သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းဒေါ်နယ်ထရမ့် အပြစ်မရှိကြောင်း တရားရုံးမှာလျှောက်လဲ


အမှုပေါင်း ၃၄ မှုအတွက် တရားစွဲထားတဲ့ နယူးယောက်ပြန်နယ်တရားရုံးမှာ ရှေ့နေတွေနဲ့အတူ လာရောက်အမှုရင်ဆိုင်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဧပြီ ၄၊ ၂၀၂၃)
အမှုပေါင်း ၃၄ မှုအတွက် တရားစွဲထားတဲ့ နယူးယောက်ပြန်နယ်တရားရုံးမှာ ရှေ့နေတွေနဲ့အတူ လာရောက်အမှုရင်ဆိုင်နေတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် (ဧပြီ ၄၊ ၂၀၂၃)

{{Zawgyi/Unicode}}

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်တရားရုံးက စွဲဆိုထားတဲ့ ပြစ်မှု ၃၄ ခုမှာ အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း Donald Trump က ဧပြီလ ၄ ရက်၊ အင်္ဂါနေ့မှာ လာရောက်ထွက်ဆိုသွားပါတယ်။

"Donald Trump က ဘာကြောင့်ခုလို ထပ်ခါတလဲလဲ မဟုတ်မမှန်ပြောနေရတာလဲ? ၂၀၁၆ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီးတော့လည်း သူ့မှာ ပြစ်မှုကျူးလွန်ထားတာတွေရှိနေတယ်ဆိုတာ အထောက်အထားတွေက သက်သေပြသပါလိမ့်မယ်” လို့ မက်ဟက်တန် ခရိုင်ရှေ့နေ Alvin Bragg က နယူးယောက်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

၂၀၁၆ ခုနှစ်တုန်းက လိင်ဖျော်ဖြေရေးသရုပ်ဆာင်တယောက်ကို လက်သိပ် ထိုးငွေပေးခဲ့တဲ့အမှုနဲ့ရော စီးပွါးရေးဆိုင်ရာမှတ်တမ်းတွေ လွဲမှားပြမှု စွဲချက်တွေနဲ့ပါ Donald Trump စွဲချက်တင်ခံရတာဖြစ်ပြီး သမိုင်းမှာ ရာဇဝတ်မှုနဲ့ တရားစွဲခံရတဲ့ ပထမဆုံး အမေရိကန်သမ္မတဟောင်းတဦးလည်းဖြစ်ပါတယ်။ စွဲဆိုခံထားရတဲ့ ပြစ်မှုတွေကို နယူးယောက်ပြည်နယ် အဆင့်မြင့်တရားရုံး ဥပဒေပညာရှင်က ဖော်ပြလိုက်ပြီးတဲ့နောက် မစ္စတာ Trump က သူ့မှာအပြစ်မရှိကြောင့် တရားသူကြီး Juan Merchan ရှေ့မှောက်မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

တရားရုံးကြားနာမှုကို သတင်းမီဒီယာတွေ တိုက်ရိုက်ထုတ်လွှင့်ခွင့်လည်း မရပါဘူး။ ဒါပေမဲ့လည်း ကြားနာမှုမစတင်ခင် ဓာတ်ပုံဆရာတချို့ကိုတော့ တရားရုံးက ဓာတ်ပုံရိုက်ခွင့်ပြုခဲ့ပါတယ်။ သမ္မတဟောင်း Trump ကိုတော့ သူ့ဘက်ကခုခံခြေပမယ့် ရှေ့နေ ၂ ဦးကြားမှာ တည်တည်ငြိမ်ငြိမ်ထိုင်နေတာကို ဓာတ်ပုံတခုမှာ တွေ့ရပါတယ်။ Trump နဲ့အတူ သူ့ရဲ့ရှေ့နေတွေဖြစ်တဲ့ Todd Blanche, Susan Necheles နဲ့ Joe Tacopina တို့ရဲ့နောက်မှာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေကို နေရာချထားတာပါ။

သမ္မတဟောင်း Trump ဟာ ရာဇဝတ်ကြောင်းအရ စွဲဆိုခံရတဲ့လူတွေလိုက်နာရတဲ့ လက်ဗွေနှိပ်တာ၊ ဓာတ်ပုံရိုက်တာ စတဲ့ တရားရုံးလုပ်ငန်းတွေကို လုပ်ကိုင် သွားရပြီး တရားရုံးမှာ အချိန် ၄၅ မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။ တရားရုံးကိစ္စအပြီးမှာပဲ Trump က သူ့ကိုယ်ပိုင်လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို ပြန်သွားခဲ့ပါတယ်။

အင်္ဂါနေ့ တရားရုံးမှာ တရားဝင်စွဲချင်တင်ပြီးရင် ညနေ ဖလော်ရီဒါပြည်နယ် Mar-a-Lago နေအိမ်မှာ ဒေါ်နယ်ထရမ့်ပ်မိန့်ခွန်းပြောကြားမယ့်အကြောင်း သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}








XS
SM
MD
LG