သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ် ပြန်ပြင်ဖို့အားထုတ်မှုအပြစ်မရှိကြောင်း Donald Trump ထွက်ဆို


သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အတ္တလန္တာလေဆိပ်မှာ သတင်းထောက်တွေနဲ့စကားပြောနေစဥ်။ (သြဂုတ် ၂၄၊ ၂၀၂၃)
သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အတ္တလန္တာလေဆိပ်မှာ သတင်းထောက်တွေနဲ့စကားပြောနေစဥ်။ (သြဂုတ် ၂၄၊ ၂၀၂၃)

အမေရိကန်သမ္မတဟောင်း Donald Trump က ဂျော်ဂျီယာပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကိုချေဖျက်ဖို့ ကြံစည်ခဲ့မှုစွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ကြာသပတေးနေ့က ထွက်ဆိုလိုက်ပါတယ်။ နောက်အပတ်မှာ ရင်ဆိုင်ရမယ့်အမှုကိုလည်း ဂျော်ဂျီယာပြည်နယ်ဥပဒေက ခွင့်ပြုထားတဲ့အတိုင်း လူကိုယ်တိုင်လာရောက်မှာမဟုတ်ကြောင်း တရားရုံးကို သူ့ရှေ့နေက လျှောက်ထားခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲကိုနှောင့်ယှက်စွက်ဖက်မှုအတွက် တရားစွဲဆိုခံထားရတဲ့ တရားခံ ၁၉ ဦးထဲကတဦးဖြစ်တဲ့ Trump ဟာ လာမယ့်ရက်တွေအတွင်း မူလကြားနာမယ့် အတ္တလန်တာကောင်တီ ခရိုင်တရားသူကြီး Scott McAfee ရှေ့မှောက်မှာ ကနဦးရုံးချိန်းကို လူကိုယ်တိုင်မလာမယ့်သဘောပါ။ ဒီအမှုကို စတင် စစ်ဆေးမယ့်ရက်ကို မသတ်မှတ်ရသေးပေမဲ့ အခုလပိုင်းအတွင်း စစ်ဆေးဖို့ရှိနေတာပါ။

Trump လိုပဲ တခြားစွပ်စွဲခံထားရတဲ့တရားခံတွေက အပြစ်မရှိကြောင်းထွက်ဆိုခဲ့ကြပြီး တရားရုံးမစတင်မီ ကနဦးစစ်ဆေးတာတွေမလုပ်တော့ဖို့ သဘောတူထားကြပါတယ်။

ဂျော်ဂျီယာမှာ ထရမ့်ရင်ဆိုင်နေရတဲ့အမှုက၂၀၂၁ ဇန်နဝါရီလထဲမှာ ပြည်နယ် ရွေးကောက်ပွဲအရာရှိတွေဆီ ထရမ့်ကဖုန်းခေါ် ပြီး ပြိုင်ဘက် ဒီမိုကရက်တစ် Joe Biden ထက် မဲအသာရဖို့ သူ့အတွက် ၁၁,၇၈၀ မဲကို "ရှာ" ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ပါ။ ဒါ့အပြင် ဂျော်ဂျီယာမှာ ပြည်နယ်ကိုယ်စားပြု ကိုယ်စားလှယ်မဲ သမ္မတရွေးချယ်ပိုင်ခွင့်ရှိသူ (၁၆) ဦးကို ဖန်တီးရယူဖို့ ကြံစည်မှုနဲ့ပါ တရားစွဲခံနေရတာဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲစနစ်က သမ္မတရာထူးကို နိုင်ငံလုံးဆိုင်ရာ လူထုဆန္ဒမဲနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ Electoral College လို့ခေါ်တဲ့ သမ္မတကိုရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်မဲနဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG