သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်းအရပ်သားတွေကို ကာကွယ်ပေးကြဖို့ ကန်နဲ့နိုင်ငံများတိုက်တွန်း


စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေစဉ် (ဓာတ်ပုံ - IDPs Support Group)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ​လျှော့ချပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာကြဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများက မြန်မာစစ်ကောင်စီနဲ့ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့အားလုံးကို တိုက်တွန်းပါတယ်။ အမျိုးသမီး ကလေးငယ် လူမျိုးစု လူနည်းစုအသိုက်အတန်းတွေအပါအဝင် လူထုအားလုံးလိုအပ်နေတဲ့ အသက်ကယ်အကူအညီတွေ ရရှိနိုင်ဖို့အတွက် လူသားချင်းစာနာကူညီမှုတွေ အနှောင့်အယှက်မရှိ လုံလုံခြုံခြုံ ပေးနိုင်ဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားပါတယ်။

အထူးသဖြင့် မြန်မာအကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရာမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကိုလည်း ဖြေရှင်းဖို့ ထည့်သွင်းရမယ်လို့ ဖော်ပြပါရှိပါတယ်။ ဒီ ပူးတွဲထုတ်ပြန် တောင်းဆိုချက်မှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ အီးယူ ဥရောပသမဂ္ဂ၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ တောင်ကိုရီယား၊ ဆွစ်ဇာလန်၊ အရှေ့တီမောနဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံမှာ တင်းမာမှုတွေလျှော့ချပြီး၊မတရားဖမ်းဆီးထားသူတွေ ပြန်လွှတ်ဖို့ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့ လူနည်းစုဝင်တွေ ကလေးငယ်တွေကို အတင်းအကျပ်ပြန်ပေးဆွဲ စစ်သားစုဆောင်းတာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ထိခိုက်သေကြေတာ စတဲ့ လူအခွင့်အရေးနဲ့ လူသားချင်းစာနာမှုဥပဒေတွေကို ချိုးဖောက်နေတဲ့ ခိုင်မာတဲ့သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ တိုးမြင့်လာတာကြောင့် ရိုဟင်ဂျာအပါအဝင် လူမှုအသိုက်အဝန်းအားလုံး ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့အပေါ် အလွန်တရာစိုးရိမ်ကြောင်းလည်းပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG