သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသသူရဲကောင်း John Glenn ကွယ်လွန်

On Feb. 20, 2013, we remember the 51st anniversary of the flight of Friendship 7, which vaulted NASA astronaut John Glenn into space to orbit the Earth for the first time in history.
1/14 On Feb. 20, 2013, we remember the 51st anniversary of the flight of Friendship 7, which vaulted NASA astronaut John Glenn into space to orbit the Earth for the first time in history.
President Barack Obama congratulates former United States Marine Corps pilot, astronaut, and United States Senator John Glenn after presenting him with a Medal of Freedom, May 29, 2012, during a ceremony at the White House in Washington.
3/14 President Barack Obama congratulates former United States Marine Corps pilot, astronaut, and United States Senator John Glenn after presenting him with a Medal of Freedom, May 29, 2012, during a ceremony at the White House in Washington.
Sen. John Glenn, left, and Apollo 11 Astronaut Neil Armstrong are seen prior to the start of a dinner at Ohio State University that honored the 50th anniversary of John Glenn's historic flight aboard Friendship 7 in Columbus, Ohio, Feb. 20, 2012.
4/14 Sen. John Glenn, left, and Apollo 11 Astronaut Neil Armstrong are seen prior to the start of a dinner at Ohio State University that honored the 50th anniversary of John Glenn's historic flight aboard Friendship 7 in Columbus, Ohio, Feb. 20, 2012.
Former U.S. Senator and astronaut John Glenn (C) waves to the crowd at the National Air and Space Museum's Udvar-Hazy Center for the arrival of space shuttle Discovery (back) while former shuttle commanders applaud in Virginia, April 19, 2012.
5/14 Former U.S. Senator and astronaut John Glenn (C) waves to the crowd at the National Air and Space Museum's Udvar-Hazy Center for the arrival of space shuttle Discovery (back) while former shuttle commanders applaud in Virginia, April 19, 2012.
STS-95 payload specialist John Glenn works with the Osteporosis Experiment in Orbit (OSTEO) experiment located in a locker in the Discovery's middeck, Nov. 18, 1998.
6/14 STS-95 payload specialist John Glenn works with the Osteporosis Experiment in Orbit (OSTEO) experiment located in a locker in the Discovery's middeck, Nov. 18, 1998.
Sen. John Glenn, D-Ohio, answers questions from the press in Jackson, Mississippi, Jan. 18, 1984.
7/14 Sen. John Glenn, D-Ohio, answers questions from the press in Jackson, Mississippi, Jan. 18, 1984.
Sen. John Glenn (D-Ohio) and wife, Anne, wave to crowd that attended a fund raiser in Houston, Dec. 16, 1982. Glenn is exploring the possibility of running for the Democratic nomination for President.
8/14 Sen. John Glenn (D-Ohio) and wife, Anne, wave to crowd that attended a fund raiser in Houston, Dec. 16, 1982. Glenn is exploring the possibility of running for the Democratic nomination for President.
FILE - John Glenn, standing next to his Friendship 7 capsule in which he made his historic orbital flight, meets with President John F. Kennedy. Mrs. Glenn stands next to her husband.
9/14 FILE - John Glenn, standing next to his Friendship 7 capsule in which he made his historic orbital flight, meets with President John F. Kennedy. Mrs. Glenn stands next to her husband.
FILE - U.S. President John F. Kennedy pays tribute to astronaut John H. Glenn Jr. for his February 1962 flight aboard Friendship 7. The Mercury-Atlas 6 mission marked the free world's first orbital manned flight.
10/14 FILE - U.S. President John F. Kennedy pays tribute to astronaut John H. Glenn Jr. for his February 1962 flight aboard Friendship 7. The Mercury-Atlas 6 mission marked the free world's first orbital manned flight.
A camera onboard the "Friendship 7" Mercury spacecraft photographs astronaut John H. Glenn Jr. during his historic flight, Feb. 20, 1962.
11/14 A camera onboard the "Friendship 7" Mercury spacecraft photographs astronaut John H. Glenn Jr. during his historic flight, Feb. 20, 1962.
Astronaut John H. Glenn, Jr., undergoes a simulated orbital flight as part of his training for Project Mercury in the Manned Spacecraft Center's procedure trainer at Langley Air Force Base, Virginia, Nov. 29, 1961.
12/14 Astronaut John H. Glenn, Jr., undergoes a simulated orbital flight as part of his training for Project Mercury in the Manned Spacecraft Center's procedure trainer at Langley Air Force Base, Virginia, Nov. 29, 1961.
On April 9, 1959, NASA introduced its first astronaut class, the Mercury 7.
13/14 On April 9, 1959, NASA introduced its first astronaut class, the Mercury 7.
Major John Glenn Jr., hugs his children, Dave and Lyn, while his wife, Anne, watches moments after Glenn landed at Floyd Bennett Field in New York following his record-breaking flight of just over 3 hours and 23 minutes from California, July 16, 1957.
14/14 Major John Glenn Jr., hugs his children, Dave and Lyn, while his wife, Anne, watches moments after Glenn landed at Floyd Bennett Field in New York following his record-breaking flight of just over 3 hours and 23 minutes from California, July 16, 1957.
Previous slide
Next slide

ကမ္ဘာပတ်လမ်းထဲ သွားရောက်ပျံသန်းခဲ့တဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှုး John Glenn ဟာ ကြာသပတေးနေ့မှာ ကွယ်လွန် သွားပါပြီ။ အသက် ၉၅ နှစ် ရှိပြီဖြစ်တဲ့ John Glenn ဟာ Ohio ပြည်နယ်တက္ကသိုလ်ရဲ့ James Cancer ဆေးရုံမှာ တက်ရောက် နေတာ တပတ် ကျော်ပြီလို့ Ohio တက္ကသိုလ် John Glenn လူထုရေးရာ ကောလိပ်က ပြောပါတယ်။

အခုလို မစ္စတာ Glenn ကွယ်လွန်သွားတာဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံအကျိုးပြု အထင်ကရ ပုဂ္ဂိုလ်တဦး ဆုံးပါးသွားတာ ဖြစ်သလို သူတို့ ဇနီးမောင်နှံအတွက်လည်း မိတ်ဆွေတယောက် ဆုံးပါးသွားတာ ဖြစ်ကြောင်း သမ္မတ Barack Obama က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒီကနေ့မှာ အာကာသ စူးစမ်းလေ့လာမှုမှာ အထင်ကရ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ John Glenn ကို အမေရိကန် ပြည်ထောင်စုက ဆုံးရှုံးခဲ့ရပြီလို့ အရွေးကောက်ခံ သမ္မတ Donald Trump က သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မစ္စတာ Glenn ဟာ စူးစမ်းလေ့လာလိုသူ နောင်လာ နောက်သားတွေအတွက် အားကျဖွယ် သူရဲကောင်းတဦးဖြစ်ပြီး သူ့ကို သတိရ အောက်မေ့နေမှာ ဖြစ်ကြောင်း လည်း Trump ကရေးသားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ စစ်ဖက် လေယာဉ်မှုးတွေ အဖြစ် အရွေးခံခဲ့ရတဲ့ Mercury Seven လို့သိကြတဲ့ ၇ ဦးပါ အဖွဲ့ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှုးတွေ ဖြစ်လာပြီး သူတို့ထဲမှာ မစ္စတာ Glenn တယောက်ပဲ နောက်ဆုံး အဖြစ် သက်ရှိထင်ရှား ကျန်ရစ်တာပါ။ ဒုတိယ ကမ္ဘာစစ်နဲ့ ကိုရီးယား စစ်ပွဲတွေမှာ လေယာဉ်မှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့ နောက်မှာ မစ္စတာ Glenn ဟာ အမေရိကန် ရေတပ်နဲ့ မရိန်းတပ် ဂျက်တိုက်လေယာဉ်မှုး အဖြစ် တာဝန်ကျခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ အမေရိကန် အာကာသ စူးစမ်းလေ့လာရေး NASA အဖွဲ့ ဖွဲ့စည်းရာမှာ အကောင်းဆုံး အာကာသ ယာဉ်မှုးအဖြစ် အရွေးချယ် ခံခဲ့ရပါတယ်။

၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ ထဲမှာတော့ Friendship 7 လို့ နာမည်ပေးထားတဲ့ အာကာသယာဉ်နဲ့ ၅ နာရီနီးပါး ကြာအောင် ကမ္ဘာကို ပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန် အာကာသယာဉ်မှုး ဖြစ်လာတာပါ။ ၁၉၉၈ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် Discovery နဲ့ အာကာသထဲ လိုက်ပါ ခဲ့တာမို့ သူဟာ အသက် အကြီးဆုံး အာကာသ ခရီးသွားသူ တယောက် အဖြစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။

John Glenn ဟာ နိုင်ငံရေးကို စိတ်ဝင်စားသူ တယောက်ပါ။ ၁၉၆၄ ခုနှစ်မှာ Ohio ပြည်နယ် အထက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီက အမတ်တဦးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်အထိ အထက်လွှတ်တော်မှာ အဖွဲ့ဝင်အဖြစ် ရှိနေခဲ့တာပါ။ အထက်လွှတ်တော်အမတ် တာဝန် ထမ်းဆောင်နေတဲ့ မစ္စတာ Glen ဟာ ၁၉၉၈ ခုနှစ်မှာ NASA ရဲ့ စေလွှတ်မှုနဲ့ အာကာသထဲ နောက်ဆုံး အဖြစ် ၉ ရက်ခရီး ထပ်သွားခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က သူဟာ အသက် ၇၇ နှစ်ရှိနေပြီဖြစ်ပါတယ်။ အထက်လွှတ်တော်ကနေ အနားယူခဲ့ပြီးတဲ့ နောက်မှာ သူဟာ Ohio တက္ကသိုလ်မှာ လူထုအကျိုးပြု ကျောင်းတကျောင်း တည်ထောင်ဖို့ ကူညီခဲ့တာပါ။

၁၉၆၂ ခုနှစ် အာကာသခရီးစဉ် အောင်မြင်မှုက စပြီး ဂုဏ်ပြုမှုတွေ အမြောက်အများ ရရှိခဲ့တဲ့ မစ္စတာ Glen ကို တက္ကသိုလ် အများအပြားက ဂုဏ်ထူးဆောင်ဘွဲ့တွေ အပ်နှင်းခဲ့ကြသလို Woodrow Wilson လူထုအကျိုးဆောင်ဆု၊ အမေရိကန် အထက်လွှတ်တော် လူထုအကျိုးဆောင်ဆုနဲ့ လွတ်လပ်မှုဆိုင်ရာ သမ္မတရဲ့ ဆုတံဆိပ်တွေကိုလည်း ရရှိခဲ့ပါတယ်။

အာကာသသူရဲကောင်း John Glenn ကွယ်လွန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG