သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို စွဲချက်တင်ထားတဲ့ နှုတ်ပိတ်ခ ပေးတဲ့ အမှု ဆက်လက်ကြားနာမည်


ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃
ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃

လိင်ဖျော်ဖြေရေး အပြာကားတွေ ရိုက်ကူးတဲ့ မင်းသမီး တဦးကို ၂၀၁၆ ခုနှစ်က နှုတ်ပိတ်ခ ငွေပေးခဲ့တယ်ဆိုပြီး သမ္မတဟောင်း Donald Trump အပေါ် နယူးယောက် တရားရုံးမှာ စွဲဆိုထားတဲ့ အမှုအတွက် အရေးကြီးတဲ့ ကြားနားစစ်ဆေးမှုတွေ ဒီ သတင်းပတ်အတွင်း စတင်ဖို့ ရှိနေပါတယ်။

သမ္မတဟောင်း Trump ကို ဘယ်အချိန်မှာ ရုံးတင် စစ်ဆေးမလဲဆိုတာ တရားသူကြီးတဦးက ဒီနေ့ တနင်္လာနေ့ စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်။ စီးပွားရေး လုပ်ငန်းတွေမှာ လိမ်ညာလှည့်ဖျားခဲ့တာတွေ မရှိဘူးဆိုပြီး သူ့မှာ အပြစ်မရှိကြောင်း Donald Trump က ငြင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ သူ့ရဲ့ မဲဆွယ်မှုတွေအပေါ် မထိခိုက်အောင် ကာကွယ်တဲ့အနေနဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားရိုက်တဲ့ အမျိုးသမီနဲ့ ငြိစွန်းခဲ့တဲ့ အကြောင်းတွေကို ဖုံးကွယ်ဖို့ ငွေပေး ကြိုးစားခဲ့တယ်ဆိုပြီး အစိုးရရှေ့နေတွေက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ တနင်္လာနေ့မှာ ဂျုရီအဖွဲ့ စတင်ကြားနာဖို့ စီစဉ်ထားခဲ့ပေမဲ့ အရင်က စုံစမ်းစစ်ဆေးမှုကနေ ထောင်နဲ့ချီတဲ့ မှတ်တမ်း စာရွက်စာတမ်းတွေ မကြာခင်က ထပ်ပို့ခဲ့တာကြောင့် နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ Trump ရဲ့ ရှေ့နေတွေကတော့ အမှုကို ပလပ်တာ၊ ဒါမှမဟုတ် အနည်းဆုံး သုံးလ ဆိုင်းထားတာမျိုး လိုလားနေပါတယ်။ ဒါပေမဲ့လည်း အစိုးရရှေ့နေတွေကတော့ အမှုကို ထပ်ပြီး ဆိုင်းထားဖို့ ခိုင်လုံတဲ့ အကြောင်း မရှိသလောက်ပဲလို့ ‌ပြောဆိုနေပါတယ်။

Trump ကို စွဲချက်တင်ထားတဲ့ နှုတ်ပိတ်ခ ပေးတဲ့ အမှု ဆက်လက်ကြားနာမည်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG