သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



ဘော့စတွန်မြို့ ဂျွန်၊ အက်ဖ် ကနေဒီစာကြည့်တိုက်မှာကျင်းပတဲ့ သမ္မတဘိုင်ဒန်ရဲ့"Cancer Moonshot” အစီအစဉ်မိန့်ခွန်းပြောကြားစဉ်။ (စက်တင်ဘာ ၁၂၊ ၂၀၂၂)  

[[Zawgyi/Unicode]]





တိုက်ရိုက် လင့်ခ်

===========

[[Unicode]]

ကင်ဆာရောဂါ သေဆုံးမှုနှုန်းလျော့ချဖို့ သမ္မတဘိုင်ဒန် ကြိုးပမ်း

ကင်ဆာသေနှုန်းကို အနည်းဆုံး ၅၀ ရာနှုန်းလျှော့ချမယ်လို့ အမေရိကန်သမ္မတဘိုင်ဒန်က မနေ့က ပြောလိုက်ပါတယ်။ ဘော့စတွန်မြို့ John F. Kennedy စာကြည့်တိုက် မှာ သမ္မတဂျိုးဘိုင်ဒန်က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ပန်းတိုင် က ကင်ဆာသေနှုန်းကို အနည်းဆုံး ၅၀ ရာနှုန်းလျှော့ချရေးပါ။ နောက် ၂၅ နှစ်အတွင်းမှာ အနည်းဆုံး ၅၀ ရာနှုန်း ဖြစ်ပါတယ်။ သေဒဏ်အချခံရတဲ့အဖြစ်ကနေ နာတာရှည်ရောဂါအဖြစ်နဲ့ လူတွေအသက်ရှင်နေထိုင်နိုင်ရေး ဖြစ်ပါတယ်။” လို့ သမ္မတ ဂျိုးဘိုင်ဒန်က ပြောသွားတာပါ။

ဒါက ရေတိုရည်မှန်းချက်ဖြစ်ပြီး ရေရှည်ရည်မှန်းချက်ကတော့ ကင်ဆာရောဂါ အမျိုးမျိုးကို တချီတည်း အားလုံး ကုသနိုင်ရေးဖြစ်ပါတယ်လို့ သမ္မတဘိုင်ဒန်က ပြောကြားသွားပါတယ်။

ဇီဝနည်းပညာနဲ့ ဇီဝထုတ်လုပ်ရေး နည်းပညာအားပေးရေးအစီအစဉ် အမိန့်တရပ်ကိုလည်း သမ္မတဘိုင်ဒန်က တနင်္လာနေ့ မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီ အစီအစဉ်အရ ကင်ဆာရောဂါကုသနိုင်တဲ့ ဆေးဝါးအသစ်တွေကို အမေရိကန်နိုင်ငံထဲမှာပဲ သုတေသနလုပ် ထုတ်လုပ်တာကို အစိုးရက ကူညီအားပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

XS
SM
MD
LG