ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေဟာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ယေဘုယျအားဖြင့် မူစလင်အသိုင်းအဝိုင်းရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတဲ့အပြင် အစိုးရသစ်အနေနဲ့ အရင်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာတွေကို ဆက်ပြီး မကျင့်သုံးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr.Yanghee Lee က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူမအနေနဲ့ ဒီတစ်ခေါက် ခရီးစဉ်မှာ နေရာတစ်ချို့ကို လုံခြုံရေးအကြောင်းပြချက်ကြောင့် သွားရောက်လေ့လာခွင့်မရသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူတဲ့ ကိုထက်အောင်က ပြောပြပေးမှာပါ။
မြန်မာနိုငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်လေ့လာတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ ယမ်ဟီးလီဟာ သူ့ရဲ့ ၁၂ ရက်တာ ခရီးစဉ် အဆုံးမသတ်ခင်မှာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့တာပါ။ ကုလအထူးကိုယ်စားလှယ် ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူစလင်တွေရဲ့ အခြေအနေဟာ တိုးတက်မှု နှေးကွေးနေသေးတယ်လို့ ဒေါက်တာ ယမ်ဟီးလီဟာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်ပါတယ်။
"ဇန်နဝါရီခရီးစဉ်ဖြစ်တဲ့ ကျမနောက်ဆုံးလာခဲ့တဲ့အချိန်ကစပြီး ရိုဟင်ဂျာတွေရဲ့ ယေဘုယျအခြေအနေကိုတိုးတက်မှုရှိတယ်လို့ ပြောဖို့ခက်ခဲတဲ့အပြင် ရခိုင်မြောက်ပိုင်း အခြေအနေဟာ ပိုပြီးတော့တောင် ရှုပ်ထွေးတဲ့အနေအထားမှာ ရှိနေပါတယ်။ စစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်ရေးချိုးဖောက်တယ်လို့ စွပ်စွဲတဲ့အစီရင်ခံစာတွေ ဆက်တိုက်ရနေတာပါ။ ဒါ့အပြင် နိုင်ငံသားစီစစ်ရေး လျှောက်ထားတဲ့ရိုဟင်ဂျာတွေကို ဘယ်သူဘယ်ဝါမှန်းမသိရသူတွေက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ၊ အစိုးရအာဏာပိုင်တွေနဲ့လက်တွဲလုပ်နေတဲ့ ကျေးရွာအုပ်ချုပ်သူတွေနဲ့ အခြားမွတ်စလင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကြောင့် ရိုဟင်ဂျာအရပ်သားအများအပြား ကြောက်လန့်နေကြရသလို နှစ်ဖက်အကြမ်းဖက်မှုတွေကြား မြေစာပင်ဖြစ်နေတာတွေလည်းတွေ့ရပါတယ်။"
ဒေါက်တာ ယမ်ဟီလီဟာ ဒီတစ်ခေါက်မှာ လုံခြုံရေး အခြေအနေကြောင့် တစ်ချို့နေရာတွေကို သွားရောက်လေ့လာဖို့ အစိုးရက ခွင့်မပြုခဲ့သလို ရှမ်းပြည်နယ် ဘက်မှာဆိုရင်လည်း လားရှိုးတစ်ခုကိုသာ သွားရောက်ခွင့်ရခဲ့ပါတယ်။ သတင်းသမား ၃ ဦးကို မတရားအသင်းကပုဒ်မ ၁၇ ၁ နဲ့ ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါကို သွားရောက်ဖို့ ခွင့်တောင်းခဲ့ပေမယ့်လို့ အစိုးရက ဒါကို ခွင့်မပြုခဲ့ဘူးလို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်မှာလည်း ဘားအံမြို့ တမြို့ကိုသာ သွားရောက်ခွင့် ရခဲ့တာပါ။
သူမရဲ့ ခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတို့အပါအဝင် ဒေသခံတွေကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်ဖက် အုပ်ချုပ်ရေးကို ပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ အဟန့်အတားဖြစ်နေတယ်လို့ သတ်မှတ်ကြတဲ့ စစ်ဘက်က တာဝန်ရှိသူတွေနဲ့ ဘာသာရေး ပြသဿနာဆိုင်ရာတွေမှာ တာဝန်ရှိတဲ့ ဌာနတွေကို မသွားနိုင်ခဲ့တာကို မကျေမနပ်နဲ့ ပြောကြားခဲ့ပါတယ်။
