သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံ ရောက်ရှိ


ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ ရခိုင်ခရီးစဉ် (၂၀၁၇ ဇန်နဝါရီလ) (United Nations Information Centre Yangon)
ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီ ရခိုင်ခရီးစဉ် (၂၀၁၇ ဇန်နဝါရီလ) (United Nations Information Centre Yangon)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့မှာ အထူးစီးပွားရေးဇုန်လုပ်ဖို့ စီစဉ်နေတဲ့ ကျောက်ဖြူမြို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ဒေသခံပြည်သူတွေအပါအဝင် ပြင်ဖြူမော်မှာ ရှိတဲ့ ရခိုင်ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အထူးစီးပွားရေးဇုန် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာဖို့အတွက် ကုလအထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို ရောက်ရှိနေတာပါ။ သူမရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက အခုလို ပြောပါတယ်။

“အန်ကယ်တို့ အခုကျောက်ဖြူုရောက်နေတယ်နော်။ ဒေသခံ အာဏာပိုင်တွေ၊ ထွေအုပ်က နောက်ပြီးတော့ ဒီက စီမံကိန်းရုံးက အာဏာပိုင်တွေနဲ့ တွေ့တယ်။ ပြင်ဖြူမော်ဆိုတဲ့ ဒေသခံတွေနဲ့ အခုတွေ့နေပါတယ်။”

ဒါ့အပြင် ကုလအထူးကိုယ်စားလှယ်ဟာ ပြင်ဖြူမော်မြို့နယ်မှာ ရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာခဲ့သလို ရေနံတောင် ကျေးရွာအတွင်းမှာ ရှိတဲ့ တောင်သူလယ်သမား အစည်းအရုံးနဲ့လည်း နေ့လည်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။ Ms.Yanghee Lee နဲ့ ဒီကနေ့ တွေ့ဆုံခဲ့စဉ်အတွင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကိစ္စရပ်တွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှုး ဦးသန်းထွဋ်ဦးကပြောပါတယ်။

“( အထူးစီးပွားရေးဇုန်) လုပ်မယ့် လုပ်ငန်းအတွက်ကို မေးတယ်။ လက်ရှိကတော့ မြေဧရိယာ သတ်မှတ်ထားဆဲပဲ ရှိသေးတယ်။ ကျန်တာတွေကတော့ အပေါ်က ကော်မတီတွေက ဆွေးနွေးနေတုန်း အဲဒါတွေက ဘာမှ instruction ဘာမှ ပြန်ကျမလာသေးဘူး။ ပထမ first space လုပ်မယ့် ဧက ၂၅၀ နေရာကို အခုအဲဒါသွားကြည့်တာပေ့ါနော်။ နောက်ပြီးတော့ မုန်တိုင်း မာရသာ ဝင်သွားတော့ ဘာတွေ ပျက်စီးတုန်းမေးတယ်။ ဒီမှာတော့ ဒီဖက်ကျောက်ဖြူုဖက်တော့ ဘာမှ မပျက်စီးဘူး ပြောတယ်။ ဒီအကျဉ်းထောင်မှာတဲ့ အသက် ၁၈ နှစ်အောက်တွေ ဘယ်လိုထားလဲ အစကတည်းက အကျဉ်းထောင်မှာ အသက် ၁၈ နှစ်အောက်တွေ မရဘူးလို့ ဖြေလိုက်တယ်။ နောက်ပြီးတော့ ဟိုဖက် ရခိုင်ပြင်ဖြူမော် camp ရွှေ့တာ အဲဒါ ဘယ်လိုစီစဉ်ပေးလဲ၊ အဲဒီ့နေရာကို အိြမ်ပန်ဆောက်ပေးတယ်။ လမ်း ဖောက်ပေးတယ်။ မိသားစု တစ်စုကို တစ်အိမ်တစ်လုံး ဆောက်ပေးတယ်။ ဒါလေးပြောပြီးတော့ အဲဒီ့ ပြင်ဖြူမော် camp ကို သွားကြည့်တယ်။”

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ညနေပိုင်းမှာတော့ အဲဒီ့မှာ ရှိနေတဲ့ ဒေသခံ ပြည်သူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တစ်ချို့နဲ့လည်း တွေ့ဆုံဖို့ ရှိတာပါ။ ကျောက်ဖြူုဒေသ ဖွံဖြိုးရေး အသင်းတည်ထောင်သူ ကိုထွန်းကြည် ကတော့ တရုတ်မြန်မာ ရေနံပိုက်လမ်းနဲ့ အထူးစီးပွားရေးဇုန် ကိစ္စရပ်တွေကြောင့် ဒေသခံတွေအပေါ် ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲဆိုတာ နဲ့ပတ်သက်လို့ ကုလအထူးကိုယ်စားလှယ်ကို တင်ပြသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“လောလောဆယ်တော့ ကျွန်တော်တို့ လက်ရှိ ဂတ်စ်ပိုင်းလိုင်းမှာ ဒေသခံတွေရဲ့ အခွင့်အရေးနဲ့ ဆက်စပ်တဲ့ အကြောင်းအရာရယ်၊ နောက်တစ်ပိုင်းကတော့ မဒေးကျွန်းကို ရေနံတင်သင်္ဘောတွေ ဝင်လာတယ် ကိစ္စနဲ့ ပတ်သက်တဲ့အကြောင်းအရာတစ်ခုပါမယ်။ နောက်ပြီးတော့ ကျောက်ဖြူ SEZ ပေါ့။”

Ms.Yanghee Lee ဟာ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ ဖို့အတွက် တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် မြန်မာနိုင်ငံကို လာရောက်လေ့ရှိပါတယ်။ ဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ကို ယူပြီးနောက်ပိုင်း သူမရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်တွေမှာတော့ သူမသွားရောက်ဖို့ စီစဉ်ထားတဲ့ နေရာတော်တော်များများကို လေ့လာခွင့်ရခဲ့ပေမယ့်လို့ ဒီတစ်ခေါက်မှာတော့ လုံခြုံရေးအခြေအနေတွေကြောင့် ရှမ်းပြည်နယ်တွင်း နေရာတစ်ချို့ကို သွားရောက်လေ့လာဖို့ အစိုးရက ပိတ်ပင်ထားပါတယ်။ ဒါကြောင့်လည်း သူမတာဝန်ရှိတဲ့အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လက်ရှိအစိုးရရဲ့ ကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုကို မျှော်လင့်မိတယ်လို့ Ms.Yanghee Lee က ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း နေရာတော်တေ်ာများများမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ရတဲ့ အခြေအနေတွေ မြင့်တက်နေတဲ့အတွက်ကြောင့်မလို့ လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ်မှာပါ သက်ရောက်မှူ ရှိလာနိုင်တဲ့အပေါ်သူမအနေနဲ့ အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG