သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ်ဆိုင်ရာ အမေရိကန်ရပ်တည်ချက် ဝန်ကြီးကယ်ရီ အာမခံ ပြောကြား


ဘာလီကျွန်း APEC အစည်းအဝေး သတင်းစာရှင်းလင်းပွဲ အတွင်းတွေ့ရသည့် ဂျွန် ကယ်ရီ။ အောက်တိုဘာ ၅၊ ၂၀၁၃။
ဘာလီကျွန်း APEC အစည်းအဝေး သတင်းစာရှင်းလင်းပွဲ အတွင်းတွေ့ရသည့် ဂျွန် ကယ်ရီ။ အောက်တိုဘာ ၅၊ ၂၀၁၃။
အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေရတာဟာ ခနတာအဖြစ်အပျက်လေးပဲဖြစ်ပြီး အာရှ ဒေသဆိုင်ရာ အမေရိကန်အစိုးရရဲ့ သန္နိဋ္ဌာန်ကို အပြောင်းအလဲမဖြစ်စေပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောလိုက်ပါတယ်။

အခုလို လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားရချိန်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်တွေကို ပြည့်မီအောင် လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းထောက်တွေကို မစ္စတာကယ်ရီ က ပြောခဲ့ပါတယ်။

ဒီခရီးစဉ်ကို ကနဦးတုန်းက သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်တိုင် သွားရောက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေကြောင့် ခရီးစဉ်ကိုပယ်ဖျက်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက သမ္မတကိုယ်စား သွားရောက်တာဖြစ်ပါတယ်။

အခုလိုအခြေအနေဟာ အမေရိကန် ဒီမိုကရေစီရဲ့ အားကောင်းခိုင်မာမှုကို ပြသတာဖြစ်တယ်လို့ မစ္စတာကယ်ရီကဆိုပေမဲ့ ဒီအခြေအနေ သိပ်ကြာနေမယ်၊ ဒါမှမဟုတ် ထပ်ခါထပ်ခါ ဖြစ်နေမယ်ဆိုရင်တော့ အမေရိကန်ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် လူတွေက မေးခွန်းထုတ်လာကြလိမ့်မယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသ ၂၁ နိုင်ငံက ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို နောက်သီတင်းပတ် ဘာလီကျွန်း မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။
XS
SM
MD
LG