သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အာဆီယံဝန်ကြီးများစည်းဝေး


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး သတင်းဓါတ်ပုံ ( Ministry of Foreign Affairs Myanmar)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး သတင်းဓါတ်ပုံ ( Ministry of Foreign Affairs Myanmar)

ရခိုင်ပြည်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဒေသတွင်းကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီေ တွကို ခွင့်ပြုမှာဖြစ် တယ်လို့ မြန်မာအအစိုးရက ပြောလိုက်ပါပြီ။ ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခဖြစ်ပွားမှု နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ အာဆီယံဒေသ နိုင်ငံခြားရေး ဝန်ကြီးတွေကို မြန်မာနိုင်ငံအနေနဲ့ ခေါ်ယူရှင်းလင်းတဲ့ အစည်းအဝေးမှာ မြန်မာဖက်က ကတိပြုပြော ဆိုခဲ့တာပါ။ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တော အရေးအခင်းနောက်ပိုင်း၊ ဒေသတွင်း အာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေ တယ်ဆိုပြီး နိုင်ငံတကာမှာ ဝေဖန်ပြောဆို မှုတွေကြောင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီအစည်းအဝေးကို ခေါ် ယူရှင်းလင်း ခဲ့တာဖြစ်ပါတယ်။ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေး ပို့ထားတာပါ။

မြန်မာနိုင်ငံ ရခိုင်ပြည်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန် မှာပဲ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကို အရေးပေါ် ဆင့်ခေါ်ပြီး အဲဒီ့ကိစ္စနဲ့ ပတ်သတ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံရှင်းလင်း တာဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သတ်လို့ အဓိက ဆွေးနွေးခဲ့ ကြသလို ပဋိပက္ခကြောင့် ထိခိုက်ခံစား ခဲ့ရတဲ့ ဒေ သခံ ပြည်သူတွေနဲ့ ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း စဉ်တွေအတွက် အာဆီယံ နိုင်ငံတွေက လူသားချင်းစာနာမှုအကူအညီပေးဖို့ ကမ်းလှမ်း ချက်တွေကို ကြိုဆိုတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဘက် က ပြောဆို ခဲ့တယ်လို့ အင်ဒိုနီးယား နိုင်ငံခြားရေးဝန်ကြီး RETNO Marsudi က ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ အရေးအကြီးဆုံး အချက်အလက် ၂ ခု ထွက်ပေါ်ခဲ့ ပါတယ်။ ပထမတစ်ခု ကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို မြန်မာ အစိုးရအနေ နဲ့ ရခိုင်ဒေသ ဖွံဖြိုးတိုးတက်မှု အခြေအနေတွေကို အဆက်မပြတ် အသိပေးသွား မယ်ဆိုတာပါ။

ဒုတိယ တစ်ခုကတော့ အာဆီယံ နိုင်ငံတွေရဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ပေးဖို့ ကမ်းလှမ်းချက်တွေကို မြန်မာဘက်က အသိ အမှတ်ပြုသလို၊ ရခိုင်ဒေသ ငြိမ်းချမ်းရေးနဲ့ မူလအခြေအနေကို ပြန်လည်ရောက် ရှိနိုင်ဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက ကမ်းလှမ်းထားတဲ့ အထောက်အပံ အကူ အညီတွေကို ခွင့်ပြုပေးမယ်ဆိုတာပါ။”

ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးဟာ ရခိုင်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး အခြေအနေနဲ့ ဖွံဖြိုးတိုးတက်မှုတို့ကို မြန်မာ အစိုးရအနေနဲ့ တစ်စိုက် မတ်မတ် လုပ်ဆောင်နေတယ် ဆိုတာကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို အသိပေး ပြောကြားတာ ဖြစ်သလို ဒေသတွင်း အာဆီယံ နိုင်ငံတွေရဲ့ စည်းလုံးမှု နဲ့ သွေးစည်း ညီညွှတ်မှု ရှိစေဖို့အတွက်လည်း ရည်ရွယ်တာ ဖြစ်တယ်လို့ မြန်မာနို င်ငံခြားရေး ဝန်ကြီးဌာန ဘက်က သတင်းထုတ်ပြန် ထားပါတယ်။ ဒါ့အပြင် အခုလို နက်နဲ ရှုပ်ထွေးလှတဲ့ ကိစ္စရပ်ကို ပြေလည်အောင် ကိုင်တွယ် ဖြေရှင်းဆောင် ရွက်နိုင်ဖို့ အစိုးရအနေနဲ့ အချိန်ကာလ အပိုင်းအခြား တစ်ခု လိုအပ်မှာ ဖြစ်ပြီး အစိုးရ ရဲ့ တာဝန်ယူ လုပ်ဆောင်နေ တာကိုလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်ေ အာင်ဆန်းစုကြည်က အစည်းအဝေးအတွင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အောက်တို ဘာလ ၉ ရက်နေ့က ရခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင် မောင်တောဒေသတွေမှာ နယ်ခြားစောင့် တပ်တွေကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပြီးနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု လုပ်ရာမှာ အမျိုး သမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ နေအိမ်အဆောက်အအုံတွေကို မီးရှိုးဖျက်ဆီးမှု အပါအဝင် အစ္စလာမ်ဘာသာ ဝင်တို့အပေါ်မှာ သတ်ဖြတ်နှိမ်နင်း မှုတွေရှိတယ်ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး အသိုင်းအဝိုင်းတွေက ဝေဖန်ခဲ့ ကြသလို ဒီကိစ္စနဲ့ ပတ်သလို့ နိုင်ငံတကာ သတင်းမီဒီယာတွေက အကျယ်တဝင့် ေ ဖာ်ပြခဲ့ကြတာပါ။ ဒါ့အပြင် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ရခိုင်ဒေသမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီး မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စကို အမြန် ဆုံးကိုင်တွယ်ဖြေ ရှင်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။ ဒီလိုအခြေ အနေတွေကို တုန့်ပြန်ဖြေရှင်း နိုင်ဖို့အတွက် အခုလို အာဆီယံနိုင်ငံခြားရေး ဝန်ကြီး အဆင့် အစည်းအဝေး တရပ်ကို ခေါ်ယူကျင်းပရခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက အခုလို ပြောပါတယ်။

“စောစောပိုင်း မှာတော့ မလေးရှားရဲ့ ကနဦးဆောင်ရွက်ချက်ပေါ့နော် initiative ကနေပြီးတော့ မှ လက်ရှိ အာဆီယံ chair ဖြစ်တဲ့ လာအိုကို အကြောင်းကြား ပြီးတော့မှ ဒါကတော့ Foreign Minister emergency meeting သဘောမျိုးလေး လုပ်သင့်တယ်ဆိုပြီးတော့မှ ပြောပါတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့ဝင်တွေ ကြားမှာလည်း ဒါနဲ့ပတ်သက်ပြီး သဘောထား မတူတဲ့အခါကျတော့ ဒီအစည်းအေ ဝးလေး မလုပ်ဖြစ်ဘူး။ အဲဒီအချိန်မှာ သူ့ဆီကခေါင်းဆောင် ကနေပြီးတော့ မှတ်ချက်လေးတွေ လုပ်တာလည်းရှိတယ်။ ဒီအပေါ်ကို အခြေခံပြီးတော့မှ သူ့သံ အမတ်တွေကို ကျနော်တို့ ရပ်တည်ချက်ကို ရှင်းပြပါတယ်။”

ရခိုင်ဒေသ အကြမ်းဖက် ဖြစ်စဉ်နဲ့ ပတ်သလို့ လူ ၈၀ ကျော် အသက်ဆုံးရှုံး ခဲ့ရသလို လူသောင်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ရ လို့တယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ဖြစ်တဲ့ Human Right Watch အဖွဲ့ ကြီးကလည်း ကောင်းကင် ဂြိုလ်တု ရုပ်ပုံတွေကို အခြေခံပြီး ပဋိပက္ခဖြစ်ရာ ဒေသေ တွမှာ အိုးအိမ် အဆောက်အဦတွေ မီးရှိုံးဖျက်စီး ခံခဲ့ရတယ်လို့ ပြောဆို ထားပါတယ် ။ မြန်မာအစိုးရ ဘက်ကတော့ အဲဒီ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆို ထားပါတယ်။ ရခိုင်ဒေသ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သလို့ အာဆီယံ နိုင်ငံတွေရဲ့ ရပ်တည် ချက်ကို ဦးကျော်ဖေယျက အခုလို ပြောပါတယ်။

“ရပ်တည်ချက်တွေ လုပ်ဆောင်မှုတွေ ကွာတယ်ဆိုတာက ဒီဖြစ်စဉ်ဖြစ်တဲ့ အခါမှာ မြန်မာ နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးဆိုရင် သူကိုယ်တိုင်လည်း ကျနော်တို့နဲ့လာပြီး ထိတွေ့မှုတွေရှိတယ်၊ ကျနော်တို့လည်း ရှင်းလင်းပြောကြား တယ်၊ ဒေသအတွင်း သွားတဲ့အခါမှာလည်း ပါသွားတယ်။ နောက်သူကိုယ်တိုင် မြင်ခဲ့တယ်။ မြင်ခဲ့တဲ့ အခါကျတော့ ဒီမှာ သတင်းမှာ ပြောနေတဲ့ မီဒီယာတွေပြောနေ တာတွေနဲ့က တခြားစီပဲဆိုတာ ။ သူအင်ဒိုနီးရှားနိုင်ငံကို ပြန်သွားတဲ့အခါမှာ တက်တက်ကြွကြွပဲ ဘာသာရေးခေါင်းဆောင်တွေ ၊ အသင်းအဖွဲ့တွေ Civil Society တွေပေါ့နော် အဲဒါတွေကို ပြောတဲ့အနေအထားတွေရှိပါတယ်။ သဘော ကတော့ ကျနော်တို့ဘက် ကနေပြီးတော့မှ ခိုင်ခိုင်မာမာရပ်တည်ပေး ပြီးတော့မှ ရှင်းလင်းပြောကြားတယ်၊ သူရော နိုင်ငံခြားရေးဝန်ကြီးရော အဲလိုလုပ်တာ လေးတွေ ရှိပါတယ်။ အလားတူ နောက်တနိုင်ငံဆိုရင်လည်း ဘရူနိုင်း၊ သူဆိုရင်လည်း ကျနော် တို့ဘက်ကနေပြီးတော့ စာနာတဲ့ ရပ်တည်တဲ့ အနေအထားမျိုး လေးတွေရှိပါတယ်။ ဘာပဲပြောပြော ကျနော်တို့ ဘာလိုအပ် တာရှိသလဲ၊ ဘယ်လို ကူညီပေးရမလဲ ဆိုတာတွေကို သူတို့အနေနဲ့ ကူညီဖို့ အဆင်သင့် ရှိကြောင်း အနေအထားတွေ အဲဒီလို မျိုးလေးပေါ့လေ။”

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကနေ့မှာ ဒေသတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေအားလုံးနဲ့ တစ်ပြိုင်တည်း ေ တွ့ဆုံခဲ့သလို အစ္စလာမ်ဘာသာဝင် အများစု နေကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးယား ၂ နှစ်ငံက နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့လည်း ဒီကနေ့မှာ သီးခြားတွေ့ဆုံခဲ့ပါတယ်။ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Anifah Aman ကတော့ ဒီကိစ္စဟာ ဒေသတွင်း စိုးရိမ်ပူပန်ရမယ့် အခြေအနေ တစ်ရပ်ဖြစ်ပြီး အတူတစ်ကွ ပူးတွဲ ဖြေရှင်းသွားသင့် တယ်လို့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်မောင်တောဒေသတွင်း စစ်ဆင်ရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွတ်စွဲချက်တွေနဲ့ ပတ်သက်လို့၊ သက်သေ အထောက်အထား အခိုင် အမာနဲ့ တင်ပြလာမယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ ကြိုဆိုပြီး ဒီအပေါ်မှာ ပူးပေါင်းေ ဆာင်ရွက်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီကနေ့ လုပ်တဲ့ ရခိုင်အရေး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးရာဌာန ညွန်ကြားရေးမှုးချုပ် ဦးကျော်မိုးထွန်း နဲ့ ဗွီအိုအေ ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်း သီးသန့်တွေ့ဆုံ မေးမြန်းထားတာကို ဗွီအိုအေ ညပိုင်း ၉ နာရီအစီအစဉ်မှာ စောင့်မျှော် နားဆင်နိုင်ပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG