သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အစိုးရဲ့လုံခြုံရေးအစီအစဉ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ သွားရောက်သတင်းယူနေကြတဲ့ သတင်းထောက်တွေဟာ ဒီကနေ့မှာတော့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ငါးခူရ၊ ကျီးကန်းပြင်စတဲ့နေရာတွေဆီ သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်စဉ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲမှုတွေရှိနေချိန်မှာပဲ အစိုးရရဲ့ စီစဉ်ပေးမှုနဲ့ ပြည်ပသတင်းဌာန တချို့အပါဝင် ပြည်တွင်း သတင်းထောက် ၁၃ ယောက် ရခိုင်ပြည်နယ်မှာ သွားရောက် သတင်းယူနေကြတာပါ။

အင်္ဂါနေ့ကတော့ သတင်းထောက်တွေကို အာဏာပိုင်တွေက ဘူးသီးတောင်မြို့မှာရှိတဲ့ ဈေး၊ ဆေးရုံ၊ ကျောင်း အစရှိတာတွေကို လိုက်လံပြသခဲ့ပါတယ်။ မောင်တောမြို့မှာလည်း မြို့မိမြို့ဖ ပုဂ္ဂိုလ် ၂ ယောက် ၃ ယောက်လောက်နဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ကြောင်း လိုက်ပါသွားတဲ့ သတင်းထောက်တယောက်က VOA မြန်မာပိုင်းကိုပြောပါတယ်။

သတင်းထောက်တွေရဲ့ ခရီးစဉ်တလျှောက်မှာ လုံခြုံရေးအတွက် လက်နက်ကိုင် လုံခြုံရေးတွေလိုက်ပါနေပေမဲ့ မေးချင်တာကို လွတ်လွတ်လပ်လပ်မေးလို့ ရတယ်လို့တော့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက မူဆလင်လူနည်းစုတွေအပေါ် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို သတင်းထောက်တွေကို ပထမဆုံး သတင်းယူခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အခုသတင်းယူခွင့်ရတဲ့ထဲမှာ VOA, RFA နဲ့ BBC လိုနိုင်ငံခြားသတင်းဌာနကြီးတွေ မပါဝင်ပါဘူး။ အဲဒီမှာဖြစ်နေတဲ့ အခြေအနေတွေကို သိရှိလေ့လာနိုင်ဖို့ နိုင်ငံတကာက ဘက်မလိုက်လေ့လာသူတွေ၊ လူသားချင်းစာနာ အကူအညီပေးသူတွေကို အကန့်အသတ်မရှိ သွားရောက်ခွင့်ပေးဖို့ မြန်မာအစိုးရကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာတွေဆီ သတင်းထောက်တွေသွားမည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG