မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ တရားမျှတမှု ရရှိရေးအတွက် ဖော်ဆောင်မှုတွေ အားနည်းနေတုန်းပဲ ဆိုတာကို ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးရေး လှုပ်ရှားသူတွေက အလေးပေး ထောက်ပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ယေဘုယျအားဖြင့် မူစလင် အသိုင်းအဝိုင်းရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတဲ့အပြင် အစိုးရသစ်အနေနဲ့ အရင်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာတွေကို ဆက်ပြီး မကျင့်သုံးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ သူမရဲ့ ၆ ကြိမ် မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ဒီကနေ့မှာ အဆုံးသတ်လိုက်ပါပြီ ကုလအထူးကိုယ်စားလှယ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ရှေ့နေချုပ်နဲ့လည်း နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဆက်သွယ်ရေး ဥပဒေထဲက ၆၆ ဃကို လုံး၀ ဖြတ်သိမ်းပစ်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ အမျိုးသားလွှတ်တော် ဥပေဒကြမ်းကော်မတီနဲ့ တွေ့ဆုံစဉ်အတွင်း ဆွေးနွေးအကြံပြုခဲ့ပါတယ်။
NLD အစိုးရသစ်လက်ထက်မှာ ကျင်းပတဲ့ နှစ်ပေါင်း ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ သမိုင်းဝင် အတွင်းဝန်များရုံးထဲက အစည်းအဝေးခန်းမကို အများပြည်သူလေ့လာနိုင်အောင် ပထမဆုံး အကြိမ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ နေပြည်တော်မှာ ဝန်ကြီးဌာန ၄ ခုနဲ့ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကုလအထူးကိုယ်စားနဲ့ တွေ့ဆုံစဉ်အတွင်း ရခိုင်ပြည်နယ်တွင်း လူဝင်မှူ ကြီးကြပ်ရေး ကိစ္စ၊ နိုင်ငံသားပြုမယ့် ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ အလုပ်သမား လူဝင်မှူ ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ အထူးစီးပွားရေးဇုန်လုပ်ဖို့ စီစဉ်နေတဲ့ ကျောက်ဖြူမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေအပါအဝင် ပြင်ဖြူမော်မှာ ရှိတဲ့ ရခိုင်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ သူမရဲ့ ၆ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ၁၂ ရက်တာ ကြာမြင့်မယ့် ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်၊ နေပြည်တော်နဲ့ အထူးစိးပွားရေးဇုန်တို့ကို လည်း သွားရောက်ဖို့ စီစဉ်ထားပေမယ့်လို့ လုံခြုံရေး အခြေအနေကြောင့် တစ်ချို့နေရာတွေ သွားရောက်ခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။
မေလကုန်ပိုင်းက တိုက်ခိုက်ခဲ့တဲ့ မိုရာမုန်တိုင်းကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ဒုက္ခသည်တွေအတွက် ယူရိုငွေ ၁.၅ သန်းကျော် ပေးလှူသွားမယ်လို့ အီးယူဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။
စာအုပ် အဟောင်းရော အသစ်ပါ တစ်နေရာတည်းမှာ ဝယ်နိုင်၊ ဌားနိုင်တဲ့ ရန်ကုန်စာအုပ် ပလာဇာမှာ ကော်ဖီဆိုင် ကလေးကစားကွင်းတို့ ပါတဲ့အပြင် စာတမ်းဖတ်ပွဲ၊ ကဗျာရွတ်ဆိုပွဲတွေ အပါအဝင် စာပေနဲ့ သက်ဆိုင်တဲ့ ပွဲတွေလည်း မကြာမကြာကျင်းပလေ့ရှိပါတယ်။ မြန်မာတစ်ခွင် အစီအစဉ်မှာ ကိုထက်အောင်က တင်ပြပေးမှာပါ။
