမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း အမေရိကန်က ၃၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဒီကနေ့ အချိန်မှာ ၁၂ ရာခိုင်နှုန်းထိကို ကျဆင်းခဲ့ပါတယ်။ တခြားသော အစိုးရတွေက ကုန်ထုတ်လုပ်မှုအတွက် အကျိုးခံစာခွင့်နဲ့ ပြည်တွင်း တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်နိုင်စွမ်း အားကောင်းစေရေး သုတေသနတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်တယ်လို့ တပိုင်းလျှပ်ကူး ပစ္စည်း ကုန်ထုတ်လုပ်မှုဆိုင်ရာ အဖွဲ့ရဲ့ ထုတ်လုပ်မှု ဆိုင်ရာ အခြေအနေ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လက်ရှိ အချိန်မှာ ကမ ္ဘာ့ တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်မှုရဲ့ ၂၄ ရာခိုင်နှုန်းနဲ့ တရုတ်က ဦးဆောင်နေပြီး ထိုင်ဝမ်က ၂၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားက ၁၉ ရာခိုင်နှုန်းနဲ့ ဂျပန်က ၁၃ ရာခိုင်နှုန်း ရှိကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။
အခု CHIPS ဥပဒေနဲ့ တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်မှုတွေကို အတတ်နိုင်ဆုံး နိုင်ငံတွင်းမှာ ဆောင်ရွက်နိုင်ဖို့ အစိုးရက မျှော်လင့်ထားတာ ဖြစ်တယ်လို့ Purdue တက္ကသိုလ် နည်းပညာ သံတမန်ရေးဆိုင်ရာ Krach ဌာနရဲ့ ညွှန်ကြားရေးမှူး Bonnie Glick က ပြောပါတယ်။

စာရိတ်စက များတာကြောင့် ဒါမှမဟုတ်လည်း တခြားသော မဟာမိတ် နိုင်ငံတွေက ပိုပြီး ကောင်းအောင် လုပ်နိုင်တာကြောင့်ဘဲ ဖြစ်ဖြစ် ပြည်တွင်းမှာ မလုပ်နိုင်တာမျိုး ဆိုရင်လည်း မဟာမိတ် နိုင်ငံတွေမှာ ထုတ်လုပ်ရေးနဲ့ ဒီကိစ္စကို ပံ့ပိုးပေးနိုင်ပါတယ်။

CHIPS Act ဟာဆိုရင် အမေရိကန် အစိုးရ အတွက် ရှင်းလင်းတဲ့ မဟာဗျူဟာ တရပ်ကို ဖော်ဆောင်ပေးလိုက်တာ ဖြစ်တယ်လို့ George Washington တက္ကသိုလ် Devices & Intelligent Systems Laboratory ရဲ့ ညွှန်ကြားရေးမှူး Volker Sorger က ပြောပါတယ်။

“ ကိုယ်ပိုင် အုပ်ချုပ် လုပ်ပိုင်ခွင့်နဲ့ ကမ ္ဘာ့ ကုန်စည် ထောက်ပို့ ကွင်းဆက်အပေါ်မှာ နိုင်ငံရေး အရ မှီခိုရမှုကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ ”

ဒီ မဟာဗျူဟာကြောင့် အမေရိကန်နဲ့ တရုတ်ကြား ထိပ်တိုက်တေ့ွစရာ ဖြစ်လာပါတယ်။ တရုတ်က ကမ ္ဘာ့ တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်ရေးပိုင်းမှာ ဦးဆောင်သူ ဖြစ်ဖို့ ရည်မှန်းထားတာပါ။ Made in China 2025 စီမံကိန်းကို တရုတ် အစိုးရက ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့တာပါ။ အဲဒီ အချိန်က ကမ ္ဘာ့ တပိုင်းလျှပ်ကူး ပစ္စည်း ဝယ်လိုအားရဲ့ ၁၀ ရာခိုင်နှုန်းအောက်မှာဘဲ ထုတ်လုပ်နေတဲ့ တရုတ်က ၂၀၂၀ ပြည့်နှစ်မှာ ၄၀ ရာခိုင်နှုန်း အထိ ထုတ်လုပ်ဖို့နဲ့ ၂၀၂၅ ခုနှစ် အရောက်မှာ ၇၀ ရာခိုင်နှုန်း အထိ ထုတ်လုပ်ဖို့ ရည်မှန်းထားတာပါ။

ကမ ္ဘာ့အဆင့်အမြင့်ဆုံး တပိုင်းလျှပ်ကူး ပစ္စည်း ထုတ်လုပ်မှုကို ထိုင်ဝမ်က ကြီးစိုးထားတာဖြစ်ပြီး ကမ ္ဘာ့တဝန်းလုံးက ၁၀ နာနိုမီတာနဲ့ ဒီထက် ငယ်တဲ့ တပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်မှု အားလုံးရဲ့ ၉၂ ရာခိုင်နှုန်း ရှိပါတယ်။

တပိုင်းလျှပ်ကူးပစ္စည်းတွေနဲ့ တခြားသော အဆင့်မြင့် နည်းပညာ ပစ္စည်းတွေမှာ သုံးရတဲ့ အရေးပါတဲ့ သတ္တုတွေနဲ့ မြေရှားသတ္တု အလုံအလောက် ရရှိရေး ကြိုတင် စီမံချက်ကတော့ အမေရိကန်ရဲ့ CHIPS Act မှာ မပါဝင်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ အတွင်း အမေရိကန် အစိုးရက ထုတ်တဲ့ အစီရင်ခံစာ တစောင်ထဲမှာတော့ အမေရိကန်ဟာ အရေးပါတဲ့ သတ္တုတွေ အတွက် တရုတ် အပေါ်မှာ အလွန်အကျွံ မှီခိုနေခဲ့ရတယ်လို့ ပါရှိပါတယ်။ ဒီ သတ္တုတွေ အတွက် ထောက်ပံ့ ဖြည့်ဆည်းမှု ကွင်းဆက် Supply Chain ကို အားပေးမြှင့်တင်ရေး ဆောင်ရွက်မယ့် အကြောင်း အမေရိကန် အစိုးရက ဒီနှစ် အစောပိုင်းမှာ ပြောဆိုထားပါတယ်။ ဒီထဲမှာဆိုရင် အမေရိကန် ကုမ္ပဏီ MP Materials အနေနဲ့ ကယ်လီဖိုးနီးယား လုပ်ကွက်မှာ မြေရှား သတ္တု ထုတ်လုပ်ရေး စာချုပ်လည်း ပါဝင်ပါတယ်။

XS
SM
MD
LG