သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒန္ အေရွ႕အလယ္ပိုင္းေဒသ မၾကာခင္သြားမည္


USA-BIDEN/

[[Zawgyi/Unicode]]

အေမရိကန္သမၼတျဖစ္လာအၿပီး ပထမဆံုး အေရွ႔အလယ္ပိုင္းခရီးစဥ္စဖို႔ သမၼတ Joe Biden စီစဥ္ေနပါတယ္။ သမၼတ Biden အေနနဲ႔ အစၥေရး၊ ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္းနဲ႔ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံေတြကို မၾကာခင္သြားဖို႔ရွိတယ္လို႔ အိမ္ျဖဴေတာ္က မေန႔က ေၾကညာလိုက္ပါတယ္။

ဒီခရီးစဥ္ဟာ အေမရိကန္အစိုးရ မဟာဗ်ဳဟာအတြက္အေရးပါတဲ့ အစၥေရးနဲ႔ သူ႔ရဲ႕ အိမ္နီးခ်င္းေတြအၾကား ဆက္ဆံေရး ပုံမွန္ျပန္ထူေထာင္ဖို႔ သိမ္ေမြ႔နက္နဲတဲ့ ကိစၥေတြ အေကာင္အထည္ ေဖၚႏိုင္ေရး သြားတာလို႔ အကဲခတ္ေတြက ႐ႈျမင္ထားၾကပါတယ္။

ဇူလိုင္လလယ္ သြားေရာက္မယ့္ ဒီ ေလးရက္ခရီးထဲမွာ အစၥေရးကို ပထမဆုံး ဝင္ၿပီး အစၥေရးေခါင္းေဆာင္ေတြနဲ႔ သမၼတ Biden ေတြ႕ဖို႔ရွိပါတယ္။

ေဂ်ာ္ဒန္ျမစ္ အေနာက္ဘက္ကမ္းက ပါလက္စတိုင္းအာဏာပိုင္ေတြကိုလည္း သမၼတ Biden ေတြ႕ဖို႔ ရွိၿပီး ႏွစ္ဘက္ၾကားပဋိပကၡကို ႏွစ္ျပည္ေထာင္စနစ္နဲ႔ အေျဖရွာေရး အဆိုျပဳဖို႔ ရွိပါတယ္။

ဒါ့အျပင္ အစၥလမ္ဘာသာဝင္ေတြရဲ႕ ဘာသာေရးအထြဋ္အျမတ္ထားရာ Mecca နဲ႔ Median ကို အစၥေရးကေန သြားတဲ့ အဓိက တံခါးေပါက္ျဖစ္တဲ့ ေဆာ္ဒီႏိုင္ငံ Jeddah ၿမိဳ႕ေတာ္ကိုလည္း သမၼတ Biden ဝင္ေရာက္မွာပါ။

ဒီ အစၥေရးနဲ႔ ေဆာ္ဒီအာေရးဗီးယား ႏွစ္ႏိုင္ငံအၾကား သံတမန္ေရးဆက္ဆံေရး ထူေထာင္မထားပါဘူး။ သမၼတဘိုင္ဒန္ရဲ႕ခရီးစဥ္ဟာ အရင္ သမၼတေဟာင္း Donald Trump ၂၀၀၇ ခုႏွစ္က သြားေရာက္ခဲ့တဲ့ ခရီးစဥ္အၿပီး အစၥေရးနဲ႔ ေဆာ္ဒီအာေရဗီးယား ႏွစ္ႏိုင္ငံကို ေလယာဥ္တိုက္႐ိုက္ပ်ံသန္းမယ့္ ပထမဆုံးခရီးစဥ္လည္းျဖစ္ပါတယ္ ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

==============


[[Unicode]]

သမ္မတဘိုင်ဒန် အရှေ့အလယ်ပိုင်းဒေသ မကြာခင်သွားမည်

အမေရိကန်သမ္မတဖြစ်လာအပြီး ပထမဆုံး အရှေ့အလယ်ပိုင်းခရီးစဉ်စဖို့ သမ္မတ Joe Biden စီစဉ်နေပါတယ်။ သမ္မတ Biden အနေနဲ့ အစ္စရေး၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို မကြာခင်သွားဖို့ရှိတယ်လို့ အိမ်ဖြူတော်က မနေ့က ကြေညာလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်အစိုးရ မဟာဗျုဟာအတွက်အရေးပါတဲ့ အစ္စရေးနဲ့ သူ့ရဲ့ အိမ်နီးချင်းတွေအကြား ဆက်ဆံရေး ပုံမှန်ပြန်ထူထောင်ဖို့ သိမ်မွေ့နက်နဲတဲ့ ကိစ္စတွေ အကောင်အထည် ဖေါ်နိုင်ရေး သွားတာလို့ အကဲခတ်တွေက ရှုမြင်ထားကြပါတယ်။

ဇူလိုင်လလယ် သွားရောက်မယ့် ဒီ လေးရက်ခရီးထဲမှာ အစ္စရေးကို ပထမဆုံး ဝင်ပြီး အစ္စရေးခေါင်းဆောင်တွေနဲ့ သမ္မတ Biden တွေ့ဖို့ရှိပါတယ်။

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်တွေကိုလည်း သမ္မတ Biden တွေ့ဖို့ ရှိပြီး နှစ်ဘက်ကြားပဋိပက္ခကို နှစ်ပြည်ထောင်စနစ်နဲ့ အဖြေရှာရေး အဆိုပြုဖို့ ရှိပါတယ်။

ဒါ့အပြင် အစ္စလမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာ Mecca နဲ့ Median ကို အစ္စရေးကနေ သွားတဲ့ အဓိက တံခါးပေါက်ဖြစ်တဲ့ ဆော်ဒီနိုင်ငံ Jeddah မြို့တော်ကိုလည်း သမ္မတ Biden ဝင်ရောက်မှာပါ။

ဒီ အစ္စရေးနဲ့ ဆော်ဒီအာရေးဗီးယား နှစ်နိုင်ငံအကြား သံတမန်ရေးဆက်ဆံရေး ထူထောင်မထားပါဘူး။ သမ္မတဘိုင်ဒန်ရဲ့ခရီးစဉ်ဟာ အရင် သမ္မတဟောင်း Donald Trump ၂၀၀၇ ခုနှစ်က သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အစ္စရေးနဲ့ ဆော်ဒီအာရေဗီးယား နှစ်နိုင်ငံကို လေယာဉ်တိုက်ရိုက်ပျံသန်းမယ့် ပထမဆုံးခရီးစဉ်လည်းဖြစ်ပါတယ် ခင်ဗျာ။

==============

XS
SM
MD
LG