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို ကျမ မတွေ့ခဲ့ရတဲ့အပြင် ပြည်ထဲရေး ကူးသန်းသွားလာရေး ဆက်သွယ်ရေးဆိုင်ရာ ၊ ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း တွေ့ခွင့်မရခဲ့ပါဘူး။"
ဒေါက်တာယမ်ဟီးလီက ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး အခြေအနေ ကာကွယ်တိုးမြင့်ရေး ကိစ္စ ငြိမ်းချမ်းရေးနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ကိစ္စတို့ကို ဆွေနွေးခဲ့ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နှောင့်ယှက်တယ်ဆိုပြီး ဝေဖန်ပြောဆိုနေကြတဲ့ ဆက်သွယ်ရေး ဥပဒေ ၆၆ ဃနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်နဲ့ ဆွေးနွေးခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်လက်ထက်မှာ အရင်အစိုးရတွေ ကျင့်သုံးခဲ့တဲ့ နည်းဗျုဟာ တစ်ချို့ကို ကျင့်သုံးနေဆဲ ဖြစ်တာကြောင့် စိတ်ပျက်မိတယ်လို့လည်းဒေါက်တာယမ်ဟီးလီက သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုလိုက်ပါတယ်။
"အခုကျမရဲ့ခရီးစဉ်ဟာ အစိုးရသစ်လက်ထက်မှာ တတိယအကြိမ် လာရောက်တာဖြစ်ပြီး အရင်အစိုးရလက်ထပ်က ကျင့်သုံးခဲ့တဲ့မဟာဗျူဟာတွေကိုပဲ ကျင့်သုံးနေတာမြင်ရတာမို့စိတ်ပျက်မိပါတယ်။ အစိုးရသစ်အနေနဲ့ အထူးသတ်မှတ်မှုတွေမပါဘဲ ကုလသမဂ္ဂနဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ လိုလားတယ်ဆိုတာ ကျမနားလည်ပါတယ်။ ကုလသမဂ္ဂက အထူးသတ်မှတ်ချက်တွေ ဖြေလျော့မပေးခင်မှာ အခုလိုအထူးအာရုံစိုက်မှုတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လျော့ပါးဖို့သင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံကို အပြောင်းလဲ တွေရှိအောင် ပထမဆုံးလုပ်ဖို့လိုပါတယ်။"
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာယမ်ဟီးလီရဲ့ ဒီတစ်ခေါက် မြန်မာပြည် ခရီးစဉ် မစခင်မှာ သူမရဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်နဲ့ ပတ်သက်မှု မရှိစေရဘူးလို့ အစိုးရက ပြောဆိုထားပါတယ်။ ဒါပေမယ့်လို့ သူမရဲ့ တာဝန်နဲ့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့လုပ်ပိုင်ခွင့် တာဝန်တွေဟာ မတူညီဘူးလို့ ဒေါက်တာ ယမ်ဟီးလီက သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee သတင်းစာရှင်းလင်းပွဲ သတင်းဓာတ်ပုံများ
1/11
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Dr.Yanghee Lee သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေတာပါ။ Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
အသေးစိတ် ဖတ်ရှုရန်
Show less
2/11

3/11

4/11

5/11

6/11

7/11

8/11

9/11

10/11

11/11
Yanghee lee meets with Aung San Suu Kyi
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ၁၂ ရက်ကြာ ကွင်းဆင်းလေ့လာပြီးတဲ့နောက် ကုလအထူးကိုယ်စားလှယ် Dr.Yanghee Lee ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပနေတာပါ။ Dr.Yanghee Lee ဟာ ဒီတစ်ခေါက် ခရီးစဉ်တွင်းတွေ့ရှိချက်တွေကို သတင်းမီဒီယာသမားတွေကို ရှင်းလင်း ပြောကြားပြီးတဲ့နောက် လာမယ့် အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။
အသေးစိတ် ဖတ်ရှုရန်
Show less
Previous slide
Next slide