သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုရာမုန်တိုင်းသင့် မြန်မာပြည်သူတွေကို EU အကူအညီပေးမည်


မေလကုန်ပိုင်းက တိုက်ခိုက်ခဲ့တဲ့ မိုရာမုန်တိုင်းကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ဒုက္ခသည်တွေအတွက် ယူရိုငွေ ၁.၅ သန်းကျော် ပေးလှူသွားမယ်လို့ အီးယူဥရောပသမဂ္ဂက ကြေညာလိုက်ပါတယ်။ ဒီအလှုငွေတွေကို အစိုးရကနေတစ်ဆင့် တိုက်ရိုက်သွားမှာ မဟုတ်ဘဲ အီးယူနဲ့ မိတ်ဖက် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကုလမသဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးလှုသွားမယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အီးယူဥရောပသမဂ္ဂအနေနဲ့ မိုရာမုန်းတိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ ယူရိုငွေ ၁.၅ သန်း ပေးလှုလိုက်တာပါ။ ဒီအလှုငွေထဲကနေ ယူရိူု၅ သိန်းကို မြန်မာနိုင်ငံအတွက် ပေးလှူမှာ ဖြစ်တယ်လို့ အီးယူ လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းဖြစ်တဲ့ (ECHO) ရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ပြန်ကြားရေး တာဝန်ရှိသူက အခုလို ပြောပါတယ်။

“မေလကုန်ပိုင်းက မုန်ရာမုန်တိုင်းဒဏ်ခံစားခဲ့ကြရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးလှူနိုင်ဖို့ အီးယူက ယူရိုငွေ ၁.၅ သန်း ပေးလှူမှာ ဖြစ်ပါတယ်။ ဒီငွေထဲက ယူရို ၅ သိန်းကိုတော့ မုန်တိုင်းကြောင့် ထိခိုက်မှုများခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက သူတွေအတွက် ပေးလှူမှာ ဖြစ်ပါတယ်။”

ဒီအလှူငွေတွေကို လိုအပ်ချက်များတဲ့ ကိစ္စရပ်တွေဖြစ်တဲ့ အရေးပေါ် နေစရာ ဖန်တီးပေးမှုအပါအဝင် အစားအသောက်လိုအပ်ချက်တွေ၊ သန့်ရှင်းတဲ့ ရေရရှိရေး ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေး စောင့်ရှာက်မှု ကိစ္စရပ်တွေမှာ အဓိက သုံးစွဲသွားမှာ ဖြစ်ပါတယ်။ အကူအညီတွေကို အစိုးရထံ တိုက်ရိုက် ပေးလှူသွားမှာမဟုတ်ပဲ အီးယူရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ECHO ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ဒီအလူငွေတွေကို အီးယူနဲ့ အတူလက်တွဲ လုပ်ဆောင်နေတဲ့ NGO အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုတစ်ဆင့် စနစ်တကျ ပေးလှူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မေလကုန်ပိုင်းက တိုက်ခိုက်ခဲ့တဲ့ မိုရာ မုန်တိုင်းကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက မွတ်ဆလင် ဒုက္ခသည်များ အများအပြားရှိတဲ့ Cox's Bazar ခရိုင်တွင်းမှာတော့ နေအိမ် ၅ သောင်းကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၂ သိန်းကျော် ရွေးပြောင်း နေထိုင်ခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောဆိုထားပါတယ်။ မြန်မာပြည်တွင်းမှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ဒုက္ခသည်စခန်းတွေမှာ အပျက်အဆီး တစ်ချို့ ရှိခဲ့တာပါ။

ဒါကြောင့်လည်း မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးလှူနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာအစိုးရကတော့ အကူအညီတွေကို ရခိုင်နဲ့ မွတ်ဆလင် အသိုင်းအဝိုင်း ၂ ခုအတွက် မျှမျှတတပေးလှူကြဖို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG