သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးအမိန့်ဖီဆန်မှုနဲ့ သမ္မတဟောင်း Trump ဒဏ်ငွေချမှတ်ခံရ


သမ္မတဟောင်း ထရမ့်ကို နယူးယောက်မြို့ ရာဇဝတ်မှုတရားရုံးက တရားရုံးအမိန့်ဖီဆန်မှုနဲ့ ဒဏ်ငွေ ဒေါ်လာ ၉,၀၀၀ ချမှတ်ခဲ့စဥ်။
သမ္မတဟောင်း ထရမ့်ကို နယူးယောက်မြို့ ရာဇဝတ်မှုတရားရုံးက တရားရုံးအမိန့်ဖီဆန်မှုနဲ့ ဒဏ်ငွေ ဒေါ်လာ ၉,၀၀၀ ချမှတ်ခဲ့စဥ်။

သမ္မတဟောင်းထရမ့်ကို တရားရုံးအမိန့်ဖီဆန်မှုနဲ့ နယူးယောက်တရားသူကြီးက အင်္ဂါနေ့မှာ ဒဏ်ငွေ ၉,၀၀၀ ဒဏ်ချလိုက်ပါတယ်။ ထရမ့်ကိုစွဲဆိုထားတဲ့ ရာဇဝတ်မှုမှာ 'တရားရုံးကခေါ်ယူနိုင်တဲ့သက်သေတွေအပေါ် မဝေဖန်ရ' လို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတာကို မစ္စတာထရမ့်က ချိုးဖောက်တာကြောင့် ခုလို ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူ့အပေါ်နိုင်ငံရေးတိုက်ခိုက်မှုတွေကို တုံ့ပြန်တာသာဖြစ်တယ်လို့ မစ္စတာထရမ့်ကတော့ ဆိုပါတယ်။ လူမှုသစ္စာလို့ အဓိပ္ပါယ်ရနိုင်တဲ့ Truth Social လူမှုစာမျက်နှာမှာ မစ္စတာထရမ့်တင်ထားတာ ၉ ခုကိုလည်း တရားသူကြီး Juan Merchan က ဖြုတ်ခိုင်းခဲ့ပါတယ်။ အချိန်အနည်းငယ်အတွင်း မစ္စတာထရမ့်က ဖြုတ်ပေးခဲ့ပါတယ်။ လိင်ဖျော်ဖြေရေးမယ် Stormy Danielsကို နှုတ်ပိတ်ခပေးခဲ့တာနဲ့ဆက်နွယ်ပြီး မစ္စတာထရမ့်ကိုလိမ်လည်မှုနဲ့ အစိုးရရှေ့နေက တရားစွဲဆိုထားတာပါ။

ခုလို တရားသူကြီးက ဆုံးဖြတ်ပြီးတဲ့နောက် မစ္စတာထရမ့်က မဲဆွယ်စည်းရုံးရေး ရံပုံငွေရှာရာမှာ လစ်ဘရယ်တရားသူကြီးက မိမိကိုနှုတ်ပိတ်လိုက်ပြီလို့ မစ္စတာ ထရမ့်က အီးမေးတွေပို့ပြီး ရံပုံငွေ ရှာပါတယ်။ မစ္စတာထရမ့်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် အမှတ်၁ အခွင့်အရေးတွေကိုလေးစားပေမဲ့ တားမြစ်ထားတာကို မစ္စတာထရမ့်က ဆက်လက်ချိုးဖောက်မယ်ဆိုရင် မစ္စတာထရမ့်ကိုထောင်ချဖို့ တုံ့ဆိုင်းလိမ့်မယ်မဟုတ်ကြောင်း တရားရုံးအမိန့်မှာ တရားသူကြီးကဆိုထားပါတယ်။

တရားရုံးအမိန့်ဖီဆန်မှုနဲ့ သမ္မတဟောင်း Trump ဒဏ်ငွေချမှတ်ခံရ
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG