သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက် ၂ ဦး ဂျော်ဒန်ကွပ်မျက်


ဂျော်ဒန်လေယာဉ်မှူးကို ထောက်ခံသူတွေနဲ့ မိသားစုဝင်တွေက Amman မြို့မှာ စုဝေးပြီး ဂျော်ဒန်လေယာဉ်မှူး အသတ်ခံရမှုအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်
ဂျော်ဒန်လေယာဉ်မှူးကို ထောက်ခံသူတွေနဲ့ မိသားစုဝင်တွေက Amman မြို့မှာ စုဝေးပြီး ဂျော်ဒန်လေယာဉ်မှူး အသတ်ခံရမှုအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်

ဖမ်းဆီးခံထားရတဲ့ ဂျော်ဒန်တိုက်လေယာဉ်မှူးကို အစ္စလာမ် စစ်သွေးကြွ IS အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ စစ်သွေးကြွ ၂ ယောက်ကို ဒီကနေ့မနက် အာရုဏ်တက်ချိန်မှာပဲ ဂျော်ဒန်နိုင်ငံက ကွပ်မျက်လိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ၂၀၀၅ ခုနှစ်က အသေခံဗုံးခွဲဖို့ ကြံစည်မှုနဲ့ သေဒဏ်အပြစ်ပေးခံထားရတဲ့ အီရတ်နိုင်ငံသူ Sajida al-Rishawi နဲ့ အယ်လ်ခိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်သူ အီရတ်နိုင်ငံသား Ziad al-Karbouly တို့ကို ဂျော်ဒန်နိုင်ငံက ကြိုးပေး ကွပ်မျက်ခဲ့တာပါ။

စစ်သွေးကြွတွေကတော့ အခုကွပ်မျက်ခံလိုက်ရတဲ့ အီရတ်နိုင်ငံသူ al-Rishawi နဲ့ အကျဉ်းသားချင်း လဲလှယ်ဖို့ တောင်းဆိုခဲ့ပေမဲ့ ဂျော်ဒန်နိုင်ငံကတော့ လေယာဉ်မှူး Muath al-Kaseasbeh အသက်ရှင်လျက် ရှိတယ်ဆိုတာ သက်သေပြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းက စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ဆင်ရေး တခုအတွင်း လေယာဉ်ပျက်ကျရာက ဖမ်းဆီးခံခဲ့ရတဲ့ ဂျော်ဒန်လေယာဉ်မှူးကို လှောင်အိမ်တခုထဲမှာ ချုပ်နှောင်ထားပြီး ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဗွီဒီယိုကိုတော့ စစ်သွေးကြွတွေက မနေ့တုန်းကပဲ ထုတ်ပြန်ခဲ့တာပါ။ ဂျော်ဒန်နိုင်ငံကတော့ ဗွီဒီယိုဟာ လွန်ခဲ့တဲ့ တလကတည်းက ရိုက်ကူးထားတာလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ဂျော်ဒန်ဘုရင် Abdullah ကတော့ အစ္စလာမ်ဘာသာနဲ့ ဘာမှမဆိုင်တဲ့ ဒုစရိုက်အဖွဲ့တဖွဲ့ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်အဖြစ် မနေ့တုန်းကပဲ ပြစ်တင်ရှုတ်ချခဲ့တာပါ။ ဂျော်ဒန်ဘုရင်နဲ့ ခေတ္တ တွေ့ဆုံခဲ့တဲ့ သမ္မတ Barack Obama ကလည်း IS စစ်သွေးကြွတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နောက်ထပ် လုပ်ရပ်တခုအဖြစ် ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကလည်း လူ့အသက်ကို တန်ဘိုးမထားတတ်တဲ့ စစ်သွေးကြွတွေရဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

XS
SM
MD
LG