သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် အင်္ဂါနေ့ တရားရုံးတင်မှု အခြေအနေ


Trump Indicted
Trump Indicted


{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ၊ သမ္မတဟောင်း ထရမ့်ဟာ နယူးယောက်မြို့က အာဏာပိုင်တွေဆီမှာ လာရောက်အဖမ်းခံပြီး ရာဇဝင်မှာ စာမျက်နှာအသစ်တင်လိုက်ပါတယ်။ ရာဇဝတ်ကြောင်းအရတရားစွဲဆိုခံရတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတအဖြစ် စာတင်လိုက်တာပါ။ အင်္ဂါနေ့က နယူးယောက်တရားရုံးမှာ ရုံးတင်ပုံအခြေအနေတွေကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

အမေရိကန်သမ္မတဟောင်းထရမ့်ကို နယူးယောက်မြို့တရားရုံးက လုပ်ငန်းဆိုင်ရာလိမ်လည်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ လုပ်ငန်းဆိုင်ရာမှတ်တမ်းတွေမှာ လွဲမှားပြတဲ့အမှုနဲ့ စွဲချက်တင်တာဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် လုပ်ငန်းမှတ်တမ်းဥပဒေအပေါ်မှာအခြေခံပြီး စွဲဆိုတာဖြစ်တယ်လို့ မန်ဟန်တန် ခရိုင်အစိုးရရှေ့နေ မစ္စတာ Alvin Bragg က ဒီကနေ့ အင်္ဂါနေ့ နယူးယောက်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။

အပြာရုပ်ရှင်မင်းသမီး Stormy Daniels ကို ထရမ့်ရဲ့ အဲဒီတုန်းကရှေ့နေ Michael Dean Cohen က နှုတ်ပိတ်ခ ငွေပေးခဲ့တာဖြစ်ပြီး ရှေ့နေကို ထရမ့်ရဲ့လုပ်ငန်းအဖွဲ့အစည်းက ငွေချေရာမှာ အလီလီ အကြိမ် ၃၀ လောက် ခွဲချေခဲ့တဲ့အတွက် အဲဒီ တကြိမ်ပေးတိုင်းဟာ စွဲချက်တခု မြောက်နိုင်တယ်လို့ယူဆပြီး စွဲဆိုနိုင်တဲ့ဖြစ်ရပ်ပေါင်း ၃၀ ဝန်းကျင်ရှိနိုင်တယ်လို့ မီဒီယာတွေက ပြောခဲ့ကြသလိုပဲ အမှုပေါင်း ၃၄ မှုနဲ့ စွဲဆိုလိုက်တာဖြစ်ပါတယ်။ ထရမ့ကတော့ မင်းသမီး Stormy Daniels နဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးဖြစ်ခဲ့တယ်ဆိုတာကို ငြင်းဆိုခဲ့သလို လုပ်ငန်းကရှေ့နေကို အဲဒီလို ငွေပေးတာကိုလည်း သူမသိဘူးလို့လည်း ပြောခဲ့တာပါ။ ဒါပေမဲ့ မစ္စတာထရမ့်နဲ့ သူ့ရှေ့နေ မစ္စတာကိုဟင်န်တို့ဟာ မင်းသမီး Stormy Daniels နဲ့ ရယူမယ့်သဘောတူညီချက်ကို အမေရိကန်သမ္မတအိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့လည်း သူရရှိထားတဲ့အထောက်အထားတွေအရ မစ္စတာ Bragg က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မစ္စတာထရမ့် က ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရီပါဘလီကန်သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စည်းရုံးနေတဲ့ နောက်ဆုံးရက်သတ္တပတ်တွေအတွင်းမှာ ခုအမှုက စခဲ့တာလို့ ပြောရမှာပါ။ အပြာရုပ်ရှင်မင်းသမီး Stormy Daniels က သူ့ကိုယ်စားလှယ်တွေကတဆင့် သူနဲ့ထရမ့် တွေ့ဆုံခဲ့ပုံကို မီဒီယာတွေကိုရောင်းဖို့ကြိုးစားရာက ထရမ့် ရဲ့မိတ်ဆွေ The National Enquirer စာစောင်ရဲ့ထုတ်ဝေသူနဲ့ အဆက်အသွယ်ရသွားတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုပါတယ်။

ထရမ့်ရဲ့ရှေ့နေ မစ္စတာ မိုက်ကယ် ကိုဟင်န်နဲ့ မင်းသမီးတို့ကို ချိတ်ပေးခဲ့တာလည်း The National Enquirer ရဲ့ ထိပ်ပိုင်းအယ်ဒီတာတယောက်ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်း က ပြောပါတယ်။ ထရမ့်ရဲ့ရှေ့နေ Michael Dean Cohen ကို နယူးယောက်တရားရုံးက ပြစ်ဒဏ်ချခဲ့ရာမှာ ထောင်တွင်း ၁၃ လခွဲ နေခဲ့ရပြီး နေအိမ်အကျယ်ချုပ် ၁၈ လ ကျခဲ့ပါတယ်။ သူဟာ ထရမ့်ရဲ့ ညွှန်ကြားချက်အရလုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတာကို သူ လွတ်လာတဲ့နေ့ ၂၀၂၁ နိုဝင်ဘာမှာ ခုလို ပြောခဲ့ပါသေးတယ်။

“ပထမ ကျနော်တို့ မကြာခဏကြားနေရတဲ့စကားကို ပြောချင်ပါတယ်။ ‘ကျနော်တို့ တိုင်းပြည်ဟာ တရားမျှတမှုကင်းမဲ့နေတဲ့ ဥပဒေတွေနဲ့ တိုင်းပြည်ဖြစ်တယ်။’ ဒီကနေ့ ကျနော့်ကို လွှတ်လိုက်တာဟာ ဒေါ်နယ်ထရမ့် ရဲ့ အကျိုးစီးပွါးနဲ့ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တဲ့လုပ်ရပ်တွေကို ပေးဆပ်လိုက်တာပဲ ဖြစ်ပါတယ်။”

တရားမျှတမှုဆိုတာ အပြစ်ရှိတဲ့သူ ပြစ်ဒဏ်ခံရခြင်းပါ။ ထရမ့်အတွက်လုပ်ပေးခဲ့လို့ ပြစ်ဒဏ် ကျခံခဲ့ရတာကြောင့် သူ့အပြစ်လုပ်ရပ်တွေကို သူ ပြန်ပေးဆပ်ပြီးပါပြီလို့ ပြောသွားတာပါ။ အမေရိကန်ဟာ သူ ပြောတဲ့အဆိုထဲမှာပါသလိုမဟုတ်ဘဲ တရားတဲ့တိုင်းပြည် ဖြစ်ပါတယ်လို့ ဆိုချင်တဲ့ သဘောပါ။

သုံးသပ်သူတချို့က ဒီ အမှုမှာ အစိုးရရှေ့နေဟာ ထရမ့်ရဲ့ရှေ့နေ မိုက်ကယ် ကိုဟင်န် အပေါ်မှာ အဓိကအားထားရယ်လို့ သုံးသပ်ကြတာကို သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့အခါမှာတော့ ဒီအမှုကိုစွဲဆိုရာမှာ မစ္စတာထရမ့်ရဲ့ ယခင်ရှေ့နေ မိုက်ကယ် ကိုဟင်န်ရဲ့ ထွက်ဆိုချက်တခုတည်းအပေါ်မှာ အခြေခံထားတာ မဟုတ်ဘဲ စာရွက်စာတမ်းများ၊ အီးမေးနဲ့ ဖုန်းသတင်းစကား အထောက်အထားအများကြီးပေါ် အခြေခံစွဲဆိုခဲ့တာဖြစ်တယ်လို့လည်း မစ္စတာ Bragg က ပြောသွားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=================










XS
SM
MD
LG