သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးအမိန့်ချ


ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃
ဖလော်ရီဒါပြည်နယ်၊မိုင်ယာမီကဖယ်ဒရယ်တရားရုံးမှာ သမ္မတဟောင်း Donald Trump လာရောက်ထွက်ဆိုတဲ့ ခဲပုံကြမ်း၊ ဂျွန် ၁၃၊ ၂၀၂၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အိမ်ခြံမြေလုပ်ငန်းစု စီးပွားရေး အင်ပါယာကြီးကို တည်ဆောက်နေချိန်တုန်းမှာ နှစ်ပေါင်းများစွာ လိမ်လည်မှုကျူးလွန်ခဲ့ကြောင်း နယူးယောက်တရားသူကြီး Arthur Engoron (အာသာ အင်ဂိုရွန်) က စီရင်ချက် ချလိုက်ပါတယ်။

နယူးယောက်ရှေ့နေချုပ် Letitia James (လက်တီးရှား ဂျိမ်းစ်) က ထရမ့်အပေါ် တရားမမှုအဖြစ် တရားစွဲဆိုခဲ့တဲ့ဒီအမှုကို စီရင်ချက်ချရာမှာ ထရမ့်နဲ့သူပိုင်တဲ့ လုပ်ငန်းစုဟာ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေနဲ့ တခြားသူတွေအပေါ် လိမ်လည် လှည့်ဖြားခဲ့တယ်လို့ ဆိုပါတယ်။ ငွေကြေးအထောက်အပံ့ရယူဖို့နဲ့ လုပ်ငန်းညှိနှိုင်းရာမှာ အောင်မြင်နိုင်ဖို့အတွက် ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးနဲ့ အသားတင်ကြွယ်ဝ ချမ်းသာမှုတွေကို စာရွက်စာတမ်းတွေပေါ်မှာ အဆမတန် ချဲ့ကားပြီး ပိုပိုသာသာ ပြသခဲ့တာကို စစ်ဆေးတွေ့ရှိရကြောင်း ပြောပါတယ်။

ဒီစီရင်ချက်က အစိုးရရှေ့နေဘက်ကစွဲဆိုခဲ့တဲ့အဓိကအချက်အတွက် စီရင်ချက် ဖြစ်ပြီး နောက်ထပ် အချက် (၆) ခု စီရင်ချက် ချဖို့ကျန်ပါသေးတယ်။ တရားသူကြီး အင်ဂိုရွန်က ကျန်ရှိနေတဲ့ ဒီစွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်တွေမဆုံးဖြတ်မီ ဂျူရီလူကြီး မပါတဲ့ ရုံးချိန်းကို အောက်တိုဘာလ ၂ ရက်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ဒီရုံးချိန်းက ဒီဇင်ဘာလအထိ ကြာမြင့်နိုင်ကြောင်း တရားသူကြီးက ပြောပါတယ်။

နယူးယောက် ရှေ့နေချုပ်ကတော့ ထရမ့် အပေါ် ဒဏ်ငွေဒေါ်လာ သန်း ၂၅၀ နဲ့ သူ့ရဲ့ မွေးရပ်ပြည်နယ် နယူးယောက်မှာ စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။ စီရင်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် ချက်ချင်းမတုံ့ပြန်ပါဘူး။ Trump ကတော့ သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြောထားပါတယ်။

Trump ငွေကြေးလိမ်လည်မှုကျူးလွန်ခဲ့ကြောင်း တရားရုံးအမိန့်ချ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG