သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ စစ်အေးတိုက်ပွဲ ဆင်နွှဲမည်မဟုတ် ( နိုင်ငံခြားရေးဝန်ကြီး Blinken) 


Secretary of State Antony J. Blinken met with foreign ministers of ASEAN nations. (မှတ်တမ်းဓါတ်ပုံ)
Secretary of State Antony J. Blinken met with foreign ministers of ASEAN nations. (မှတ်တမ်းဓါတ်ပုံ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်ပြည်ဆိုင်ရာ အမေရိကန်မူဝါဒကို ပြောကြားရာမှာ တရုတ်နဲ့ အပြင်းအထန်ပြိုင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း စစ်အေး တိုက်ပွဲကိုတော့ ဆင်နွှဲမှာမဟုတ်ဘူးလို့ ဝန်ကြီး Blinken ကပြောဆိုလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကဆက်လက်တင်ပြပါမယ်။  

တရုတ်နဲ့ စစ်အေးတိုက်ပွဲ ဆင်နွှဲမည်မဟုတ် ( နိုင်ငံခြားရေးဝန်ကြီး Blinken)


{{Zawgyi/Unicode}}

ကြာသပတေးနေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ George Washington University တက္ကသိုလ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်ပြည်ဆိုင်ရာ အမေရိကန်မူဝါဒကို ပြောကြားရာမှာ၊ “လက်ရှိတည်ရှိနေတဲ့ ကမ္ဘာ့အခင်းအကျင်း Global Order ကို ဆက်လက် တည်တန့်အောင်ထိန်းထား နိုင်ဖို့အတွက် တရုတ်နဲ့ အပြင်းအထန်ပြိုင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း စစ်အေး တိုက်ပွဲကိုတော့ ဆင်နွှဲမှာမဟုတ်ဘူးလို့ ဝန်ကြီး Blinken ကပြောဆိုလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကဆက်လက်တင်ပြပါမယ်။

နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့တရုတ်ပြည်ဆိုင်ရာမူဝါဒ တင်ပြမှုဟာ သမတ ဂျိုးဘိုင်ဒင် အစိုးရလက်ထက် အပြည့်စုံဆုံ းမူဝါဒရှင်းလင်းမှု တခုဖြစ်ပါတယ်။

ကမ္ဘာကြီးက ရုရှား-ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေပေမယ့်လည်း တကယ်တမ်းက တရုတ်ပြည်ဟာကမ္ဘာနိုင်ငံတွေရဲ့ အခင်းအကျင်း Internation Order ကို နှစ်ရှည်လများ စိန်ခေါ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောဆိုပါတယ်။

“တရုတ်ဟာ လက်ရှိနိုင်ငံတကာ အနေအထားကို ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေတဲ့တခုတည်းသော နိုင်ငံဖြစ်သလို၊ အဲဒိလိုပြောင်းလဲနိုင်လောက်တဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး၊ နည်းပညာ တွေဟာလည်းတိုးလာနေပါတယ်။”

တရုတ်ရဲ့အမြင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၅ နှစ်လောက် ကမ္ဘာကြီးကိုတိုးတက် ပြောင်းလဲစေခဲ့တဲ့ စံတန်ဘိုးတွေကနေ လွဲချော်သွားစေနိုင်ပါတယ်လို့လည်း ဝန်ကြီး Blinken ကပြောဆိုပါတယ်။

သမ္မတဘိုင်ဒင်ကတော့ ဒီဆယ်စုနှစ်ဟာ အလွန်အရေးပါတယ် လို့မြင်ပါတယ်။ အမေရိကန်ပြည်တွင်းမှာတင်သာမက ကမ္ဘာ့နိုင်ငံတွေနဲ့ အတူဖေါ်ဆောင်နေတဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ တူညီတဲ့အမြင်တွေဟာ တကယ်ဖြစ်လာမလားမလာ ဘူးလားဆိုတာ ဒီဆယ်စုနှစ်ကအဆုံးအဖြတ်ပေးသွားမှာလို့ ယုံကြည်နေပါတယ်။

တရုတ်သမတ ရှီကျင်းပင်ရဲ့ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ကိုယ့်ကိုယ်ကိုယုံကြည်လွန်းတဲ့ ရပ်တည်ချက်နဲ့ တရုတ်ပြည်ရဲ့ ဒီကနေ့သွားနေတဲ့လမ်းကြောင်းကို အမေရိကန်က ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူးလို့ အများသဘောတူ လက်ခံလာနေတာကိုလည်း နိုင်ငံခြားရေးဝန်ကြီး Blinken ကအသိအမှတ်ပြုဝန်ခံပါတယ်။

ဒါကြောင့်မို့ ကျနော်တို့က တရုတ်အစိုးရအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်တခုကို ဖန်တီးရပါမယ်၊ အမှတ်မထင်လုပ်တာမျိုးတွေ၊ အရေမရ အဖတ်မရ စကားစစ်ထိုးတာတွေ မပါဘဲ၊ အားလုံးပါဝင်ဖို့၊ ပွင့်ပွင့်လင်းလင်းရှိဖို့ ဆိုတဲ့ ကျနော်တို့ရဲ့အမြင်တွေ တိုးပွားလာ အောင်လုပ်ဆောင်ရပါမယ်လို့ နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။ ဒီချဉ်းကပ်မှုဟာ တရုတ်နဲ့ ကမ္ဘာ့ပဋိပက္ခအသွင်ဆောင်တဲ့ ပြောဆိုသုံးနှုန်းမှုတွေရှိခဲ့တဲ့ သမတထရန့်အစိုးရရဲ့ ချဉ်းကပ်မှုနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

အာဖရိကနဲ့ လက်တင်အမေရိကကို သွားရောက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ခရီးစဉ်တွေမှာ တရုတ်နဲ့ ပြိုင်ဆိုင်မှုကိုမပေါ်လွင်အောင် အဲဒီဒေသက နိုင်ငံတွေကို တရုတ်နဲ့ အမေရိကန်အကြား ဘက်ရွေးချယ်ဖို့ တောင်းဆိုတာမျိုးမလုပ်ပါဘူး။

“ ကျနော်တို့ဟာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာမဟုတ်သလို၊ စစ်အေးတိုက်ပွဲသစ်ဖြစ်အောင်လည်း လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဒီနှစ်ခုစလုံးကို မဖြစ်အောင်ရှောင်ရှားဖို့ ဆုံးဖြတ်ထားပါတယ်။ ”

တရုတ်ရဲ့အင်အားကြီးနိုင်ငံဖြစ်တယ်ဆိုတဲ့ အခန်းကဏ္ဍကိုလည်း ပိတ်ပင်တားဆီးမှ ာမဟုတ်သလို၊ တရုတ်ကိုလည်း ရပ်တန့်သွားအောင် လုပ်မှာမဟုတ်ပါဘူး၊ ဘယ်နိုင်ငံမဆို၊ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနဲ့ သူတို့ရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားတိုးတက်လာအောင် လုပ်ဆောင်တာကို တားဆီးပိတ်ပင်မှာ မဟုတ်ပါဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတကာသဘောတူညီချက်တွေ၊ နိုင်ငံတကာဥပဒေတွေကို နိုင်ငံအားလုံးအတွက်ဖြစ်အောင်၊ တရုတ်ပြည်နဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင်၊ နိုင်ငံအားလုံး အတူတကွတည်ရှိပြီး၊ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ကမ္ဘာအခင်းအကျင်းကိုတော့ ဆက်ထိန်းထားရမှာ ဖြစ်တယ်လို့ George Washington တက္ကသိုလ်မှာ ပြုလုပ်တဲ့ တရုတ်ပြည်ဆိုင်ရာ အမေရိကန်မူဝါဒရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမတ ဂျိုးဘိုင်ဒင် ဂျပန်နိုင်ငံမှာရောက်ရှိစဉ်က တရုတ် က ထိုင်ဝမ်ကို ကျူးကျော်ရင် အမေရိကန်က ထိုင်ဝမ်ဘက်ကာကွယ်မယ်လို့ ပြောခဲ့ပြီး နောက်ပိုင်းမှာ အခုလိုနိုင်ငံခြားရေးဝန်ကြီးရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒရှင်းလင်းပွဲထွက် ပေါ်လာတာပါ။ ပြီးခဲ့တဲ့အစောပိုင်းကတည်း ရှင်းလင်းပြောဆိုဖို့ စီစဉ်ခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

.......................................

{{Zawgyi/Unicode}}














XS
SM
MD
LG