သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုန်းဒုက္ခသည်များ ကူညီရေးလုပ်ငန်းစတင်


မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံခဲ့ရသောနေရာများတွင် ပြန်လည်ထူထောင်ရေးအမြန်ဆုံး ဆောင် ရွက်နိုင်ရေး အတွက် လူ ကယ်ပြန် ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး များသည် ပြည်သူများထံသို့ တိုက်ရိုက်ထောက် ပံ့မှု များဆောင် ရွက်သည်။ (MOI)
မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံခဲ့ရသောနေရာများတွင် ပြန်လည်ထူထောင်ရေးအမြန်ဆုံး ဆောင် ရွက်နိုင်ရေး အတွက် လူ ကယ်ပြန် ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး များသည် ပြည်သူများထံသို့ တိုက်ရိုက်ထောက် ပံ့မှု များဆောင် ရွက်သည်။ (MOI)

မြန်မာနိုင်ငံ အနောက်ခြမ်းဒေသတွေမှာ ဒီသီတင်းပတ် တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း ဆိုင်ကလုံး မိုရာ ကြောင့် ထိခိုက်ပျက်စီးမှုတွေ များပေမဲ့လို့ လူအသေအပျောက် မရှိတဲ့အကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောပါတယ်။ မြန်မာနိုင်ငံလိုပဲ မုန်တိုင်းဒဏ်ကို တချိန်တည်း ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်း ဒေသတွေမှာတော့ လူသေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့ပြီး နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာလည်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရပါတယ်။ အပြည့်စုံကို စုံစမ်းမေးမြန်း ထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုရာဟာ ပြီးခဲ့တဲ့ တနင်္လာ နဲ့ အင်္ဂါနေ့တွေက မြန်မာနိုင်ငံ အနောက်ခြမ်း ဒေသတချို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့ဘက်ဒေသတွေကို ဝင်ရောက်ခဲ့တာပါ။ မြန်မာနိုင်ငံဘက်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့မှာ ထိခိုက် ပျက်စီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

ဒါပေမဲ့ မုန်တိုင်း ကြိုတင်သတိပေးချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ရှိခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု များပေမဲ့လို့ လူ အသေအပျောက်တော့ မရှိခဲ့ဘူးလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က မုန်တိုင်းဆိုတာကို ကြိုသိတဲ့အတွက်ကြောင့် ကြိုပြီးတော့ ပြည်သူတွေကို သတိပေးတယ်။ ဒါကြောင့် တယောက်မှ သေဆုံးမှုမရှိဘူး။ လူတွေက မုန်တိုင်းဆိုရင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို လူတွေက သိသွားပြီ ။ သိသွားတော့ အပြင်မထွက်နဲ့ဆိုရင် မထွက်ဘူး ။ အဆောက်အအုံခိုင်မာတဲ့နေရာမှာနေဆိုရင် သူတို့က သူတို့အိမ်မခိုင်မာဘူးဆိုရင် ဘေးကအိမ် တွေမှာ ပြေးနေတာ။ အဲဒီလိုသဘောမျိုးတွေပေါ့ ပြည်သူရဲ့ awareness ကတော့ အရမ်းကို ပေါ်ပေါ်လွင်လွင်ကြီးကို သိသိသာသာဖြစ်သွားတာ ။ ဒါက ကျနော်တို့အတွက် အားသာချက်ပေါ့နော် ။”

မိုရာ မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်က အဆိုးဆုံး ခံခဲ့ရတာပါ။ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏ မြန်မာကျပ်ငွေ ခန့်မှန်းချေကို ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခုလို ရှင်းပြပါတယ်။

“ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့တွက်ရင်တော့ မောင်တောဘက်မှာအကြမ်းဖျင်းကတော့ ၁ ဘီလီယံလောက်ရှိနေတယ် အဲဒီတခုထဲကိုပဲ။ ကျန်တာတွေကတော့ အားလုံးပေါင်းလိုက်ရင် ကျန်တဲ့နေရာတွေမှာ မောင်တောအပြင်ကို ၅ ဘီလီယံကျော်လောက်ရှိတယ်။ ဆိုတော့ အားလုံးပေါင်း ဆိုရင် ၆ ဘီလီယံလောက်ရှိတယ် ဒါက ခန့်မှန်းတာနော်။ ဒါပေမယ့် မသေချာသေးဘူး အတိအကျ စာရင်းမထွက်သေးဘူး။ မကွေး၊ စစ်ကိုင်းဘက်အခြေအနေကလည်းရှိတယ်။ ဒါပေမယ့် လုံး၀ အတိအကျစာရင်းတော့မရသေးဘူး ကျနော်တို့ကတော့ ဘာလဲဆိုရင် ကျနော်တို့ ဌာနကနေပြီးတော့ အဲဒီမှာ အခုသွားပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေတော့လုပ်နေကြတယ်။ အဲဒီစာရင်းတွေ ဒီညနေဆိုရင်တော့ အကုန်ရပြီ ကျနော်တို့ ကနဦးစာရင်းတွေအရဆိုရင်တော့ ချင်းတို့၊ မကွေးတို့ ၊ ဧရာဝတီတို့မှာဆိုရင် ဖြစ်တယ်။ ချင်းဆိုရင် မြေပြိုတာတွေဖြစ်တယ်။ ဟားခါးမှာ အိမ် အလုံး၂၀ လောက်မြေပြိုတယ်၊ ပါသွားတယ်။ နောက်တခါ မကွေးမှာဆိုရင် ချောက်မှာပေါ့ အဓိကတော့ အိမ် ၈ လုံး ၉ လုံးပေါ့ ကနဦးသတင်းကိုက အဲဒီလောက်ရှိနေပြီ။ ဧရာဝတီမှာဆိုရင်လည်း မော်လမြိုင်ကျွန်းဆိုရင် အိမ် ၁၀လုံး ထိခိုက်မှုရှိတယ်။ ဒါပေမယ့် အသေးစိတ်စာရင်းကတော့ ဒီညနေလောက်ရမယ်။”

မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ လူကယ်ပြန် ဝန်ကြီးဌာနက ပြည်နယ်အစိုးရတွေနဲ့ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ အကြောင်းလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“အကုန်လုံး ဒုက္ခတွေရောက်ပြီးတော့ စခန်းတွေရောက်သွားတာတော့မရှိဘူး။ ကိုယ့်အိမ်မှာကိုပဲ အမိုးလန်သွားတဲ့လူကလည်း နီးရာမှာနေတယ်။ စခန်းရယ်လို့ဖြစ်မသွားဘူး။ စခန်းလိုဖြစ်တာက စစ်တွေမှာ ၂ နေရာပဲတွေ့တယ်၊ ဘုန်းကြီးကျောင်းတွေမှာ ခဏနေရတာပေါ့နော် ။ အဲဒါကြောင့်ကျနော်တို့က အဲဒီနေရာမှာ ၇ ရက်စာ စားဖို့ အကုန်လိုက်ပေးခဲ့ပြီးပြီ။ ၂ နေရာပဲတွေ့တယ်။ ကျန်တဲ့နေရာမှာတော့ သူ့အိမ်နဲ့သူ၊ သူ့နေရာနဲ့သူတွေကြီးပဲ ။ ဒါမှမဟုတ် နီးစပ်ရာနေတွေမှာ နေကြတယ်ပေါ့ ဒါပေမယ့် ပြန်ပြီးတော့ လုပ်တာတွေကလည်း ကျနော်တို့ ထောက်ပံ့မှုတွေပေးနေတဲ့အတွက်ကြောင့် ချက်ချင်းပြန်ပြီးတော့ အမိုးတွေ အသစ်တွေမိုးတာတွေရှိတယ်ဆိုတော့ အဆင်ပြေပါတယ်။ camp ဒုက္ခသည်စခန်းတွေလည်း ပျက်စီးပေမယ့် သူတို့လည်း စုပြီးတော့ နေကြတယ်။ ဒီ Camp တွေကို ဒီနေ့ဆိုရင် အပြီးသတ်ကျနော်တို့ စိစစ်ပေးသွားမယ်။ တကယ့်ဖြစ်တာပေါ့နော် ဘယ် နှစ်ခုပြိုသွားတယ် ၊ ဘယ်တခုကတော့ တဝက်လန်သွားတယ် စသဖြင့် အဲလိုမျိုးတွေရှိပါတယ်။”

မြန်မာနိုင်ငံလိုပဲ မုန်တိုင်းဒဏ်ကို တချိန်တည်း ခံခဲ့ရတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဘက်ဒေသတချို့မှာတော့ သေဆုံးသူ ၆ ဦးထက်မနည်း ရှိပြီး လူ ၅၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မုန်တိုင်းကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပိုမို ဒုက္ခရောက်ခဲ့ကြရပါတယ်။

"မုန်တိုင်းကြောင့် ကျမအိပ်ပျက်သွားပြီး အမိုးတွေလည်း လွှင့်ထွက်ကုန်ပါတယ်။ နေစရာ လုံး၀ မရှိတော့ပါဘူး။ အသက် ဆက်ရှင်နိုင်ဖို့အတွက် ဒီနေရာမှာ စားစရာ အကူအညီတချို့ လာ တောင်းယူတာပါ။” - ဒုက္ခသည်အဖွားအိုတဦး ပြောသွားတာပါ။

ထိခိုက် ဒဏ်ရာရတဲ့ ဒုက္ခသည်တွေလည်း အများအပြား ရှိခဲ့ပါတယ်။

"မုန်တိုင်းကြောင့် ကျနော့်အိမ်ပျက်သွားပြီး သားနဲ့သမီးလည်း ဒဏ်ရာရပါတယ်။ အခု သူတို့ ဆေးရုံမှာပါ။ ခေါင်မိုးက ကျနော့် ရင်ဘက်ပေါ်ကို ကျလို့ ကျနော်လည်း ဒဏ်ရာ ရပါတယ်။ အခု ဆေးသောက်နေရတာပါ။ အိမ် ပြန်ပြင်ဖို့နဲ့ ငွေ မရှိသလို၊ စားစရာလည်း မရှိပါဘူး။” လို့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသားတဦး ပြောသွားတာပါ။

မိုရာ ဆိုင်ကလုန်း မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးနောက် အားပျော့သွားခဲ့ပြီးတဲ့နောက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မိုးရေချိန် ၃ လက်မကနေ ၆ လက်မထိ ရွာသွန်းပြီး တောင်ထူထပ်တဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတော့ ၁ ပေခန့်ထိ ရွာသွန်းခဲ့ပါတယ်။ သိရီလင်္ကာနိုင်ငံမှာတော့ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ရာနဲ့ချီ ရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှာလည်း သေဆုံးသူ အများအပြား ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG