သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

JP Morgan တရုတ်ရုံးခွဲ လူကြီးသားသမီးခန့်ထားမှု အမေရိကန်အစိုးရ စစ်ဆေးပြီ


JP Morgan
JP Morgan
အမေရိကန်နိုင်ငံက JP Morgan ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးဟာ တရုတ်နိုင်ငံမှာလုပ်ကိုင်နေတဲ့ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင် ချောစေဖို့အတွက် အစိုးရ ထိပ်တန်း အာဏာပိုင်အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ငှားရမ်းအသုံးပြုနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မှန်ကန်မှု ရှိမရှိ ဆိုတာကို ပြည်ထောင်စု အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့ ထင်ရှားတဲ့ အမေရိကန် သတင်းစာကြီးတစောင်က ဖော်ထုတ် ရေးသား လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ လျှို့ဝှက်စာရွက်စာတမ်းတခုကို အခြေခံပြီး အခုလို ထုတ်ဖော် ရေးသားလိုက်တာဖြစ်ကြောင်း နယူးယောက်တိုမ်းစ် သတင်းစာကြီးရဲ့ အင်တာနက် စာမျက်နှာမှာ စနေနေ့က ဖော်ပြထားပါတယ်။ ဒါပေမဲ့ သတင်းစာကြီးက အစိုးရရဲ့ စာရွက်စာတမ်းတွေ မှာကော ပြင်ပ မှတ်တမ်းမှတ်ရာတွေ အရပါ၊ JP Morgan ရဲ့ အလုပ်သမား ငှားရမ်းမှုမှာ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့၊ ဝန်ထမ်းတွေဟာ အရည်အချင်း မပြည့်မီဘဲ ခန့်အပ်တယ် စတဲ့အချက်တွေနဲ့ ဆက်စပ်နေတာ မတွေ့ရဘူးလို့ ဆိုထားပါတယ်။

JP Morgan က အရင်က တရုတ်နိုင်ငံ ဘဏ်လုပ်ငန်း စည်းကမ်းထိမ်းသိမ်းရေး အကြီးအကဲ၊ အခုလောလောဆယ် China Everbright Group ရဲ့ ဥက္ကဋ္ဌ တန်ရှောင်နင်း ရဲ့ သားဖြစ်သူနဲ့ မီးရထားဌာနရဲ့ ထိပ်တန်းအရာရှိကြီးတဦးရဲ့ သမီးဖြစ်သူတွေကို အလုပ်ခန့်ထားခဲ့တယ်လို့ ဆိုပါတယ်။ မီးရထားဌာန အရာရှိကြီးတဦးရဲ့ သမီးဖြစ်တဲ့ ဇောင် ရှီရှီ ဟာ အစိုးရအတွက် ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းတွေကို အများပိုင် ကုမ္ပဏီ တခုအဖြစ် ပြောင်းအောင် အကြံပေးလုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ သတင်းစာကြီးမှာ ရေးသားထားပါတယ်။
XS
SM
MD
LG