အစိုးရအနေနဲ့ ကလေးသူူငယ်အရေးနဲ့ ပတ်သက်လို့ အရှိန်မြင့်လုပ်ဆောင်နေတာတွေ ရှိပေမယ့်လို့ပဋိပက္ခဖြစ်ရာ ဒေသတွေက ကလေးသူငယ်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက သစ်တောထွက်ပစ္စည်းတွေကို ကုန်ချောအဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်မှာ ထိုးဖောက်နိုင်ဖို့ လုပ်နေကြတာ ဘယ်လို အခြေအနေရှိပါလဲ။ အနာဂတ်မှာရော မြန်မာ့သစ်တောထွက် ကုန်ချောပစ္စည်းတွေရဲ့အလားအလာ ဘယ်လိုရှိနေလဲ ဆိုတာ မြန်မာတစ်ခွင် အစီအစဉ်မှာ ကိုထက်အောင်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသ ၃ ခုမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ယူရိုငွေ ၉ သန်း ထောက်ပံကူညီသွားဖို့ရှိသလို၊ နောက်ထပ် ယူရို ၃သန်းကိုလည်း သဘာ၀ ဘေးအန္တရာယ် ကာကွယ်လျော့ချတဲ့ ကိစ္စရပ်တွေမှာသုံးဖို့ အကူအညီတွေ ပေးသွားမယ်လို့ အီးယူ ဥရောပ သမဂ္ဂက ကြေညာလိုက်ပါတယ်။
မြန်မာ့သစ်တောထွက်ပစ္စည်းလုပ်ငန်းဟာ ငြိမ်းချမ်းရေးကိုဦးတည်တဲ့ လုပ်ငန်းမျိုးဖြစ်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးကဒီကနေ့စတင်ဖွင့်လှစ်တဲ့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းပြပွဲမှာ ပြောဆိုသွားပါတယ်။ ပြပွဲဖွင့်ပွဲကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုထက်အောင်က အပြည့်စုံ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာပြန်စာပေတွေ ဒီထက်ပို တိုးတက်စေဖို့နဲ့ မျိုးဆက်သစ် ဘာသာပြန်စာရေး ဆရာတွေ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပြီး Myanmar Translation Network ဘာသာပြန် ကွန်ရက်တခုကို ဖွဲ့စည်းဖို့ ပြင်ဆင်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပိုင်မီဒီယာကနေ နိုင်ငံအခြေပြမိန့်ခွန်းပြောကြားခဲ့တာဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ မညီညွတ် တာကြောင့် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၁၀ ခုလောက် ပေါင်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအပေါ် ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းသွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီကပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကွာဟခဲ့တဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေတွေထဲက ငွေကျပ်သန်းပေါင်း ၃၀၀ ကို ဒီကနေ့မှာ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းအစိုးရထံ သွားပေးခဲ့ပြီး မနက်ဖြန်မှာ ကျပ်သန်း ၅၀၀ လာပေးဖို့ ရှိတယ်လို့ လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက် ဒေသဖွံဖြိုးရေး ရန်ပုံငွေထဲကကျပ်သန်းပေါင်း ၄ ထောင်ကျော်နဲ့ ပက်သက်လို့ ရှင်းရှင်းလင်းလင်းသိရအောင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စ ၃ လုံးကို မကွေးတိုင်းအစိုးရအနေနဲ့ စာရေး တောင်းဆိုထားပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်မှာ ကွာဟခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲက ကျပ်သန်း ၃ ထောင် ကျော်ကို ဇူလိုင်လနောက်ဆုံးထားပြီး ပြန်ရဖို့ရှိတယ်ဆိုတာ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဦးအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။ ြ
လျှပ်စစ်မီးရရှိဖို့ အလှမ်းဝေးနေသေးတဲ့ ကျေးရွာတွေအတွက် စက်ဘီးဒိုင်နမို အသုံးပြုပြီး လျှပ်စစ်မီးထုတ်နိုင်တဲ့ လက်လှည့်နဲ့ ခြေနင်း Charger တွေကို သဘာဝသိပ္ပံအခြေပြုပညာရှင်တွေ စမ်းသပ်ထုတ်လုပ်လိုက်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ လျှပ်စစ်မီးထုတ် ခြာဂျာတွေအကြောင်း မြန်မာတစ်ခွင်အစီအစဉ်မှာ ကိုထက်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်