သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရဲ့ဆန့်ကျင်မှုကြားက ထိုင်ဝမ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်


အမေရိကန် လွှတ်တော်အမတ်တချို့ကို တိုင်ဝမ် သမ္မတက လက်ခံတွေ့ဆုံစဉ်။ ( မှတ်တမ်း ဓါတ်ပုံဟောင်း )
အမေရိကန် လွှတ်တော်အမတ်တချို့ကို တိုင်ဝမ် သမ္မတက လက်ခံတွေ့ဆုံစဉ်။ ( မှတ်တမ်း ဓါတ်ပုံဟောင်း )

[[ ZAWGYI / UNICODE ]]

တရုတ်ရဲ့ဆန့်ကျင်မှုကြားက ထိုင်ဝမ်နဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်

အေမေရိကန်ပြည်ထောင်စုနဲ တိုင်ဝမ်ကြား ကုန်သွယ်ရေးစာချုပ်တခုကို ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒေသတွင်း တရုတ်တို့ရဲ့စီးပွါးရေးလွှမ်းမိုးကို တန်ပြန်ဆောင်ရွက်တဲ့အနေနဲ့ တရုတ်က သူပိုင်အဖြစ်ပြောဆိုနေတဲ့ တိုင်ဝမ်ကျွန်းနဲ့ စီးပွါးရေးအရအနီးကပ်ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အမေရိကန်က ခုလို လက်မှတ်ထိုးလိုက်တာပါ။

ဒီသဘောတူ ညီမှုကြောင့် ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ သန့်ရှင်းစွမ်းအင်ဆိုင်ရာ ကုန်သွယ်ရေး ကိစ္စရပ်တွေမှာ နှစ်ဦးနှစ်ဖက် အကျိုးများစေလိမ့်မယ်လို့ သမ္မတဘိုင်ဒန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

နည်းပညာပိုင်းနဲ့ ရင်းနှီးမြှပ်နှံမှုကိစ္စရပ်တွေနဲ့ ပတ်သက်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေ ဆက်ပြီးဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။ လူသုံးလ ျှပ်စစ်ပစ္စည်းမျိုးစုံမှာ လိုအပ်တဲ့ အဆင့်မြင့် semiconductor တွေကို အဓိကထုတ်လုပ်နေတဲ့ တိုင်ဝမ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုက အတော့်ကို အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်လို့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Gina Raimondo က ပြောပါတယ်။

အထူးသတိထားရမယ့် တချို့နည်းပညာတွေကို ထိန်းချုပ်တဲ့ကိစ္စကိုတော့ အမေရိကန်နဲ့ တိုင်ဝမ်ကြား ဆက်ပြီးဆွေးနွေးရဦးမယ်လို့လည်း အမေရိကန်အကြီးတန်းတာဝန်ရှိသူတွေက ပြောပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း အာရှပစိဖိတ် ဒေသတွင်း နိုင်ငံ တဒါဇင်ကျော်နဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု သစ်တခုရလိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာလိုက်ပြီး ရက်ပိုင်းအကြာမှာပဲ တိုင်ဝမ်နဲ့အမေရိကန်ကြားကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့သတင်းထွက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============================

{{ UNICODE }}






XS
SM
MD
LG